စပါးကစားတွေအနေနဲ့ သာမန်လောက်ပဲ ကစားနေတာကြောင့် အဲဗာတန်ကို ရှုံးတာဆိုပြီး အပြစ်တင်ခဲ့တဲ့ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ ကစားခဲ့ရတဲ့ပွဲမှာ အိမ်ကွင်းမှာကစားရတာဖြစ်ပေ မယ့် အသင်းမှာရှိတဲ့ ကစားသမားတွေအနေနဲ့ သာမန်လောက်ပဲ ကစားနေခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့တာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အဲဗာတန်ဟာ စပါးကို တိုက်စစ်မှူး လီဝင်ရဲ့ ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။


မော်ရင်ဟိုရဲ့ စပါးကွင်းလယ်ဟာ ဂျိမ်းရိုဒရီဂွတ်ဇ် ပါဝင်လာတဲ့ အဲဗာတန်အသင်းရဲ့ကွင်းလယ်ကို မယှဉ်နိုင်ခဲ့ဘဲ့ ဂျိမ်းရိုဒရီ ဂွတ်ဇ်ကလည်း စပါးနဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မော်ရင်ဟိုက စပါးအသင်းရဲ့ ကစားသမားတစ် ချို့အနေနဲ့ ကြံခိုင်မှုမပြည့်ဝတာကြောင့် အကောင်းဆုံးမကစားနိုင်ခဲ့ဘဲ သာမန်လောက်ပဲကစားနိုင်ခဲ့လို့ ရှုံးခဲ့ရတာလို့ ပြော ခဲ့ပါတယ်။ မော်ရင်ဟိုဟာ စပါးအနေနဲ့ ၂၂ ရက်အတွင်း ပြိုင်ပွဲစုံ ၉ ပွဲကစားရမှာကြောင့်လည်း ပွဲစဉ်ရေးဆွဲသူတွေကို ဝေဖန် မှု ပြုလုပ်ထားပါတယ်။


အဲဗာတန်ကို ရှုံးပြီးနောက် BBC က မေးမြန်းခဲ့ရာမှာတော့ မော်ရင်ဟိုက “ ဂိုးပေးလိုက်ရပြီးနောက်မှာ စပါးက ဂိုးသွင်းခွင့် တွေရခဲ့ပေမယ့် ဂိုးရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အသင်းမှာရှိတဲ့ တစ်ချို့ကစားသမားတွေက ကြံခိုင်မှုအပြည့် အဝမှာ ရှိမနေပါဘူး။ ဂိုးမပေးရခင်အချိန်ထိ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကလည်း အံသြဖွယ် ကောင်းတဲ့ ကာကွယ်မှု နှစ်ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


စပါးဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ ဘူဂေးလ်ရီးယားကလပ် လိုကိုမိုးတစ် ပလိုဒစ်နဲ့ အဝေးကွင်းမှာ ယူရိုပါလိဂ် ဒုတိယ အဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

စပါးကစားေတြအေနနဲ႔ သာမန္ေလာက္ပဲ ကစားေနတာေၾကာင့္ အဲဗာတန္ကို ရႈံးတာဆိုၿပီး အျပစ္တင္ခဲ့တဲ့ ေမာ္ရင္ဟို
စပါးနည္းျပ ေမာ္ရင္ဟိုက ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ အဲဗာတန္နဲ႔ ကစားခဲ့ရတဲ့ပြဲမွာ အိမ္ကြင္းမွာကစားရတာျဖစ္ေပ မယ့္ အသင္းမွာရွိတဲ့ ကစားသမားေတြအေနနဲ႔ သာမန္ေလာက္ပဲ ကစားေနခဲ့တာေၾကာင့္ ရႈံးပြဲေတြ႕ခဲ့တာျဖစ္ေၾကာင္း ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ အဲဗာတန္ဟာ စပါးကို တိုက္စစ္မွဴး လီဝင္ရဲ႕ ပြဲခ်ိန္ ၅၅ မိနစ္မွာ သြင္းယူခဲ့တဲ့ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ေမာ္ရင္ဟိုရဲ႕ စပါးကြင္းလယ္ဟာ ဂ်ိမ္းရိုဒရီဂြတ္ဇ္ ပါဝင္လာတဲ့ အဲဗာတန္အသင္းရဲ႕ကြင္းလယ္ကို မယွဥ္ႏိုင္ခဲ့ဘဲ့ ဂ်ိမ္းရိုဒရီ ဂြတ္ဇ္ကလည္း စပါးနဲ႔ပြဲမွာ အေကာင္းဆံုး ေျခစြမ္းျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေမာ္ရင္ဟိုက စပါးအသင္းရဲ႕ ကစားသမားတစ္ ခ်ိဳ႕အေနနဲ႔ ၾကံခိုင္မႈမျပည့္ဝတာေၾကာင့္ အေကာင္းဆံုးမကစားႏိုင္ခဲ့ဘဲ သာမန္ေလာက္ပဲကစားႏိုင္ခဲ့လို႔ ရႈံးခဲ့ရတာလို႔ ေျပာ ခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ စပါးအေနနဲ႔ ၂၂ ရက္အတြင္း ၿပိဳင္ပြဲစံု ၉ ပြဲကစားရမွာေၾကာင့္လည္း ပြဲစဥ္ေရးဆြဲသူေတြကို ေဝဖန္ မႈ ျပဳလုပ္ထားပါတယ္။
အဲဗာတန္ကို ရႈံးၿပီးေနာက္ BBC က ေမးျမန္းခဲ့ရာမွာေတာ့ ေမာ္ရင္ဟိုက “ ဂိုးေပးလိုက္ရၿပီးေနာက္မွာ စပါးက ဂိုးသြင္းခြင့္ ေတြရခဲ့ေပမယ့္ ဂိုးရရွိေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ အသင္းမွာရွိတဲ့ တစ္ခ်ိဳ႕ကစားသမားေတြက ၾကံခိုင္မႈအျပည့္ အဝမွာ ရွိမေနပါဘူး။ ဂိုးမေပးရခင္အခ်ိန္ထိ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ကလည္း အံၾသဖြယ္ ေကာင္းတဲ့ ကာကြယ္မႈ ႏွစ္ၾကိမ္ကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စပါးဟာ စက္တင္ဘာ ၁၇ ရက္ေန႔မွာ ဘူေဂးလ္ရီးယားကလပ္ လိုကိုမိုးတစ္ ပလိုဒစ္နဲ႔ အေဝးကြင္းမွာ ယူရိုပါလိဂ္ ဒုတိယ အဆင့္ ေျခစစ္ပြဲ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး စက္တင္ဘာ ၂၀ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္ကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။