ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ မရှိတော့မှဘဲ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဆုကို ရနိုင်မယ်လို့ ဂယ်ရီနဗီးလ် ပြောဆို

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဆိုရင် အင်္ဂလန် မှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့ မရှိတော့မှဘဲ ဖြစ်နိုင်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဂယ်ရီ နဗီးလ်က ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ဟာ ထူးချွန်တဲ့ နည်းပြတွေဖြစ်ပြီး သူတို့အသင်းမှာရှိတဲ့ကစားသမားကောင်းတွေ ကြောင့် ယူနိုက်တက်အနေနဲ့ သူတို့ရှိနေသမျှ ပရီးမီးယားလိဂ်ချန်ပီယံဆု ရဖို့ ခက်ခဲနိုင်ကြောင်း ပြောခဲ့ပါတယ်။


ယူနိုက်တက်ဟာ အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အမှတ် ပေးချန်ပီယံဆုကို တစ်ကြိမ်မှ ရယူနိုင်ခဲ့ခြင်းမရှိတော့တာဘဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားချန်ပီယံဆုကို အကြိမ် ၂၀ အထိအများဆုံးရယူထားနိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးက အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ကြောင့် ၁၉ ကြိမ်အထိရှိလာခဲ့ပြီး ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မီလာနိုင်ဖို့ ရှိတယ်လို့ ဂယ်ရီနဗီးလ်က ပြောခဲ့တာဖြစ်ပါ တယ်။


Mirror ကနေတဆင့် ဂယ်ရီနဗီးလ်က “ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် နှစ်ပေါင်းများ စွာစောင့်ရဦးမယ်လို့ ပြောချင်ပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိနေရာမှာ ရပ်နေတာမဟုတ်ဘူးဆိုပေမယ့် အခုချိန်က ယူနိုက်တက်ရဲ့ အောင်မြင်တဲ့အချိန်တွေ မဟုတ်တော့ပါဘူး။ တကယ်လို့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ နှစ် ယောက်စလုံး ဒီနှစ်မှာ မရှိတော့ဘူးဆိုရင်တော့ ယူနိုက်တက်အနေနဲ့ ချန်ပီယံဖြစ်နိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။


နောက်ထပ်ယူနိုက်တက်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်ကလည်း ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ကို ချီးကျူးပြု ပြုလုပ်ခဲ့ပါတယ်။ ရွိုင်ယန်ဂစ်က “ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့က ကမ္ဘာ့အကောင်းဆုံးနည်းပြတွေလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ သူတို့နှစ်ယောက်စလုံးကို လေးစားရမှာဖြစ်ပြီး သူတို့တွေဆီက သင်ယူမှု ပြုလုပ်ရမှာဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဂြါဒီယိုလာနဲဲ႔ ကေလာ့ပ္တို႔ မရွိေတာ့မွဘဲ ယူႏုိက္တက္ အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ ဆုကို ရႏိုင္မယ္လို႔ ဂယ္ရီနဗီးလ္ ေျပာဆို
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ဆိုရင္ အဂၤလန္ မွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ လီဗာပူးနည္းျပ ကေလာ့ပ္တို႔ မရွိေတာ့မွဘဲ ျဖစ္ႏိုင္မွာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ ဂယ္ရီ နဗီးလ္က ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔ဟာ ထူးခၽြန္တဲ့ နည္းျပေတြျဖစ္ၿပီး သူတို႔အသင္းမွာရွိတဲ့ကစားသမားေကာင္းေတြ ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ သူတို႔ရွိေနသမွ် ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရဖို႔ ခက္ခဲႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အသင္းရဲ႕ဂႏၱ၀င္နည္းျပၾကီး ဆာအဲလက္ဖာဂူဆန္ အနားယူသြားတဲ့ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းမွာ အမွတ္ ေပးခ်န္ပီယံဆုကို တစ္ၾကိမ္မွ ရယူႏိုင္ခဲ့ျခင္းမရွိေတာ့တာဘဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အမွတ္ေပးဇယားခ်န္ပီယံဆုကို အၾကိမ္ ၂၀ အထိအမ်ားဆံုးရယူထားႏိုင္ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးက အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာ ေၾကာင့္ ၁၉ ၾကိမ္အထိရွိလာခဲ့ၿပီး ယူႏိုက္တက္ရဲ႕ စံခ်ိန္ကို လိုက္မီလာႏိုင္ဖို႔ ရွိတယ္လို႔ ဂယ္ရီနဗီးလ္က ေျပာခဲ့တာျဖစ္ပါ တယ္။
Mirror ကေနတဆင့္ ဂယ္ရီနဗီးလ္က “ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔အတြက္ ႏွစ္ေပါင္းမ်ား စြာေစာင့္ရဦးမယ္လို႔ ေျပာခ်င္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ လက္ရွိေနရာမွာ ရပ္ေနတာမဟုတ္ဘူးဆိုေပမယ့္ အခုခ်ိန္က ယူႏိုက္တက္ရဲ႕ ေအာင္ျမင္တဲ့အခ်ိန္ေတြ မဟုတ္ေတာ့ပါဘူး။ တကယ္လို႔ ပရီးမီးယားလိဂ္မွာ ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔ ႏွစ္ ေယာက္စလံုး ဒီႏွစ္မွာ မရိွေတာ့ဘူးဆိုရင္ေတာ့ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံျဖစ္ႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။
ေနာက္ထပ္ယူႏိုက္တက္အသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ရြိဳင္ယန္ဂစ္ကလည္း ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔ကို ခ်ီးက်ဴးျပဳ ျပဳလုပ္ခဲ့ပါတယ္။ ရြိဳင္ယန္ဂစ္က “ ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔က ကမၻာ့အေကာင္းဆံုးနည္းျပေတြလို႔ေတာင္ ဆိုရမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ သူတို႔ႏွစ္ေယာက္စလံုးကို ေလးစားရမွာျဖစ္ၿပီး သူတို႔ေတြဆီက သင္ယူမႈ ျပဳလုပ္ရမွာျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။