အသင်းက မာတီနက်ဇ် ထွက်ခွာဖွယ်ရှိနေလို့ ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ်ရာယာကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူရန် ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဂိုးသမားပြဿနာအတွက် အချိန်မဖြုန်းတော့ပဲ ဘရန့်ဖိုဒ့်ဂိုးသမား ဒေးဗစ်ရာယာကို ပေါင် ၁၀ သန်းကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာတီတာရဲ့အသင်းဟာ မာတီနက်ဇ်ကို ဒီနွေရာသီမှာ ပေါင်သန်း ၂၀ နဲ့ အက်စတွန်ဗီလာအသင်းထံ ရောင်းချရန် သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။ The Sun ကအဆိုအရ အာဆင်နယ်အသင်းဟာ ဒေးဗစ်ရာယာကို ခေါ်ယူရန်အတွက် ပေါင် ၁၀ သန်း အသုံးပြုသွားမယ်လို့သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ဂိုးသမားကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်နေပြီ လီနိုရဲ့ အရန်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အာတီတာဟာ အစောကြီးကတည်းက ဂျာမန်ဂိုးသမားကို အသင်းရဲ့ နံပါတ် (၁) ဂိုးသမားအဖြစ် သတ်မှတ်ထားသော်လည်း မာတီနက်ဇ်က အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ကွန်မြူနတီဒိုင်းအောင်မြင်မှုတွေမှာ အဓိက စွမ်းဆောင်ပေးခဲ့ပါတယ်။ မာတီနက်ဇ်ကို အက်စတွန်ဗီလာအသင်းက ကြိုးစားနေတဲ့အပြင် ဘရိုက်တန် အသင်းကလည်း အပြိုင်ခေါ်ယူရန် ဆက်သွယ်နေတာဖြစ်ပါတယ်။

အာဆင်နယ်က ဘရန့်ဖိုဒ့်ဂိုးသမား ရာယာကို ခေါ်ယူမှာဖြစ်လို့ ဘရန့်ဖိုဒ့်အသင်းက ချာလ်တန်ဂိုးသမား ဖီလစ်ကို အစားထိုးရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ စနေနေ့က စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်အသင်းဟာ တန်းတက်ဖူလ်ဟမ်အသင်းကို (၃-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဂိုးသမားနေရာမှာ လီနိုက ပြန်လည်ပါဝင်လာခဲ့ပြီး နောက်ခံလူအသစ် ဂါဘရီရယ်လ်လည်း ပါဝင်ခဲ့ပြီး ဂိုးမပေးခဲ့ရပါဘူး။ မာတီနက်ဇ်ကတော့ အသင်းရဲ့ လူစာရင်းမှာတောင် မပါဝင်ခဲ့ပဲ အက်စတွန်ဗီလာကို သွားရန် ဆေးစစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသင္းက မာတီနက္ဇ္ ထြက္ခြာဖြယ္ရွိေနလို႔ ဘရန္႔ဖိုဒ့္ ဂိုးသမား ေဒးဗစ္ရာယာကို ေပါင္ ၁၀ သန္းနဲ႔ ေခၚယူရန္ ျပင္ဆင္ေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဂိုးသမားျပႆနာအတြက္ အခ်ိန္မျဖဳန္းေတာ့ပဲ ဘရန္႔ဖိုဒ့္ဂိုးသမား ေဒးဗစ္ရာယာကို ေပါင္ ၁၀ သန္းကမ္းလွမး္ရန္ ျပင္ဆင္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အာတီတာရဲ႕အသင္းဟာ မာတီနက္ဇ္ကို ဒီေႏြရာသီမွာ ေပါင္သန္း ၂၀ နဲ႔ အက္စတြန္ဗီလာအသင္းထံ ေရာင္းခ်ရန္ သေဘာတူညီမႈ ရထားျပီျဖစ္ပါတယ္။ The Sun ကအဆိုအရ အာဆင္နယ္အသင္းဟာ ေဒးဗစ္ရာယာကို ေခၚယူရန္အတြက္ ေပါင္ ၁၀ သန္း အသံုးျပဳသြားမယ္လို႔သိရပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ဂိုးသမားကလည္း ပရီးမီးယားလိဂ္မွာ ကစားခ်င္ေနျပီ လီႏိုရဲ႕ အရန္အျဖစ္ ကစားရမွာ ျဖစ္ပါတယ္။ အာတီတာဟာ အေစာၾကီးကတည္းက ဂ်ာမန္ဂိုးသမားကို အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမားအျဖစ္ သတ္မွတ္ထားေသာ္လည္း မာတီနက္ဇ္က အက္ဖ္ေအဖလား ဗိုလ္လုပြဲနဲ႔ ကြန္ျမဴနတီဒိုင္းေအာင္ျမင္မႈေတြမွာ အဓိက စြမ္းေဆာင္ေပးခဲ့ပါတယ္။ မာတီနက္ဇ္ကို အက္စတြန္ဗီလာအသင္းက ၾကိဳးစားေနတဲ့အျပင္ ဘရိုက္တန္ အသင္းကလည္း အျပိဳင္ေခၚယူရန္ ဆက္သြယ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္က ဘရန္႔ဖိုဒ့္ဂိုးသမား ရာယာကို ေခၚယူမွာျဖစ္လို႔ ဘရန္႔ဖိုဒ့္အသင္းက ခ်ာလ္တန္ဂိုးသမား ဖီလစ္ကို အစားထိုးရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ စေနေန႔က စတင္ခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အာဆင္နယ္အသင္းဟာ တန္းတက္ဖူလ္ဟမ္အသင္းကို (၃-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဂိုးသမားေနရာမွာ လီႏိုက ျပန္လည္ပါ၀င္လာခဲ့ျပီး ေနာက္ခံလူအသစ္ ဂါဘရီရယ္လ္လည္း ပါ၀င္ခဲ့ျပီး ဂိုးမေပးခဲ့ရပါဘူး။ မာတီနက္ဇ္ကေတာ့ အသင္းရဲ႕ လူစာရင္းမွာေတာင္ မပါ၀င္ခဲ့ပဲ အက္စတြန္ဗီလာကို သြားရန္ ေဆးစစ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။