ဝက်ဘရွန်းစ်ပရိသတ်တွေအတွက် အိမ်ကွင်းမှာ ကစားခဲ့သလို ဖြစ်နေတယ်ဆိုပြီး မခံချင်အောင် ပြောခဲ့တဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းစ်အသင်းနဲ့ ပွဲစဉ်မှာ လက်စတာအသင်းအတွက် ပင်နယ်တီကနေ တဆင့် သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဗာဒီက ဝက်စ်ဘရွန်းပရိသတ်တွေအတွက် အိမ်ကွင်းမှာ ကစားခဲ့သလိုမျိုး ဖြစ်နေတယ်ဆိုပြီး နိုင်ပွဲရခဲ့တဲ့အပေါ် ဝက်စ်ဘရွန်းစ်ပရိသတ်တွေ မခံချင်အောင် ပြောခဲ့တာပဲ ဖြစ်ပါတယ်။ လက်စတာဟာ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၃ ဂိုးနဲ့ ရွှေဖိနပ်ဆု ရရှိခဲ့တဲ့ ဗာဒီဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပေ မယ့် ပွဲချိန် ၇၄ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ ရတဲ့ပင်နယ်တီနှစ်ကြိမ်စလုံးကို ဝင်အောင်ကန်သွင်းပြီး သွင်းဂိုးနှစ်ဂိုးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်စတာအတွက် အဖွင့်ဂိုးကို အတ္တလန္တာကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကက်စတာဂျီက ပွဲချိန် ၅၆ မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။


လက်စတာတိုက်စစ်မှူး ဗာဒီဟာ ဝက်စ်ဘရွန်းအသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၈ကြိမ်တွေ့ဆုံမှုမှာ ၆ကြိမ်အထိ ဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပြီး လူမရှိတဲ့ကွင်းထဲမှာ သူရဲ့နားကိုကပ်ပြီး အသံနားထောင်တဲ့ပုံမျိုးနဲ့ အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်။ဗာဒီရဲ့ အောင်ပွဲခံမှု ပုံစံက ရုပ်သံကနေကြည့်ရှုနေတဲ့ ဝက်စ်ဘရွန်း ပရိသတ်တွေကို မခံချင်အောင်ပြုလုပ်တဲ့ပုံမျိုး ဆိုပြီး မီဒီယာ တွေက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ Sky Sport ကနေတဆင့် အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ဗာဒီက “ ပြီးခဲ့တဲ့ရာသီက လက်စတာဟာ ချန်ပီ ယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးအချိန်ထိ ကစားခဲ့ရပေမယ့် လက်လွှတ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အနိုင် ၃ မှတ်ရအောင် ကစားနိုင်ခဲ့တာကြောင့် ကျေနပ်မိပါတယ်။ ကျွန်တော်အနေနဲ့ ပင်နယ်တီကန်သွင်းတာကို အမြဲတမ်းလေ့ ကျင့်ခဲ့ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

ဝက္ဘရြန္းစ္ပရိသတ္ေတြအတြက္ အိမ္ကြင္းမွာ ကစားခဲ့သလို ျဖစ္ေနတယ္ဆိုၿပီး မခံခ်င္ေအာင္ ေျပာခဲ့တဲ့ လက္စတာ တိုက္စစ္မွဴး ဗာဒီ
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္စ္ဘရြန္းစ္အသင္းနဲ႔ ပြဲစဥ္မွာ လက္စတာအသင္းအတြက္ ပင္နယ္တီကေန တဆင့္ သြင္းဂိုးႏွစ္ဂိုး သြင္းယူခဲ့တဲ့ တိုက္စစ္မွဴး ဗာဒီက ဝက္စ္ဘရြန္းပရိသတ္ေတြအတြက္ အိမ္ကြင္းမွာ ကစားခဲ့သလိုမ်ိဳး ျဖစ္ေနတယ္ဆိုၿပီး ႏိုင္ပြဲရခဲ့တဲ့အေပၚ ဝက္စ္ဘရြန္းစ္ပရိသတ္ေတြ မခံခ်င္ေအာင္ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ လက္စတာဟာ ဝက္စ္ဘရြန္းကို အေဝးကြင္းမွာ သံုးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက သြင္းဂိုး ၂၃ ဂိုးနဲ႔ ေရႊဖိနပ္ဆု ရရွိခဲ့တဲ့ ဗာဒီဟာ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ ရုန္းကန္ခဲ့ရေပ မယ့္ ပြဲခ်ိန္ ၇၄ မိနစ္နဲ႔ ၈၄ မိနစ္ေတြမွာ ရတဲ့ပင္နယ္တီႏွစ္ၾကိမ္စလံုးကို ဝင္ေအာင္ကန္သြင္းၿပီး သြင္းဂိုးႏွစ္ဂိုးရရွိခဲ့တာပဲ ျဖစ္ပါတယ္။ လက္စတာအတြက္ အဖြင့္ဂိုးကို အတၱလႏၱာကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ကက္စတာဂ်ီက ပြဲခ်ိန္ ၅၆ မိနစ္မွာ သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
လက္စတာတိုက္စစ္မွဴး ဗာဒီဟာ ဝက္စ္ဘရြန္းအသင္းနဲ႔ ကစားခဲ့တဲ့ ေနာက္ဆံုး ၈ၾကိမ္ေတြ႕ဆံုမႈမွာ ၆ၾကိမ္အထိ ဂိုးသြင္း ယူႏိုင္ခဲ့တာျဖစ္ၿပီး လူမရွိတဲ့ကြင္းထဲမွာ သူရဲ႕နားကိုကပ္ၿပီး အသံနားေထာင္တဲ့ပံုမ်ိဳးနဲ႔ ေအာင္ပြဲခံခဲ့တာပဲ ျဖစ္ပါတယ္။ဗာဒီရဲ႕ ေအာင္ပြဲခံမႈ ပံုစံက ရုပ္သံကေနၾကည့္ရႈေနတဲ့ ဝက္စ္ဘရြန္း ပရိသတ္ေတြကို မခံခ်င္ေအာင္ျပဳလုပ္တဲ့ပံုမ်ိဳး ဆိုၿပီး မီဒီယာ ေတြက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Sky Sport ကေနတဆင့္ အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဗာဒီက “ ၿပီးခဲ့တဲ့ရာသီက လက္စတာဟာ ခ်န္ပီ ယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ဆံုးအခ်ိန္ထိ ကစားခဲ့ရေပမယ့္ လက္လႊတ္ခဲ့ရပါတယ္။ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ အႏိုင္ ၃ မွတ္ရေအာင္ ကစားႏုိင္ခဲ့တာေၾကာင့္ ေက်နပ္မိပါတယ္။ ကြ်န္ေတာ္အေနနဲ႔ ပင္နယ္တီကန္သြင္းတာကို အျမဲတမ္းေလ့ က်င့္ခဲ့ပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။