ကီပါ က အသင်းရဲ့ဂိုးသမားဖြစ်တာကြောင့် သူနဲ့ အတူရှိနေတာကို ပျော်ရွှင်ပါတယ်ဆိုပြီး ပြောခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က လက်စွမ်းကျဆင်းမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ အသင်းဂိုးသမား ကီပါကို အားပေးမှုပြုလုပ်ခဲ့ ပြီး ကီပါကို ပိုင်ဆိုင်ထားရတာကြောင့် ပျော်ရွှင်ရကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လက်စွမ်းကျဆင်းခဲ့မှုတွေ ကြောင့် ဝေဖန်ခံနေရတဲ့ ကီပါဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာလည်း သူရဲ့ နေရာယူမှု မမှန်တာကြောင့် ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။


ချဲလ်ဆီးဟာ ဘရိုက်တန်ကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့် ကီပါကတော့ အဲ့ဒီပွဲမှာ မှတ်တမ်းဆိုးတစ်ခုကို ပိုင် ဆိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘရိုက်တန်အတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ ထရိုဆက်ဒ်ဟာ ပင်နယ်တီ ဧရိ ယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာဖြစ်တာကြောင့် နောက်ဆုံး ၂နှစ်အတွင်းမှာ အခြားပရီးမီးယားလိဂ်ဂိုးသမားတွေ ထက်ပိုပြီး ဧရိယာအပြင်ဘက်ကန်ချက်တွေကနေ ဂိုးပေးရတဲ့ကစားသမားအဖြစ် ကီပါက မှတ်တမ်းဝင်ခဲ့ပါတယ်။


ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား ကီပါရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပြီး သူကို အသင်းမှာ ပိုင်ဆိုင်ထားရတာကြောင့် ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ နွေရာသီအပြောင်း အရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားတွေထဲက တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ် တို့ ချဲလ်ဆီးအတွက် ကစားပေးခဲ့ကြပြီး တီမို ဝါနာက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကိုင်ဟာဗက်ဇ်ကတော့ ခြေစွမ်းမပြနိုင်ခဲ့တာ တွေ့ရပါတယ်။


Sky Sports ကနေတဆင့် လမ်းပတ်က “ ဒီပွဲမှာ ကီပါရဲ့ ကိုယ်ကိုယ့်ကို ယုံကြည်မှုကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းက ဦး ဆောင်နေချိန်မှာ ချေပဂိုးပြန်ပေးလိုက်ရတာကြောင့် ဖိအားတွေရှိခဲ့တယ်ဆိုပေမယ့် ရီဆီဂျိမ်းစ်ရဲ့သွင်းဂိုးနဲ့ ပြန်ပြီး ဦးဆောင် နိုင်ခဲ့ပါတယ်။ အခုကစားနေတဲ့ အသင်းရဲ့ပုံစံက ကျွန်တော်လိုချင်တဲ့ အကောင်းဆုံးပုံစံမဟုတ်သေးဘူး ဆိုပေမယ့် နိုင်ပွဲရ ခဲ့တာကြောင့် ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ကီပါ က အသင္းရဲ႕ဂိုးသမားျဖစ္တာေၾကာင့္ သူနဲ႔ အတူရွိေနတာကို ေပ်ာ္ရႊင္ပါတယ္ဆိုၿပီး ေျပာခဲ့တဲ့ လမ္းပတ္
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က လက္စြမ္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္ခံေနရတဲ့ အသင္းဂိုးသမား ကီပါကို အားေပးမႈျပဳလုပ္ခဲ့ ၿပီး ကီပါကို ပိုင္ဆိုင္ထားရတာေၾကာင့္ ေပ်ာ္ရႊင္ရေၾကာင္း ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက လက္စြမ္းက်ဆင္းခဲ့မႈေတြ ေၾကာင့္ ေဝဖန္ခံေနရတဲ့ ကီပါဟာ ဒီရာသီပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဘရိုက္တန္ကို အႏိုင္ရတဲ့ပြဲမွာလည္း သူရဲ႕ ေနရာယူမႈ မမွန္တာေၾကာင့္ ေခ်ပဂိုးတစ္ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။
ခ်ဲလ္ဆီးဟာ ဘရိုက္တန္ကို သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ေပမယ့္ ကီပါကေတာ့ အဲ့ဒီပြဲမွာ မွတ္တမ္းဆိုးတစ္ခုကို ပိုင္ ဆိုင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဘရိုက္တန္အတြက္ ေခ်ပဂိုးတစ္ဂိုးသြင္းယူေပးခဲ့တဲ့ ထရိုဆက္ဒ္ဟာ ပင္နယ္တီ ဧရိ ယာအျပင္ဘက္ကေန ကန္သြင္းယူခဲ့တာျဖစ္တာေၾကာင့္ ေနာက္ဆံုး ၂ႏွစ္အတြင္းမွာ အျခားပရီးမီးယားလိဂ္ဂိုးသမားေတြ ထက္ပိုၿပီး ဧရိယာအျပင္ဘက္ကန္ခ်က္ေတြကေန ဂိုးေပးရတဲ့ကစားသမားအျဖစ္ ကီပါက မွတ္တမ္းဝင္ခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ကမၻာ့ေစ်းအၾကီးဆံုး ဂိုးသမား ကီပါရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ၿပီး သူကို အသင္းမွာ ပိုင္ဆိုင္ထားရတာေၾကာင့္ ေပ်ာ္ရႊင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘရိုက္တန္ကို အႏိုင္ရတဲ့ပြဲမွာ ေႏြရာသီအေျပာင္း အေရႊ႕မွာ ေခၚယူထားတဲ့ ကစားသမားေတြထဲက တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္ တို႔ ခ်ဲလ္ဆီးအတြက္ ကစားေပးခဲ့ၾကၿပီး တီမို ဝါနာက ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ကိုင္ဟာဗက္ဇ္ကေတာ့ ေျခစြမ္းမျပႏိုင္ခဲ့တာ ေတြ႕ရပါတယ္။
Sky Sports ကေနတဆင့္ လမ္းပတ္က “ ဒီပြဲမွာ ကီပါရဲ႕ ကိုယ္ကိုယ့္ကို ယံုၾကည္မႈကို ျမင္ေတြ႕ခဲ့ရပါတယ္။ အသင္းက ဦး ေဆာင္ေနခ်ိန္မွာ ေခ်ပဂိုးျပန္ေပးလိုက္ရတာေၾကာင့္ ဖိအားေတြရွိခဲ့တယ္ဆိုေပမယ့္ ရီဆီဂ်ိမ္းစ္ရဲ႕သြင္းဂိုးနဲ႔ ျပန္ၿပီး ဦးေဆာင္ ႏိုင္ခဲ့ပါတယ္။ အခုကစားေနတဲ့ အသင္းရဲ႕ပံုစံက ကြ်န္ေတာ္လိုခ်င္တဲ့ အေကာင္းဆံုးပံုစံမဟုတ္ေသးဘူး ဆိုေပမယ့္ ႏိုင္ပြဲရ ခဲ့တာေၾကာင့္ ေက်နပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။