နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ၇ ယောက်မြောက်ကစားသမားခေါ်ယူမှုအဖြစ် မန်ဒီကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ချဲလ်ဆီး

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၂၃၀ ကျော် သုံးစွဲထားပြီး ကစားသမား ၆ ဦးအထိခေါ်ယူထားတဲ့ ချဲလ် ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်သေးတာကြောင့် နောက်ထပ်ကစားသမားသစ်တွေကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လက်စွမ်းကျနေတဲ့ ဂိုးသမားကီပါရဲ့နေရာမှာ အစားထိုးဖို့အတွက် ရန်းနက်စ်ဂိုးသမား မန်ဒီကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။


ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အစောပိုင်းတုန်းက ကီပါရဲ့နေရာမှာ အစားထိုးဖို့အတွက် အော့လဘက်ခ်၊ တာစတီဂန်တို့လို ဂိုးသမားတွေကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့သလို ယူနိုက်တက်ကိုပြန်ရောက်သွားတဲ့ ဒိန်းဟန်ဒါဆန်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင် စားခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကျန်နေသေးတာကြောင့် လမ်းပတ်အနေနဲ့ ရန်းနက်စ်မှာ လက်စွမ်းပြနေတဲ့ မန်ဒီကို ခေါ်ယူဖို့ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။


ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် ဂီနီဘစ်ဆောနိုင်ငံသားဖခင်နဲ့ ဆီနီဂေါနိုင်ငံသား မိခင်တို့က မွေးဖွားလာတဲ့ မန်ဒီ ဟာ ဆီနီဂေါလက်ရွေးစင်ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြင်သစ်တတိယတန်းကလပ် ချာ ဘော့စ်နဲ့ စတင်ခဲ့တဲ့ မန်ဒီဟာ အသက် ၂၃ နှစ်အထိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိခဲ့ဘူး လို့လည်း သိရပါတယ်။


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မန်ဒီဟာ မာဆေး(ဘီ)နဲ့ ရိမ်းစ်အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာတော့ ရန်းနက်စ်ကို ပြောင်းရွှေ့ခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တာကြောင့် ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မန်ဒီ အနေနဲ့ ချဲလ်ဆီးကို ရောက်ရှိလာပါက ပွဲထွက်ခွင့်နေရာအတွက် ကီပါအပြင် ဝါရင့်ဂိုးသမားတစ်ဦးဖြစ်တဲ့ ကာဘယ်လီရိုနဲ့ လည်း ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

zawgyi version

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ၇ ေယာက္ေျမာက္ကစားသမားေခၚယူမႈအျဖစ္ မန္ဒီကို ေခၚယူဖို႔ နီးစပ္ေနတဲ့ ခ်ဲလ္ ဆီး
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေပါင္သန္း ၂၃၀ ေက်ာ္ သံုးစြဲထားၿပီး ကစားသမား ၆ ဦးအထိေခၚယူထားတဲ့ ခ်ဲလ္ ဆီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ေသးတာေၾကာင့္ ေနာက္ထပ္ကစားသမားသစ္ေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး လက္စြမ္းက်ေနတဲ့ ဂိုးသမားကီပါရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ရန္းနက္စ္ဂိုးသမား မန္ဒီကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ အေစာပိုင္းတုန္းက ကီပါရဲ႕ေနရာမွာ အစားထုိးဖို႔အတြက္ ေအာ့လဘက္ခ္၊ တာစတီဂန္တို႔လို ဂိုးသမားေတြကို ေခၚယူဖို႔ ဆက္သြယ္ခဲ့သလို ယူႏိုက္တက္ကိုျပန္ေရာက္သြားတဲ့ ဒိန္းဟန္ဒါဆန္ကိုလည္း ေခၚယူဖို႔ စိတ္ဝင္ စားခဲ့တာ ျဖစ္ပါတယ္။ ဒီကစားသမားေတြဟာ သက္ဆိုင္ရာအသင္းေတြနဲ႔ စာခ်ဳပ္သက္တမ္းက်န္ေနေသးတာေၾကာင့္ လမ္းပတ္အေနနဲ႔ ရန္းနက္စ္မွာ လက္စြမ္းျပေနတဲ့ မန္ဒီကို ေခၚယူဖို႔ လုပ္ေဆာင္လာတာပဲ ျဖစ္ပါတယ္။
ျပင္သစ္ႏိုင္ငံမွာ ေမြးဖြားခဲ့တာျဖစ္ေပမယ့္ ဂီနီဘစ္ေဆာႏိုင္ငံသားဖခင္နဲ႔ ဆီနီေဂါႏိုင္ငံသား မိခင္တို႔က ေမြးဖြားလာတဲ့ မန္ဒီ ဟာ ဆီနီေဂါလက္ေရြးစင္ေဘာလံုးအသင္းရဲ႕ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ျပင္သစ္တတိယတန္းကလပ္ ခ်ာ ေဘာ့စ္နဲ႔ စတင္ခဲ့တဲ့ မန္ဒီဟာ အသက္ ၂၃ ႏွစ္အထိ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္းမရွိခဲ့ဘူး လို႔လည္း သိရပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ မန္ဒီဟာ မာေဆး(ဘီ)နဲ႔ ရိမ္းစ္အသင္းေတြမွာ ကစားခဲ့ၿပီး ၂၀၁၉-၂၀ ေဘာလံုးရာသီမွာေတာ့ ရန္းနက္စ္ကို ေျပာင္းေရႊ႕ခဲ့ၿပီး လက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ မန္ဒီ အေနနဲ႔ ခ်ဲလ္ဆီးကို ေရာက္ရွိလာပါက ပြဲထြက္ခြင့္ေနရာအတြက္ ကီပါအျပင္ ဝါရင့္ဂိုးသမားတစ္ဦးျဖစ္တဲ့ ကာဘယ္လီရိုနဲ႔ လည္း ယွဥ္ၿပိဳင္ရဖို႔ ရွိေနတာ ျဖစ္ပါတယ္။