ယူနိုက်တက်ပစ်မှတ်ထားခဲ့တဲ့ ဂျက်ဂရီလစ်ရှ် အက်စတွန်ဗီလာအသင်းနဲ့ (၅) နှစ်စာချုပ်သက်တမ်းတိုး

အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ဟာ အသင်းနဲ့ (၅) နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။ကွင်းလယ်ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းက ခေါ်ယူရန် ဆက်တိုက် ဆက်သွယ်မှုတွေ လုပ်ခဲ့ပါတယ်။ သို့သော်လည်း အခုအခါ သူဟာ အက်စတွန်ဗီလာအသင်းနဲ့ တစ်ပတ် ပေါင် ၁သိန်း ၄ သောင်း လစာနဲ့ (၅) နှစ်စာချုပ်ချုပ်လိုက်ပြီ ဖြစ်တယ်လို့ တွစ်တာမှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

“ဟေ့ သူငယ်ချင်းတို့ ကျွန်တော် အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သစ်ချုပ်လိုက်ပြီဆိုတာကို ဝမ်းသာစွာနဲ့ ပြောပါရစေ။ ဒီကလပ်ဟာ ကျွန်တော့်အသင်း ၊ ကျွန်တော့်အိမ်ပါ။ ဒီမှာ ရှိနေရတာ အရမ်းကို ပျော်ပါတယ်” လို့ ဂျက်ဂရီလစ်ရှ်က ပြောသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လက အသက် ၂၅ နှစ်အရွယ်ကစားသမားကို ခေါ်ယူရန် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူလိုပေမယ့် အက်စတွန်ဗီလာအသင်းက ပေါင်သန်း ၈၀ တောင်းခဲ့ပါတယ်။ သို့သော်လည်း ကွင်းလယ်လူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြီးခဲ့တဲ့အပတ်က ဒိန်းမတ်နဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အက်စတွန်ဗီလာနဲ့ လည်း အခု စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ ဂျက်ဂရီလစ်ရှ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၂၀၁၃-၁၄ ခုနှစ်ကတည်းက ပွဲထွက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၈၆ ပွဲကစားပြီး (၂၅) ဂိုးသွင်းပေးထားပါတယ်။

ယူႏုိက္တက္ပစ္မွတ္ထားခဲ့တဲ့ ဂ်က္ဂရီလစ္ရွ္ အက္စတြန္ဗီလာအသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္သက္တမ္းတိုး

အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ဟာ အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ျပီ ျဖစ္ပါတယ္။ကြင္းလယ္ကစားသမားကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္အသင္းက ေခၚယူရန္ ဆက္တိုက္ ဆက္သြယ္မႈေတြ  လုပ္ခဲ့ပါတယ္။ သို႔ေသာ္လညး္ အခုအခါ သူဟာ အက္စတြန္ဗီလာအသင္းနဲ႔ တစ္ပတ္ ေပါင္ ၁သိန္း ၄ ေသာင္း လစာနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္လိုက္ျပီ ျဖစ္တယ္လို႔ တြစ္တာမွာ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။

“ေဟ့ သူငယ္ခ်င္းတို႔ ကၽြန္ေတာ္ အက္စတြန္ဗီလာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္လိုက္ျပီဆိုတာကို ၀မ္းသာစြာနဲ႔ ေျပာပါရေစ။ ဒီကလပ္ဟာ ကၽြန္ေတာ့္အသင္း ၊ ကၽြန္ေတာ့္အိမ္ပါ။ ဒီမွာ ရွိေနရတာ အရမ္းကို ေပ်ာ္ပါတယ္” လို႔ ဂ်က္ဂရီလစ္ရွ္က ေျပာသြားခဲ့ပါတယ္။ယူႏိုက္တက္အသင္းဟာ ျပီးခဲ့တဲ့လက အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို ေခၚယူရန္ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူလိုေပမယ့္ အက္စတြန္ဗီလာအသင္းက ေပါင္သန္း ၈၀ ေတာင္းခဲ့ပါတယ္။ သို႔ေသာ္လည္း ကြင္းလယ္လူဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ျပီးခဲ့တဲ့အပတ္က ဒိန္းမတ္နဲ႔ ပြဲမွာ ပါ၀င္ကစားခဲ့ျပီး အက္စတြန္ဗီလာနဲ႔ လည္း အခု စာခ်ဳပ္သက္တမ္းတိုးလိုက္ျပီျဖစ္ပါတယ္။ ဂ်က္ဂရီလစ္ရွ္ဟာ အက္စတြန္ဗီလာအသင္းအတြက္ ၂၀၁၃-၁၄ ခုႏွစ္ကတည္းက ပြဲထြက္ကစားခဲ့ျပီး ျပိဳင္ပြဲစံု ၁၈၆ ပြဲကစားျပီး (၂၅) ဂိုးသြင္းေပးထားပါတယ္။