ဗလင်စီယာကွင်းလယ်လူ ရာဆစ်ကို ခေါ်ယူရန် စောင့်ကြည့်နေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဗလင်စီယာကြယ်ပွင့် ရာဆစ်ကို ခေါ်ယူရန် စောင့်ကြည့်နေပေမယ့် ကမ်းလှမ်းမှု မလုပ်သေးဘူးလို့ စပိန်က သတင်းများအရ သိရပါတယ်။ The Sun သတင်းဌာနကအဆိုအရ ယူနိုက်တက်အသင်းဟာ ဆားဘီးယားကစားသမားကို ပေါင် ၂၈ သန်းနဲ့ ခေါ်ယူရန် ရည်ရွယ်နေတာဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးထိခိုက်ဆုံးမှုတွေ များနေလို့ အသင်းက ကစားသမားတော်တော်များများကို ရောင်းချချင်ထားပါတယ်။

သို့သော်လည်း ဗလင်စီယာ အခြေစိုက် သတင်းထောက် ဟက်တာဂိုးမက်ဇ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ရာဆစ်ကို အမှန်တစ်ကယ် စိတ်ဝင်စားနေပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၂ သန်းရှိတဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ဘယ်ကမ်းလှမ်းမျိုးကိုမဆို ပယ်ချသွားမယ်လို့ သိရပါတယ်။

“ရာဆစ်ရဲ့ အသင်းက ယူနိုက်တက်က ကစားသမားကို စိတ်ဝင်စားတယ်ဆိုတာ အတည်ပြုခဲ့ပေမယ့် ယူရိုသန်း ၃၀ နဲ့ တော့ ကမ်းလှမ်းလို့ ရမှာ မဟုတ်ပါဘူး။ နောက်ဆံုံးကမ်းလှမ်းချက်က ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ” လို့ ဂိုးမက်ဇ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကွင်းလယ်မှာသာမက ခံစစ်မှာလည်း အင်အားအပြည့်နဲ့ ကစားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဆားဘီးယားကြယ်ပွင့်ဟာ ဗလင်စီယာအသင်းအတွက် ပထမဆုံး စီနီယာ ကစားသမားပွဲကို တနင်္ဂနွေနေ့က လီဗန်တေးအသင်းကို (၄-၂) နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ အရန်ခုံကနေ ထပြီးကစားခဲ့ပေးခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်က ဘဲလ်ဂရိတ်အသင်းကနေ ဗလင်စီယာအသင်းကို ပြောင်းရွှေ့လာခဲ့ပေမယ့် အထိုင်ကျရန် ရုန်းကန်ခဲ့ရပါတယ်။

ဗလင္စီယာကြင္းလယ္လူ ရာဆစ္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဗလင္စီယာၾကယ္ပြင့္ ရာဆစ္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနေပမယ့္ ကမ္းလွမ္းမႈ မလုပ္ေသးဘူးလို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ The Sun သတင္းဌာနကအဆိုအရ ယူႏုိက္တက္အသင္းဟာ ဆားဘီးယားကစားသမားကို ေပါင္ ၂၈ သန္းနဲ႔ ေခၚယူရန္ ရည္ရြယ္ေနတာျဖစ္ပါတယ္။ ဗလင္စီယာအသင္းဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးထိခိုက္ဆံုးမႈေတြ မ်ားေနလို႔ အသင္းက ကစားသမားေတာ္ေတာ္မ်ားမ်ားကို ေရာင္းခ်ခ်င္ထားပါတယ္။

သို႔ေသာ္လည္း ဗလင္စီယာ အေျခစိုက္ သတင္းေထာက္ ဟက္တာဂိုးမက္ဇ္ရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ ရာဆစ္ကို အမွန္တစ္ကယ္ စိတ္၀င္စားေနေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၉၂ သန္းရွိတဲ့ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားအတြက္ ဘယ္ကမ္းလွမ္းမ်ိဳးကိုမဆို ပယ္ခ်သြားမယ္လို႔ သိရပါတယ္။

“ရာဆစ္ရဲ႕ အသင္းက ယူႏိုက္တက္က ကစားသမားကို စိတ္၀င္စားတယ္ဆိုတာ အတည္ျပဳခဲ့ေပမယ့္ ယူရိုသန္း ၃၀ နဲ႔ ေတာ့ ကမ္းလွမ္းလို႔ ရမွာ မဟုတ္ပါဘူး။ ေနာက္ဆံံုးကမ္းလွမ္းခ်က္က ဘာျဖစ္မလဲဆိုတာကို စိတ္၀င္တစား ေစာင့္ၾကည့္ရမွာပါ” လို႔ ဂိုးမက္ဇ္က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ကြင္းလယ္မွာသာမက ခံစစ္မွာလည္း အင္အားအျပည့္နဲ႔ ကစားႏိုင္စြမ္းရိွတယ္လို႔ သိရပါတယ္။ ဆားဘီးယားၾကယ္ပြင့္ဟာ ဗလင္စီယာအသင္းအတြက္ ပထမဆံုး စီနီယာ ကစားသမားပြဲကို တနဂၤေႏြေန႔က လီဗန္ေတးအသင္းကို (၄-၂) နဲ႔ အႏိုင္ရခဲ့တဲ့ လာလီဂါပြဲမွာ အရန္ခံုကေန ထျပီးကစားခဲ့ေပးခဲ့သူျဖစ္ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္က ဘဲလ္ဂရိတ္အသင္းကေန ဗလင္စီယာအသင္းကို ေျပာင္းေရႊ႕လာခဲ့ေပမယ့္ အထိုင္က်ရန္ ရုန္းကန္ခဲ့ရပါတယ္။