အသင်းက ထွက်ခွာချင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားတဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်

စနေနေ့က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဖူလ်ဟမ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက် က အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆန်သွားခဲ့ပါတယ်။ နွေရာသီက ခေါ်ယူထားတဲ့ ဝီလီယံ နဲ့ ဂါဘရီရယ်လ်တို့က အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့ပြီး လာကာဇက်လည်း (၁) ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် လာကာဇက်၊ ဂါဘရီရယ်လ် နဲ့ အူဘာမီးယန်းတို့က သွင်းပေးခဲ့ပြီး (၃) ဂိုးစလုံးကို ဝီလီယံက ဂိုးဖန်တီးမှု လုပ်ပေးခဲ့တာပါ။ လာကာဇက်ဟာ အာဆင်နယ်မှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းကနေ ထွက်ခွာပြီး အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

“ကျွန်တော်တစ်ကယ်ပျော်နေပါတယ်။ ကျွန်တော်မပြောဘူးလို့ ပြောတာ သတင်းစာတွေမှာပဲ ရှိပါတယ်။ ဟိုးအရင်ကတည်းက ကျွန်တော်ဟာ အာဆင်နယ်မှာ ပျော်နေပြီး ဖလားတွေရချင်တယ်လို့ပဲ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့လက ကျွန်တော်တို့ ဖလားတွေရခဲ့လို့ ကျွန်တော်အာဆင်နယ်မှာ ပျော်နေပါတယ်” လို့ သူက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

အသင္းက ထြက္ခြာခ်င္တယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားတဲ့ အာဆင္နယ္တိုက္စစ္မွဴး လာကာဇက္

စေနေန႔က ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ဖူလ္ဟမ္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ အာဆင္နယ္တိုက္စစ္မွဴး လာကာဇက္ က အသင္းကေန ထြက္ခြာခ်င္ေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္ျပီး ျငင္းဆန္သြားခဲ့ပါတယ္။ ေႏြရာသီက ေခၚယူထားတဲ့ ၀ီလီယံ နဲ႔ ဂါဘရီရယ္လ္တို႔က အာဆင္နယ္အသင္းအတြက္ ပြဲဦးထြက္မွာ ေျခစြမ္းျပခဲ့ျပီး လာကာဇက္လည္း (၁) ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ လာကာဇက္၊ ဂါဘရီရယ္လ္ နဲ႔ အူဘာမီးယန္းတို႔က သြင္းေပးခဲ့ျပီး (၃) ဂိုးစလံုးကို ၀ီလီယံက ဂိုးဖန္တီးမႈ လုပ္ေပးခဲ့တာပါ။ လာကာဇက္ဟာ အာဆင္နယ္မွာ မေပ်ာ္မရႊင္ျဖစ္ေနျပီး အသင္းကေန ထြက္ခြာျပီး အက္သလက္တီကိုမက္ဒရစ္ကို ေျပာင္းခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တစ္ကယ္ေပ်ာ္ေနပါတယ္။ ကၽြန္ေတာ္မေျပာဘူးလို႔ ေျပာတာ သတင္းစာေတြမွာပဲ ရွိပါတယ္။ ဟိုးအရင္ကတည္းက ကၽြန္ေတာ္ဟာ အာဆင္နယ္မွာ ေပ်ာ္ေနျပီး ဖလားေတြရခ်င္တယ္လို႔ပဲ ေျပာခဲ့တာပါ။ ျပီးခဲ့တဲ့လက ကၽြန္ေတာ္တို႔ ဖလားေတြရခဲ့လို႔ ကၽြန္ေတာ္အာဆင္နယ္မွာ ေပ်ာ္ေနပါတယ္” လို႔ သူက အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။