ဂန္တဝင်ကစားသမား အီယန်ရိုက်က အူဘာမီယန်ရဲ့ ဖခင်နဲ့ တွေ့ဆုံပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် တိုက်တွန်းခဲ့

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့ အသင်းခေါင်း ဆောင် အူဘာမီယန်ရဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အတွက် ဂန္တဝင်ကစားသမား အီယန်ရိုက်က အူဘာမီယန်ရဲ့ဖခင်အိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အူဘာမီယန်ဟာ ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။


SunSport ရဲ့ ဖော်ပြချက်အရတော့ အူဘာမီယန်ဟာ တစ်ပတ်လုပ်ခပေါင် နှစ်သိန်းခွဲအပါအဝင် အခြားအပိုဆုကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းခွဲနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၁၀ မှာ ၇၁ ဂိုးအထိသွင်းယူပေးခဲ့သူလည်း ဖြစ်ပါ တယ်။


အာဆင်နယ်က ဖူလ်ဟမ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ အီယန်ရိုက် က မနက်ဖြန်မှာ အူဘာမီယန်ရဲ့ဖခင်နဲ့ တွေ့ဆုံ ဖို့ ရှိတယ်ဆိုပြီး ပြောခဲ့ပြီးနောက် သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အူဘာမီယန်ရဲ့ဖခင်ကလည်း အီယန်ရိုက်နဲ့ တွေ့ဆုံပြီးနောက်မှာ အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးက လာရောက်လည်ပတ်ခဲ့တဲ့အတွက် သူကို ဂုဏ်တက်စေတယ် လို့ ရေးသားပြီး ဆိုရှယ်အကောင့်မှာ ပို့စ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်မှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဝီလီယံနဲ့ ဂါဘရီရယ်တို့ နှစ်ဦးကို ခေါ်ယူထားပြီး ဒီကစားသ မားနှစ်ယောက်စလုံးဟာ ဖူလ်ဟမ်ကို အနိုင်ရတဲ့ပွဲမှာ ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂါဘရီရယ်ကအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သလို ဝီလီယံကလည်း အာဆင်နယ်အသင်းရဲ့သွင်းဂိုး သုံးဂိုးစလုံးကို ဂိုးဖန်တီးမှုပြုလုပ် ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ဂႏၱဝင္ကစားသမား အီယန္ရိုက္က အူဘာမီယန္ရဲ႕ ဖခင္နဲ႔ ေတြ႕ဆံုၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ တိုက္တြန္းခဲ့
အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားၿပီျဖစ္ေပမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေႏွာင့္ေႏွးေနတဲ့ အသင္းေခါင္း ေဆာင္ အူဘာမီယန္ရဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အတြက္ ဂႏၱဝင္ကစားသမား အီယန္ရိုက္က အူဘာမီယန္ရဲ႕ဖခင္အိမ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီး တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ အူဘာမီယန္ဟာ ဖူလ္ဟမ္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။
SunSport ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အူဘာမီယန္ဟာ တစ္ပတ္လုပ္ခေပါင္ ႏွစ္သိန္းခြဲအပါအဝင္ အျခားအပိုဆုေၾကးေတြ အပါအဝင္ တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းခြဲနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရပါတယ္။ ဂါဘြန္ တိုက္စစ္မွဴး အူဘာမီယန္ဟာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစံု ပြဲေပါင္း ၁၁၀ မွာ ၇၁ ဂိုးအထိသြင္းယူေပးခဲ့သူလည္း ျဖစ္ပါ တယ္။
အာဆင္နယ္က ဖူလ္ဟမ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာ အီယန္ရိုက္ က မနက္ျဖန္မွာ အူဘာမီယန္ရဲ႕ဖခင္နဲ႔ ေတြ႕ဆံု ဖို႔ ရွိတယ္ဆိုၿပီး ေျပာခဲ့ၿပီးေနာက္ သြားေရာက္လည္ပတ္ခဲ့တာပဲ ျဖစ္ပါတယ္။ အူဘာမီယန္ရဲ႕ဖခင္ကလည္း အီယန္ရိုက္နဲ႔ ေတြ႕ဆံုၿပီးေနာက္မွာ အသင္းရဲ႕ဂႏၱဝင္ကစားသမားတစ္ဦးက လာေရာက္လည္ပတ္ခဲ့တဲ့အတြက္ သူကို ဂုဏ္တက္ေစတယ္ လို႔ ေရးသားၿပီး ဆိုရွယ္အေကာင့္မွာ ပို႔စ္တင္ခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္မွာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ဝီလီယံနဲ႔ ဂါဘရီရယ္တို႔ ႏွစ္ဦးကို ေခၚယူထားၿပီး ဒီကစားသ မားႏွစ္ေယာက္စလံုးဟာ ဖူလ္ဟမ္ကို အႏိုင္ရတဲ့ပြဲမွာ ပါဝင္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဂါဘရီရယ္ကအသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့သလို ဝီလီယံကလည္း အာဆင္နယ္အသင္းရဲ႕သြင္းဂိုး သံုးဂိုးစလံုးကို ဂိုးဖန္တီးမႈျပဳလုပ္ ေပးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။