ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်တွေကြောင့် ပူလီဆစ်ကို ကျောနံပါတ် (၁၀) ပေးခဲ့တာလို့ ပြောကြားလိုက်တဲ့ နည်းပြလမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပေးခဲ့လို့ ပူလီဆစ်ကို ကျောနံပါတ် (၁၀) ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် (၂၂) ဝတ်ဆင်ခဲ့တဲ့ အမေရိကန်တောင်ပံကစားသမားဟာ လန်ဒန်ကလပ်အသင်းမှာ စွမ်းဆောင်ကောင်းတွေ ပြသခဲ့ဖူးတဲ့ ဟာဇက် နဲ့ ဝီလီယံတို့ ဝတ်ဆင်တဲ့ ကျောနံပါတ်ကို ဒီရာသီမှာ စတင် ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

ဝီလီယံဟာ ဒီနွေရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပေမယ့် လမ်းပတ်ကတော့ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် (၁၁) ဂိုးသွင်းခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသက် ၂၁ နှစ်အရွယ် ကစားသမားကို ပေးခဲ့တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“သူ့ကို ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သူနဲ့ ထိုက်တန်တယ်လို့ ခံစားရလို့ပါ။ သူဟာ ပြီးခဲ့တဲ့ရာသီကမှ ရောက်ခဲ့တာဖြစ်ပြီး ဝီလီယံကလည်း အသင်းပြောင်းသွားခဲ့လို့ သူနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ချဲလ်ဆီးနည်းပြက NBC ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းဆီ ပေါင် ၅၈ သန်းနဲ့ ဒေ့ါမွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကို အဆင့် (၄) အတွင်းဝင်ရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းတိုက်စစ်မှာ မေဆန်မောင့် နဲ့ အေဘရာဟမ်တို့ နဲ့ တွဲကစားခဲ့တဲ့ ပူလီဆစ်ဟာ ဒီရာသီမှာတော့ အသစ်ခေါ်ယူထားတဲ့ တီမိုဝါနာ၊ ဇီယက် နဲ့ ကိုင်ဟာဗက်ဇ် တို့ နဲ့ အတူတွဲကစားမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ျပီးခဲ့တဲ့ရာသီက စြမ္းေဆာင္ရည္ေတြေၾကာင့္ ပူလီဆစ္ကို ေက်ာနံပါတ္ (၁၀) ေပးခဲ့တာလို႔ ေျပာၾကားလိုက္တဲ့ နည္းျပလမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းအတြက္ စြမ္းေဆာင္ရည္ေကာင္းေတြေပးခဲ့လို႔ ပူလီဆစ္ကို ေက်ာနံပါတ္ (၁၀) ေပးခဲ့တာျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီက ေက်ာနံပါတ္ (၂၂) ၀တ္ဆင္ခဲ့တဲ့ အေမရိကန္ေတာင္ပံကစားသမားဟာ လန္ဒန္ကလပ္အသင္းမွာ စြမ္းေဆာင္ေကာင္းေတြ ျပသခဲ့ဖူးတဲ့ ဟာဇက္ နဲ႔ ၀ီလီယံတို႔ ၀တ္ဆင္တဲ့ ေက်ာနံပါတ္ကို ဒီရာသီမွာ စတင္ ၀တ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

၀ီလီယံဟာ ဒီေႏြရာသီမွာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ေပမယ့္ လမ္းပတ္ကေတာ့ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းအတြက္ (၁၁) ဂိုးသြင္းခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားကို ေပးခဲ့တာျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“သူ႔ကို ေပးခ်င္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာ သူနဲ႔ ထိုက္တန္တယ္လို႔ ခံစားရလို႔ပါ။ သူဟာ ျပီးခဲ့တဲ့ရာသီကမွ ေရာက္ခဲ့တာျဖစ္ျပီး ၀ီလီယံကလည္း အသင္းေျပာင္းသြားခဲ့လို႔ သူနဲ႔ ထိုက္တန္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ ခ်ဲလ္ဆီးနည္းျပက NBC ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ပူလီဆစ္ဟာ ျပီးခဲ့တဲ့ေႏြရာသီက ခ်ဲလ္ဆီးအသင္းဆီ ေပါင္ ၅၈ သန္းနဲ႔ ေဒ့ါမြန္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တာျဖစ္ျပီး ခ်ဲလ္ဆီးအသင္းကို အဆင့္ (၄) အတြင္း၀င္ေရာက္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းတိုက္စစ္မွာ ေမဆန္ေမာင့္ နဲ႔ ေအဘရာဟမ္တို႔ နဲ႔ တြဲကစားခဲ့တဲ့ ပူလီဆစ္ဟာ ဒီရာသီမွာေတာ့ အသစ္ေခၚယူထားတဲ့ တီမို၀ါနာ၊ ဇီယက္ နဲ႔ ကိုင္ဟာဗက္ဇ္ တို႔ နဲ႔ အတူတြဲကစားမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။