အိုဒွိုင်းကို ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားလာတဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို ဒီနွေရာသီမှာ ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ၂၀၁၉ ဇန်နဝါရီတုန်းက ခေါ်ယူလိုပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း တစ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် အိုဒွိုင်းက သူ့အနာဂတ်ဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာပဲ ဆက်ရှိနေတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမားအတွက် နောက်ထပ် ကမ်းလှမ်းမှု တစ်ကြိမ်ကို ဒီနွေရာသီမှာ ထပ်မံ ပြုလုပ်သွားမယ်လို့ စကိုင်းစပေါ့ဂျာမနီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ လက်ရှိချန်ပီယံလိဂ် ချန်ပီယံအသင်းဟာ အိုဒွိုင်းရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းထံ တရားဝင် မကမ်းလှမ်းရသေးပေမယ့် ကနဦး အငှားနဲ့ ခေါ်ယူပြီး နောက်မှ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ အိုဒွိုင်းကို ဂျူဗင်တပ်စ် နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း စောင့်ကြည့်နေတယ်လို့ သတင်းများအရထွက်ပေါ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းဆီကို တီမိုဝါနာကို ပေါင် ၅၃ သန်း၊ ကိုင်ဟာဗက်ဇ်ကို ပေါင် ၈၉ သန်း၊ နဲ့ ဇီယက်ကို ပေါင် ၃၈ သန်းပေးပြီးခေါ်ယူထားလို့ အိုဒွိုင်းကို ပွဲကစားချိန်ပိုရရန် ထွက်ခွာခွင့်ပေးမလားလို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေရာသီအစောပိုင်းကတည်းက မန်စီးတီးက ဆာနေးကို ခေါ်ယူထားတာဖြစ်လို့ တောင်ပံကစားသမားတစ်ယောက်ကို ထပ်ပြီးခေါ်ယူလိုနေတာကလည်း စဉ်းစားဖွယ်ရှိနေပါတယ်။

အသင်းဟာ ပါရီဆစ်ကို ဆက်ရှိနေစေချင်ပေမယ့် ကစားသမားက အင်တာမီလန်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ တနလာၤနေ့က ချဲလ်ဆီးအသင်း ဘရိုက်တန်ကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အိုဒွိုင်းဟာ လူစား (၁၀) မိနစ် ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။ သို့သော်လည်း သူဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၅) ပွဲကစားခွင့်ရခဲ့ပေမယ့် (၄) ဂိုးသွင်းပြီး (၇) ဂိုးသာ ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အိုဒြိဳင္းကို ေခၚယူရန္ ျပန္လည္စိတ္၀င္စားလာတဲ့ ဘိုင္ယန္ျမဴးနစ္အသင္း

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ဲလ္ဆီးေတာင္ပံကစားသမား အိုဒြိဳင္းကို ဒီေႏြရာသီမွာ ေခၚယူ၇န္ ျပန္လည္စိတ္၀င္စားလာျပီလို႔ သိရပါတယ္။ ဂ်ာမန္ဘြန္ဒက္စ္လီဂါအသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားကို ၂၀၁၉ ဇန္န၀ါရီတုနး္က ေခၚယူလိုျပီး ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းက ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီကလည္း တစ္ၾကိမ္ကမ္းလွမ္းခဲ့ေပမယ့္ အိုဒြိဳင္းက သူ႔အနာဂတ္ဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာပဲ ဆက္ရွိေနတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။

သို႔ေသာ္လည္း ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေတာင္ပံကစားသမားအတြက္ ေနာက္ထပ္ ကမ္းလွမ္းမႈ တစ္ၾကိမ္ကို ဒီေႏြရာသီမွာ ထပ္မံ ျပဳလုပ္သြားမယ္လို႔ စကိုင္းစေပါ့ဂ်ာမနီက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံလိဂ္ ခ်န္ပီယံအသင္းဟာ အိုဒြိဳင္းရဲ႕ ကိုယ္စားလွယ္နဲ႔ ေတြ႕ဆံုခဲ့တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းထံ တရား၀င္ မကမ္းလွမ္းရေသးေပမယ့္ ကနဦး အငွားနဲ႔ ေခၚယူျပီး  ေနာက္မွ ၀ယ္ယူသြားမွာ ျဖစ္ပါတယ္။ အိုဒြိဳင္းကို ဂ်ဴဗင္တပ္စ္ နဲ႔ လိုက္ပ္ဇစ္အသင္းတို႔ကလည္း ေစာင့္ၾကည့္ေနတယ္လို႔ သတင္းမ်ားအရထြက္ေပၚလာခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းဆီကို တီမို၀ါနာကို ေပါင္ ၅၃ သန္း၊ ကိုင္ဟာဗက္ဇ္ကို ေပါင္ ၈၉ သန္း၊ နဲ႔ ဇီယက္ကို ေပါင္ ၃၈ သန္းေပးျပီးေခၚယူထားလို႔ အိုဒြိဳင္းကို ပြဲကစားခ်ိန္ပိုရရန္ ထြက္ခြာခြင့္ေပးမလားလို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒီေႏြရာသီအေစာပိုင္းကတည္းက မန္စီးတီးက ဆာေနးကို ေခၚယူထားတာျဖစ္လို႔ ေတာင္ပံကစားသမားတစ္ေယာက္ကို ထပ္ျပီးေခၚယူလိုေနတာကလည္း စဥ္းစားဖြယ္ရွိေနပါတယ္။

အသင္းဟာ ပါရီဆစ္ကို ဆက္ရွိေနေစခ်င္ေပမယ့္ ကစားသမားက အင္တာမီလန္ကို ျပန္သြားခဲ့တာျဖစ္ပါတယ္။  တနလာၤေန႔က ခ်ဲလ္ဆီးအသင္း ဘရိုက္တန္ကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အိုဒြိဳင္းဟာ လူစား (၁၀) မိနစ္ ၀င္ေရာက္ကစားခြင့္ရခဲ့ပါတယ္။ သို႔ေသာ္လည္း သူဟာ ျပီးခဲ့တဲ့ရာသီက ျပိဳင္ပြဲစံု (၃၅) ပြဲကစားခြင့္ရခဲ့ေပမယ့္ (၄) ဂိုးသြင္းျပီး (၇) ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။