ပေါင် ၃၇ သန်းတန် မိုချန်ဂလာဘတ် ကွင်းလယ်လူ ဇာကာရီရာ ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ မိုချန်ဂလာဘတ် ကွင်းလယ်ခံစစ်ကစားသမား ဇာကာရီရာ ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမား ဇာကာရီရာဟာ ဂျာမန်ကလပ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး Bild က ဖော်ပြချက်အရ သူဟာ ယာဂင်ကလော့ပ်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ တန်ကြေးဟာ ပေါင် ၃၇ သန်းဖြစ်ပြီး မိုချန်ဂလာဘတ်ကတော့ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်မတိုင်ခင်ဖြစ်တဲ့နောက်နွေရာသီမှသာ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဇာကာရီရာဟာ မိုချန်ဂလာဘတ်အသင်းကို ၂၀၁၇ ခုနှစ်က ရောက်ရှိလာပြီး အသင်းအတွက် (၉၆) ပွဲကစားထားပါတယ်။ သူဟာ လက်ရွေးစင်အသင်းကြီးမှာလည်း (၂၈) ပွဲကစားထားပြီး ဖြစ်ပါတယ်။

ယာဂင်ကလော့ပ် နဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီ အပြောင်းအရွှေ့မှာ အပြောင်းအရွှေ့ ကြီးကြီးမားများ မလုပ်ထားပါဘူး။ သူတို့ဟာ ဘယ်နောက်ခံလူ ဆီမီကက်စ် တစ်ယောက်တည်းကိုသာ ခေါ်ယူထားတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ မဖြစ်ခင်က တီမိုဝါနာကို ခေါ်ယူရန် နီးစပ်ခဲ့ပေမယ့် ဂျာမန်လက်ရွေးစင်တိုက်စစ်မှူးကို ချဲလ်ဆီးအသင်း က ခေါ်ယူသွားပါတယ်။ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ဆက်သွယ်မှုတွေ လုပ်ထားနေဆဲဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေလို့ လီဗာပူးလ်အသင်းက ပေါင်သန်း ၃၀ ကို ပေးရန် လက်တွန့်နေပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ စနေနေ့က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်အသင်းကို (၄-၃) နဲ့ အကြိတ်အနယ်ကစားပြီး နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ဆာလာက ဟက်ထရစ် ၊ ဗန်ဒိုက်ချ်က (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်တစ်ပတ်မှာတော့ လီဗာပူးလ်အသင်းဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာ သွားရောက်ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ေပါင္ ၃၇ သန္းတန္ မိုခ်န္ဂလာဘတ္ ကြင္းလယ္လူ ဇာကာရီရာ ကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသင္းဟာ မိုခ်န္ဂလာဘတ္ ကြင္းလယ္ခံစစ္ကစားသမား ဇာကာရီရာ ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဆြစ္ဇာလန္လက္ေရြးစင္ကစားသမား ဇာကာရီရာဟာ ဂ်ာမန္ကလပ္အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးျပီး Bild က ေဖာ္ျပခ်က္အရ သူဟာ ယာဂင္ကေလာ့ပ္ရဲ႕ ပစ္မွတ္ထဲမွာ ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားရဲ႕ တန္ေၾကးဟာ ေပါင္ ၃၇ သန္းျဖစ္ျပီး မိုခ်န္ဂလာဘတ္ကေတာ့ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္မတိုင္ခင္ျဖစ္တဲ့ေနာက္ေႏြရာသီမွသာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဇာကာရီရာဟာ မိုခ်န္ဂလာဘတ္အသင္းကို ၂၀၁၇ ခုႏွစ္က ေရာက္ရွိလာျပီး အသင္းအတြက္ (၉၆) ပြဲကစားထားပါတယ္။ သူဟာ လက္ေရြးစင္အသင္းၾကီးမွာလည္း (၂၈) ပြဲကစားထားျပီး ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ နဲ႔ လီဗာပူးလ္အသင္းဟာ ဒီရာသီ အေျပာင္းအေရႊ႕မွာ အေျပာင္းအေရႊ႕ ၾကီးၾကီးမားမ်ား မလုပ္ထားပါဘူး။ သူတို႔ဟာ ဘယ္ေနာက္ခံလူ ဆီမီကက္စ္ တစ္ေယာက္တည္းကိုသာ ေခၚယူထားတာျဖစ္ပါတယ္။ ကိုဗစ္-၁၉ မျဖစ္ခင္က တီမို၀ါနာကို ေခၚယူရန္ နီးစပ္ခဲ့ေပမယ့္ ဂ်ာမန္လက္ေရြးစင္တိုက္စစ္မွဴးကို ခ်ဲလ္ဆီးအသင္း က ေခၚယူသြားပါတယ္။ လီဗာပူးလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုကို ဆက္သြယ္မႈေတြ လုပ္ထားေနဆဲျဖစ္ပါတယ္။ စပိန္လက္ေရြးစင္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ကို ေရာက္ေနလို႔ လီဗာပူးလ္အသင္းက ေပါင္သန္း ၃၀ ကို ေပးရန္ လက္တြန္႔ေနပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ စေနေန႔က ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္အသင္းကို (၄-၃) နဲ႔ အၾကိတ္အနယ္ကစားျပီး ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ အသင္းအတြက္ ဆာလာက ဟက္ထရစ္ ၊ ဗန္ဒိုက္ခ်္က (၁) ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေနာက္တစ္ပတ္မွာေတာ့ လီဗာပူးလ္အသင္းဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာ သြားေရာက္ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။