လီဂူး ၁ ကလပ် ဒီဂျွန်အသင်းက အိုက်စလန်ဂိုးသမား ရန်နာဆန်ကို မာတီနက်ဇ်နေရာမှာ အစားထိုးရန် မျက်စိကျနေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဒီဂျွန်အသင်းက အိုက်စလန်ဂိုးသမား ရန်နာဆန်ကို အက်စတွန်ဗီလာအသင်းဆီ ပြောင်းရွှေ့တော့မယ့် မာတီနက်ဇ်နေရာမှာ အစားထိုးရန် ပစ်မှတ်ထားနေပါတယ်။ အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက လီဂူး ၁ ကလပ်အသင်းအတွက် (၁၄) ပွဲကစားထားပေမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ တစ်ပွဲမှ မကစားရသေးဘူး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ အင်္ဂလန် နဲ့ အိုက်စလန် နေရှင်းလိဂ်ပြိုင်ပွဲမှာလည်း သူဟာ ရွေးချယ်ခံခဲ့ရပေမယ့် ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ ရန်နာဆန်ကို အစောပိုင်းတုန်းက ချန်ပီယံရှစ် ကလပ် ဘရန့်ဖိုဒ့်အသင်းကလည်း ဆက်သွယ်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့်က ပေါင်၁၀ သန်းတန် ဂိုးသမား ဒေးဗစ်ရာယာကိုလည်း လီနို ရဲ့ အရန်အဖြစ် ခေါ်ယူရန် ရည်ရွယ်သတ်မှတ်ထားနေတာဖြစ်ပါတယ်။

လီနိုဟာ ယခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဖူလ်ဟမ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ ဂိုးမပေးရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် စနေနေ့က လူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်အသင်းဟာ မာတီနက်ဇ်ကို အက်စတွန်ဗီလာအသင်းထံ ပေါင်သန်း ၂၀ နဲ့ ရောင်းချရန် သဘောတူညီမှု ရထားပြီလို့လည်း သိရပါတယ်။အပြောင်းအရွှေ့ရာသီက အောက်တိုဘာလ ၅ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ အာဆင်နယ်အသင်းဟာ မဖြစ်မနေ ဂိုးသမား အသစ်တစ်ယောက်ခေါ်ယူရန် လိုအပ်နေတာဖြစ်ပါတယ်။

လီဂူး ၁ ကလပ္ ဒီဂၽြန္အသင္းက အိုက္စလန္ဂိုးသမား ရန္နာဆန္ကို မာတီနက္ဇ္ေနရာမွာ အစားထိုးရန္ မ်က္စိက်ေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဒီဂၽြန္အသင္းက အုိက္စလန္ဂိုးသမား ရန္နာဆန္ကို အက္စတြန္ဗီလာအသင္းဆီ ေျပာင္းေရႊ႕ေတာ့မယ့္ မာတီနက္ဇ္ေနရာမွာ အစားထုိးရန္ ပစ္မွတ္ထားေနပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ဂိုးသမားဟာ ျပီးခဲ့တဲ့ရာသီက လီဂူး ၁ ကလပ္အသင္းအတြက္ (၁၄) ပြဲကစားထားေပမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာေတာ့ တစ္ပြဲမွ မကစားရေသးဘူး ျဖစ္ပါတယ္။

ျပီးခဲ့တဲ့လက ကစားခဲ့တဲ့ အဂၤလန္ နဲ႔ အိုက္စလန္ ေနရွင္းလိဂ္ျပိဳင္ပြဲမွာလည္း သူဟာ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ၀င္ေရာက္ကစားခြင့္မရခဲ့ပါဘူး။ ရန္နာဆန္ကို အေစာပိုင္းတုန္းက ခ်န္ပီယံရွစ္ ကလပ္ ဘရန္႔ဖိုဒ့္အသင္းကလည္း ဆက္သြယ္မႈေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ ဘရန္႔ဖိုဒ့္က ေပါင္၁၀ သန္းတန္ ဂိုးသမား ေဒးဗစ္ရာယာကိုလည္း လီႏို ရဲ႕ အရန္အျဖစ္ ေခၚယူရန္ ရည္ရြယ္သတ္မွတ္ထားေနတာျဖစ္ပါတယ္။

လီႏိုဟာ ယခုတစ္ပတ္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ဖူလ္ဟမ္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ၌ ဂိုးမေပးရေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ မာတီနက္ဇ္ကေတာ့ အာဆင္နယ္အသင္း ျပီးခဲ့တဲ့ အက္ဖ္ေအဖလား နဲ႔ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ေပးခဲ့ေပမယ့္ စေနေန႔က လူစာရင္းမွာလည္း ပါ၀င္ခဲ့ျခင္း မရွိပါဘူး။

အာဆင္နယ္အသင္းဟာ မာတီနက္ဇ္ကို အက္စတြန္ဗီလာအသင္းထံ ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်ရန္ သေဘာတူညီမႈ ရထားျပီလို႔လညး္ သိရပါတယ္။အေျပာင္းအေရႊ႕ရာသီက ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္လို႔ အာဆင္နယ္အသင္းဟာ မျဖစ္မေန ဂိုးသမား အသစ္တစ္ေယာက္ေခၚယူရန္ လုိအပ္ေနတာျဖစ္ပါတယ္။