ရိုးမားကို ပြောင်းရွှေ့ချင်နေတာကြောင့် ယူနိုက်တက်ရဲ့ ရာသီကြို ရုပ်သံရိုက်ကူးမှုမှာ မပါဝင်ခဲ့တဲ့ နောက်ခံလူ စမောလင်း

ပြီးခဲ့တဲ့ရာသီက ရိုးမားမှာ အဌားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ စမောလင်းဟာ ယူနိုက်တက်ကို ပြန်လည်ရောက် ရှိနေပေမယ့် ဒီကစားသမားကို ရိုးမားက အပြီးသတ်ခေါ်ယူချင်နေသလို စမောလင်းကလည်း ရိုးမားကို ပြောင်းရွှေ့ချင်နေ တယ်လို့ သိရပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအဆင်မပြေသေးတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုရုပ်သံရိုက်ကူးမှု အစီအစဉ်ကိုလွဲချော်ခဲ့တဲ့ စမောလင်း အနေနဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို ရိုးမားကို ပြောင်းရွှေ့ဖို့အတွက် မေးထားတယ်လို့လည်း သိရပါတယ်။ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ စမောလင်းဟာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း အသင်းနဲ့ပူးပေါင်းခြင်း မရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် သေချာသလောက်ရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။


ယူနိုက်တက်နဲ့ ရိုးမားတို့ဟာ စမောလင်းရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ညှိနှိုင်းနေကြတာဖြစ်ပေ မယ့် သဘောတူညီမှု မရသေးတာပဲ ဖြစ်ပါတယ်။ စမောလင်းဟာ ပြီးခဲ့တဲ့အပတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ ယူနိုက် တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်ခဲ့ခြင်းမရှိဘူးဆိုပေမယ့် ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ကိုယ်ကာယလေ့ကျင့်မှု အစီအစဉ်မှာတော့ အသင်းနဲ့အတူ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ဈေးကွက်အတွင်းမှာ ဗဟိုနောက်ခံလူတစ်ဦး ရှာဖွေနေတယ်ဆိုပေမယ့် ဒီရာ သီအတွက် မဟုတ်ဘဲ လာမယ့်ရာသီအတွက် စောင့်ကြည့်နေတယ်လို့ ဖော်ပြခံရတာဖြစ်ပြီး ဒီနှစ်နွေရာသီမှာတော့ ယူနိုက် တက်ဟာ ဘယ်နောက်ခံလူနဲ့ ကွင်းလယ်တိုက်စစ်ကစားသမားနေရာတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှ အေဂျက်က ဗန်ဒီဘိတ်ခ်တစ်ယောက်တည်းကိုပဲ ခေါ်ယူ ထားတာ ဖြစ်ပါတယ်။

zawgyi version

ရိုးမားကို ေျပာင္းေရႊ႕ခ်င္ေနတာေၾကာင့္ ယူႏိုက္တက္ရဲ႕ ရာသီၾကိဳ ရုပ္သံရိုက္ကူးမႈမွာ မပါဝင္ခဲ့တဲ့ ေနာက္ခံလူ စေမာလင္း
ၿပီးခဲ့တဲ့ရာသီက ရိုးမားမွာ အဌားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ စေမာလင္းဟာ ယူႏုိက္တက္ကို ျပန္လည္ေရာက္ ရွိေနေပမယ့္ ဒီကစားသမားကို ရိုးမားက အၿပီးသတ္ေခၚယူခ်င္ေနသလို စေမာလင္းကလည္း ရိုးမားကို ေျပာင္းေရႊ႕ခ်င္ေန တယ္လို႔ သိရပါတယ္။ ကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကး ညိွႏႈိင္းမႈအဆင္မေျပေသးတာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ေသးတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ရာသီၾကိဳရုပ္သံရိုက္ကူးမႈ အစီအစဥ္ကိုလြဲေခ်ာ္ခဲ့တဲ့ စေမာလင္း အေနနဲ႔ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို ရိုးမားကို ေျပာင္းေရႊ႕ဖို႔အတြက္ ေမးထားတယ္လို႔လည္း သိရပါတယ္။ အသက္ ၃၀ ရွိေနၿပီျဖစ္တဲ့ စေမာလင္းဟာ ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာလည္း အသင္းနဲ႔ပူးေပါင္းျခင္း မရွိတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ ေသခ်ာသေလာက္ရွိေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပေနၾကပါတယ္။
ယူႏိုက္တက္နဲ႔ ရိုးမားတို႔ဟာ စေမာလင္းရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ညိွႏႈိင္းေနၾကတာျဖစ္ေပ မယ့္ သေဘာတူညီမႈ မရေသးတာပဲ ျဖစ္ပါတယ္။ စေမာလင္းဟာ ၿပီးခဲ့တဲ့အပတ္ အဂၤါ၊ ဗုဒၶဟူးေန႔မွာ ျပဳလုပ္ခဲ့တဲ့ ယူႏိုက္ တက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို လာေရာက္ခဲ့ျခင္းမရွိဘူးဆိုေပမယ့္ ၾကာသပေတးေန႔မွာ ျပဳလုပ္ခဲ့တဲ့ ကိုယ္ကာယေလ့က်င့္မႈ အစီအစဥ္မွာေတာ့ အသင္းနဲ႔အတူ ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားအေနနဲ႔ ေစ်းကြက္အတြင္းမွာ ဗဟိုေနာက္ခံလူတစ္ဦး ရွာေဖြေနတယ္ဆိုေပမယ့္ ဒီရာ သီအတြက္ မဟုတ္ဘဲ လာမယ့္ရာသီအတြက္ ေစာင့္ၾကည့္ေနတယ္လို႔ ေဖာ္ျပခံရတာျဖစ္ၿပီး ဒီႏွစ္ေႏြရာသီမွာေတာ့ ယူႏုိက္ တက္ဟာ ဘယ္ေနာက္ခံလူနဲ႔ ကြင္းလယ္တိုက္စစ္ကစားသမားေနရာေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါ တယ္။ ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွ ေအဂ်က္က ဗန္ဒီဘိတ္ခ္တစ္ေယာက္တည္းကိုပဲ ေခၚယူ ထားတာ ျဖစ္ပါတယ္။