အက်စတွန်ဗီလာအသင်းကို ရှုံးခဲ့တဲ့ ခြေစမ်းပွဲမှာ ဇီဒန်းအကွက်ပြခဲ့တဲ့ ယူနိုက်တက် ကစားသမားအသစ် ဗန်ဒီဘိခ်ကို ပရိသတ်တွေ ချီးကျူး

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုကို အစောကြီးကတည်းက ခံထားရလိုက်ပြီ ဖြစ်ပါတယ်။ ဒက်ချ်ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်အင်္ကျီကို ပထမဆုံး အကြိမ် ဝတ်ဆင်ခဲ့ပြီး စနေနေ့က အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ သြဂုတ်လက ကစားခဲ့တဲ့ ယူရိုပါလိဂ်နောက်ပိုင်းပွဲတွေကို ကစားခဲ့ရလို့ မနေ့က စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ စပြီးမကစားခဲ့ရပဲ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ ဗန်ဒီဘိခ်ဟာ အက်စတွန်ဗီလာ ကစားသမား (၂) ယောက်ရှိတဲ့ကြားက ဘောလုံးကို ဝင်ရောက်လုယူပြီး နေရာလွတ်ကို ဆွဲယူပြေးခဲ့တဲ့အကွက်ကို လုပ်ပြခဲ့ပါတယ်။ အဆိုပါ ပြကွက်ကို ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကစားသမားကြီး ဇီဒန်းက ကြိမ်ဖန်များစွာ လုပ်ပြခဲ့လို့ ဇီဒန်းအကွက်လို့ တင်စားခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

အက်စတွန်ဗီလာ နဲ့ ယူနိုက်တက် ခြေစမ်းပွဲမှာ အဆိုပါဗီဒီယို အစိတ်အပိုင်းလေးက ယူနိုက်တက်ကစားသမားအသစ် ဗန်ဒီဘိခ်ကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက်တော့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက ဗန်ဒီဘိကစားတာကို ထပ်ပြီး ကြည့်ရဖို့ စောင့်မနေနိုင်တော့ဘူးလို့ ပြောဆိုနေကြပါတယ်။ ခြေစမ်းပွဲမှတော့ ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာတိုက်စစ်ကစားသမားအသစ် ဝက်ကင်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အက္စတြန္ဗီလာအသင္းကို ရႈံးခဲ့တဲ့ ေျခစမ္းပြဲမွာ ဇီဒန္းအကြက္ျပခဲ့တဲ့ ယူႏုိက္တက္ ကစားသမားအသစ္ ဗန္ဒီဘိခ္ကို ပရိသတ္ေတြ ခ်ီးက်ဴး

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ အားေပးခ်ီးက်ဴးမႈကို အေစာၾကီးကတည္းက ခံထားရလိုက္ျပီ ျဖစ္ပါတယ္။ ဒက္ခ်္ကြင္းလယ္ကစားသမားဟာ ယူႏိုက္တက္အက်ၤီကို ပထမဆံုး အၾကိမ္ ၀တ္ဆင္ခဲ့ျပီး စေနေန႔က အက္စတြန္ဗီလာအသင္းနဲ႔ ေျခစမ္းပြဲမွာ ၀င္ေရာက္ကစားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၾသဂုတ္လက ကစားခဲ့တဲ့ ယူရိုပါလိဂ္ေနာက္ပိုင္းပြဲေတြကို ကစားခဲ့ရလို႔ မေန႔က စတင္ခဲ့တဲ့ ပရီးမီးယားလိဂ္ျပိဳင္ပြဲ မွာ စျပီးမကစားခဲ့ရပဲ ေျခစမ္းပြဲကစားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီပြဲမွာ ဗန္ဒီဘိခ္ဟာ အက္စတြန္ဗီလာ ကစားသမား (၂) ေယာက္ရွိတဲ့ၾကားက ေဘာလံုးကို ၀င္ေရာက္လုယူျပီး ေနရာလြတ္ကို ဆြဲယူေျပးခဲ့တဲ့အကြက္ကို လုပ္ျပခဲ့ပါတယ္။ အဆုိပါ ျပကြက္ကို ရီးရဲလ္မက္ဒရစ္ဂႏၱ၀င္ကစားသမားၾကီး ဇီဒန္းက ၾကိမ္ဖန္မ်ားစြာ လုပ္ျပခဲ့လို႔ ဇီဒန္းအကြက္လို ႔ တင္စားေခၚဆိုခဲ့ၾကတာျဖစ္ပါတယ္။

အက္စတြန္ဗီလာ နဲ႔ ယူႏိုက္တက္ ေျခစမ္းပြဲမွာ အဆိုပါဗီဒီယုိ အစိတ္အပိုင္းေလးက ယူႏိုက္တက္ကစားသမားအသစ္ ဗန္ဒီဘိခ္ကို ေမွ်ာ္လင့္ေနတဲ့ ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာ ျဖစ္ခဲ့ပါတယ္။ ပရိသတ္ေတြက ဗန္ဒီဘိ္ကစားတာကို ထပ္ျပီး ၾကည့္ရဖို႔ ေစာင့္မေနႏိုင္ေတာ့ဘူးလို႔ ေျပာဆိုေနၾကပါတယ္။ ေျခစမ္းပြဲမွေတာ့ ယူႏိုက္တက္အသင္းဟာ အက္စတြန္ဗီလာတိုက္စစ္ကစားသမားအသစ္ ၀က္ကင္စ္ရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။