ကျွန်တော့်ကိုယ် ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝပြီး ကစားနိုင်တယ်လို့ ခံစားရတယ် လို့ ဆိုလိုက်တဲ့ အဲဗာတန် ကစားသမားအသစ် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်

အဲဗာတန်အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားအသစ် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ကစားဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ နည်းပြ အန်စလော့တီကို ပြောသွားခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်အသင်းကို ပြီးခဲ့တဲ့အပတ်က ပေါင် ၁၂ သန်းနဲ့ မပြောင်းရွှေ့မီ ရီးရဲလ်အသင်းမှာ ကစားခွင့်ရရန် ရုန်းကန်ခဲ့ရပေမယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားက ကစားနိုင်တယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော်အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ ကြံ့ခိုင်မှုလည်းပြည့်ဝပြီး အခုချက်ချင်းကစားနိုင်တယ်လို့ ခံစားနေရပါတယ်” လို့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ပြောသွားခဲ့ပါတယ်။ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းပြကစားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ (၂) နှစ်အငှားသွားရောက်ကစားခဲ့ပါတယ်။ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ လက်ရှိအဲဗာတန်နည်းပြ အန်စလော့တီ နဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်အသင်းတွေဆီမှာ အတူတူ လက်တွဲခဲ့သူလည်း ဖြစ်ပါတယ်။

ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ၾက့ံခိုင္မႈ ျပည့္၀ျပီး ကစားႏိုင္တယ္လို႔ ခံစားရတယ္ လို႔ ဆိုလိုက္တဲ့ အဲဗာတန္ ကစားသမားအသစ္ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္

အဲဗာတန္အသင္းက အသစ္ေခၚယူထားတဲ့ ကစားသမားအသစ္ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္က စပါးအသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ကစားဖို႔ အဆင့္သင့္ျဖစ္ေနတယ္လို႔ နည္းျပ အန္စေလာ့တီကို ေျပာသြားခဲ့ပါတယ္။ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ဟာ အဲဗာတန္အသင္းကို ျပီးခဲ့တဲ့အပတ္က ေပါင္ ၁၂ သန္းနဲ႔ မေျပာင္းေရႊ႕မီ ရီးရဲလ္အသင္းမွာ ကစားခြင့္ရရန္ ရုန္းကန္ခဲ့ရေပမယ့္ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားက ကစားႏိုင္တယ္လို႔ ယံုၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္အဆင္သင့္ျဖစ္ေနျပီလို႔ ခံစားရပါတယ္။ ၾကံ့ခိုင္မႈလည္းျပည့္၀ျပီး အခုခ်က္ခ်င္းကစားႏိုင္တယ္လို႔ ခံစားေနရပါတယ္” လို႔ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္က ေျပာသြားခဲ့ပါတယ္။ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ဟာ ၂၀၁၄ ကမာၻ႕ဖလားမွာ ကိုလံဘီယာအသင္းနဲ႔ ေျခစြမ္းျပကစားျပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ရုန္းကန္ခဲ့ရျပီး ဘိုင္ယန္ျမဴးနစ္အသင္းဆီ (၂) ႏွစ္အငွားသြားေရာက္ကစားခဲ့ပါတယ္။ဂ်ိမး္စ္ရိုဒရီဂြတ္ဇ္ဟာ လက္ရွိအဲဗာတန္နည္းျပ အန္စေလာ့တီ နဲ႔ ရီးရဲလ္မက္ဒရစ္ ၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြဆီမွာ အတူတူ လက္တြဲခဲ့သူလည္း ျဖစ္ပါတယ္။