ဘရိုက်တန်နဲ့ ပွဲမှာ ကစားဖို့ အခွင့်အရေးရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တဲ့ လော့ဖ်တပ်ချိခ် ကို ချဲလ်ဆီးအသင်း မကြာခင်မှာပဲ ရောင်းချမယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

ဘောလုံးပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ် နဲ့ ကာရေဂါက ချဲလ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်ဟာ စတန်းဖိုဒ့်မှာ ကစားဖို့ အခွင့်အရေး အကြိမ်ကြိမ် ကျရှုံးအောင် လုပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဒဏ်ရာ ပြဿနာအများအပြားရခဲ့ပြီး ၂၀၁၉ ဇွန်လကမှ အငှားကစားရာကနေ ပြန်လာခဲ့သူလည်း ဖြစ်ပါတယ်။

လော့ဖ်တပ်ချိခ်ကို နည်းပြလမ်းပတ်က တနလာၤနေ့က ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲမှာလည်း ပွဲထွက်လူစာရင်းမှာ ထည့်သွင်းကစားခဲ့ပေမယ့် ပွဲချိန် (၆၁) မိနစ်မှာ လူစားလဲခဲ့ပါတယ်။နောက်ခံလူဟောင်းတွေဖြစ်ကြတဲ့ ဂယ်ရီနဗီးလ် နဲ့ ကာရေဂါကတော့ ချဲလ်ဆီးအသင်းက သူ့ကို ရောင်းချရန် ဆုံးဖြတ်ထားပါကလည်း သူ့ဘက်က ဘာမှ ပြန်ပြောသွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“လော့ဖ်တပ်ချိခ်ကို အခွင့်အရေးတွေ ပေးခဲ့ပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အရမ်းကို စိတ်ပျက်စရာကောင်းတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ လော့ဖ်တပ်ချိခ်ဘက်က ပြန်ပြီး အထွန့်တက်မယ်လို့လည်း မထင်ပါဘူး။ သူ့ကို အခွင့်အရေးတွေ အများကြီးပေးထားပြီးပါပြီ။ သူ့ရဲ့ အခွင့်အရေးကို အခုအချိန်အထိ မရယူနိုင်သေးပါဘူး။ သူ့ကို ပေါင် ၂၅ သန်းလောက်နဲ့ ရောင်းတော့မယ်လို့ ထင်ပါတယ်” လို့ ဂယ်ရီနဗီးလ်က စကိုင်းစပေါ့ကို ပြောသွားခဲ့ပါတယ်။

ဘရိုက္တန္နဲ႔ ပြဲမွာ ကစားဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ေလာ့ဖ္တပ္ခ်ိခ္ ကို ခ်ဲလ္ဆီးအသင္း မၾကာခင္မွာပဲ ေရာင္းခ်မယ္လို႔ ဆိုလုိက္တဲ့ ဂယ္ရီနဗီးလ္

ေဘာလံုးပညာရွင္အျဖစ္လုပ္ကိုင္ေနတဲ့ ဂယ္ရီနဗီးလ္ နဲ႔ ကာေရဂါက ခ်ဲလ္ဆီးကြင္းလယ္လူ ေလာ့ဖ္တပ္ခ်ိခ္ဟာ စတန္းဖိုဒ့္မွာ ကစားဖို႔ အခြင့္အေရး အၾကိမ္ၾကိမ္ က်ရႈံးေအာင္ လုပ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမားဟာ ဒဏ္ရာ ျပႆနာအမ်ားအျပားရခဲ့ျပီး ၂၀၁၉ ဇြန္လကမွ အငွားကစားရာကေန ျပန္လာခဲ့သူလည္း ျဖစ္ပါတယ္။

ေလာ့ဖ္တပ္ခ်ိခ္ကုိ နည္းျပလမ္းပတ္က တနလာၤေန႔က ကစားခဲ့တဲ့ ဘရိုက္တန္အသင္းနဲ႔ ပြဲမွာလည္း ပြဲထြက္လူစာရင္းမွာ ထည့္သြင္းကစားခဲ့ေပမယ့္ ပြဲခ်ိန္ (၆၁) မိနစ္မွာ လူစားလဲခဲ့ပါတယ္။ေနာက္ခံလူေဟာင္းေတြျဖစ္ၾကတဲ့ ဂယ္ရီနဗီးလ္ နဲ႔ ကာေရဂါကေတာ့ ခ်ဲလ္ဆီးအသင္းက သူ႔ကို ေရာင္းခ်ရန္ ဆံုးျဖတ္ထားပါကလည္း သူ႔ဘက္က ဘာမွ ျပန္ေျပာသြားမွာ မဟုတ္္ဘူးလို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

“ေလာ့ဖ္တပ္ခ်ိခ္ကို အခြင့္အေရးေတြ ေပးခဲ့ျပီးျပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူဟာ အရမး္ကို စိတ္ပ်က္စရာေကာင္းတယ္လို႔လည္း ကၽြန္ေတာ္ထင္ပါတယ္။ ေလာ့ဖ္တပ္ခ်ိခ္ဘက္က ျပန္ျပီး အထြန္႔တက္မယ္လို႔လည္း မထင္ပါဘူး။ သူ႔ကို အခြင့္အေရးေတြ အမ်ားၾကီးေပးထားျပီးပါျပီ။ သူ႔ရဲ႕ အခြင့္အေရးကို အခုအခ်ိန္အထိ မရယူႏိုင္ေသးပါဘူး။ သူ႔ကို ေပါင္ ၂၅ သန္းေလာက္နဲ႔ ေရာငး္ေတာ့မယ္လို႔ ထင္ပါတယ္” လို႔ ဂယ္ရီနဗီးလ္က စကိုင္းစေပါ့ကို ေျပာသြားခဲ့ပါတယ္။