ဘရန့်ဖိုဒ့် တောင်ပံကစားသမား ဘန်ရာမာကို ပေါင်သန်း ၂၀ နဲ့ သဘောတူညီမှု ရရန် မျှော်လင့်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဘရန့်ဖိုဒ့် ကစားသမား ဘန်ရာမာ ကို ခေါ်ယူရန် သဘောတူညီမှု ရမယ်လို့ မျှော်လင့်နေပါတယ်။အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖိုဒ့်အသင်းကို ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် အတွက် ရှုံးထွက်အဆင့်ကို ရောက်အောင် ကူညီပေးခဲ့သော်လည်း ဖူလ်ဟမ်အသင်းကို ရှုံးခဲ့ရလို့ တန်းတက်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဘရန့်ဖိုဒ့်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက (၄၆) ပွဲကစားပြီး (၁၇) ဂိုးသွင်းကာ (၁၀) ဂိုးဖန်တီးပေးခဲ့ပါတယ်။

တောင်ပံကစားသမားကို ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ နဲ့ ဝက်စ်ဟမ်းအသင်းတို့အားလုံးက စိတ်ဝင်စားနေပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဘန်ရာမာ ဟာ ဘရန့်ဖိုဒ့်အသင်းမှာ ဝက်ကင်စ် နဲ့ ဘရိုင်ယန်အမ်ဘူမို တို့နဲ့ အတွဲအဖက်မိမိ ကစားခဲ့သူဖြစ်ပေမယ့် ဒီနွေရာသီမှာတော့ အဆိုပါတိုက်စစ်အတွဲဟာ ပြိုကွဲသွားပါပြီ။

ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာအသင်းဆီ ပေါင် ၃၃ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့ကြေးဟာ ချန်ပီယံရှစ်ကလပ်အသင်း တစ်သင်းဆီက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ အခုအခါ ဘန်ရာမာ လည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်နေပြီလို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဆောက်သမ်တန်အသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘရန္႔ဖိုဒ့္ ေတာင္ပံကစားသမား ဘန္ရာမာကို ေပါင္သန္း ၂၀ နဲ႔ သေဘာတူညီမႈ ရရန္ ေမွ်ာ္လင့္ေနတဲ့ ခရစၥတယ္ပဲေလ့စ္အသင္း

ခရစၥတယ္ပဲေလ့စ္အသင္းဟာ ဘရန္႔ဖိုဒ့္ ကစားသမား ဘန္ရာမာ ကို ေခၚယူရန္ သေဘာတူညီမႈ ရမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ရာသီက ဘရန္႔ဖိုဒ့္အသင္းကို ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ အတြက္ ရႈံးထြက္အဆင့္ကို ေရာက္ေအာင္ ကူညီေပးခဲ့ေသာ္လည္း ဖူလ္ဟမ္အသင္းကို ရႈံးခဲ့ရလို႔ တန္းတက္ခြင့္ ဆံုးရႈံးခဲ့ရတာျဖစ္ပါတယ္။ သူဟာ ဘရန္႔ဖိုဒ့္အသင္းအတြက္ ျပီးခဲ့တဲ့ရာသီက (၄၆) ပြဲကစားျပီး (၁၇) ဂိုးသြင္းကာ (၁၀) ဂိုးဖန္တီးေပးခဲ့ပါတယ္။

ေတာင္ပံကစားသမားကို ခရစၥတယ္ပဲေလ့စ္၊ အက္စတြန္ဗီလာ နဲ႔ ၀က္စ္ဟမ္းအသင္းတို႔အားလံုးက စိတ္၀င္စားေနေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းက ေခၚယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဘန္ရာမာ ဟာ ဘရန္႔ဖိုဒ့္အသင္းမွာ ၀က္ကင္စ္ နဲ႔ ဘရိုင္ယန္အမ္ဘူမို တို႔နဲ႔ အတြဲအဖက္မိမိ ကစားခဲ့သူျဖစ္ေပမယ့္ ဒီေႏြရာသီမွာေတာ့ အဆိုပါတိုက္စစ္အတြဲဟာ ျပိဳကြဲသြားပါျပီ။

၀က္ကင္စ္ဟာ ျပီးခဲ့တဲ့အပတ္က အက္စတြန္ဗီလာအသင္းဆီ ေပါင္ ၃၃ သန္းနဲ႔ ေရာက္ရွိခဲ့တာျဖစ္ျပီး အဆုိပါ ေျပာင္းေရႊ႕ေၾကးဟာ ခ်န္ပီယံရွစ္ကလပ္အသင္း တစ္သင္းဆီက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။ အခုအခါ ဘန္ရာမာ လည္း ခရစၥတယ္ပဲေလ့စ္အသင္းကို ေျပာင္းေရႊ႕ရန္ နီးစပ္ေနျပီလို႔ သိရပါတယ္။ ခရစၥတယ္ပဲေလ့စ္အသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ေဆာက္သမ္တန္အသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။