လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ အမှားလုပ်ခဲ့တဲ့ ဗန်ဒိုက်ချ်ကို စိတ်ကြီးဝင်ပြီး မာန်တက်နေတဲ့ ကစားသမားလို့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါ ပြင်းပြင်းထန်ထန်ဝေဖန်
လီဗာပူးလ်နဲ့ လိဒ်ယူနိုက်တက် ကစားခဲ့တဲ့ မနေ့ညက ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ နောက်ခံလူ ဗန်ဒိုက်ချ်ကို ကစားသမားဟောင်း ကာရေဂါက ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ ပင်နယ်တီဧရိယာအတွင်းမှာ ဘောလုံး ထိန်းသိမ်းပုံမသေသပ်လို့ လိဒ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖိုဒ့်က ဒုတိယမြောက် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ကြိုးကြာနီ ကစားသမားဟောင်း ကာရေဂါက အဆိုပါ ချေပဂိုးနဲ့ ပတ်သက်ပြီး ဗန်ဒိုက်ချ်ကို စိတ်ကြီးဝင်ပြီး မာန်တက်နေတဲ့ ကစားသမားလို့ ဝေဖန်သွားခဲ့ပါတယ်။ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို ပထမပိုင်း ၄၅ မိနစ်မှာ အကောင်းဆုံး တုံ့ပြန်ကစားသွားခဲ့ပြီး ပထမချေပဂိုးကလည်း ဟာရီဆန် ဘယ်ခြမ်းကနေ အာနိုးလ်နဲ့ ဂိုးမက်ဇ်ကို ကျော်ဖြတ်ပြီး ဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
စကိုင်းစပေါ့က ဘောလုံးသတင်းကြေညာသူဖြစ်တဲ့ ကာရေဂါက “ဒီပွဲက အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။ ဒီပွဲက ပွဲချိန် (၁၇) မိနစ်အတိုင်းသာ မိနစ် (၉၀) စလုံးသွားရင် ပွဲအပြီးမှာ (၇-၇) ဖြစ်သွားနိုင်ပါတယ်။ အလစ်ဆန်ကြည့်ရတာလည်း ပျော်ပုံမပေါ်ပါဘူး။ သူက ဗဟိုနောက်ခံလူ နှစ်ယောက်ကြားမှာ နေနေရတာလေ။ ဗန်ဒိုက်ချ်က အရမ်းကို စိတ်ကြီးဝင်ပြီး မာန်တက်နေတယ်” လို့ ပြောသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် ဆာလာက ပင်နယ်တီ (၂) ဂိုးအပါအဝင် ဟက်ထရစ်သွင်းပြီး ဗန်ဒိုက်ချ်က တစ်ဂိုး ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းအတွက် ဟာရစ်ဆန်၊ ဘမ်းဖိုဒ့် နဲ့ ကလစ်ချ် တို့က ချေပဂိုးတွေကို အသီးသီးသွင်းယူပေးသွားခဲ့ပါတယ်။
လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ အမှားလုပ်ခဲ့တဲ့ ဗန်ဒိုက်ခ်ျကို စိတ်ကြီးဝင်ပြီး မာန်တက်နေတဲ့ ကစားသမားလို့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါ ပြင်းပြင်းထန်ထန်ဝေဖန်
လီဗာပူးလ်အသင်းအတွက် ဆာလာက ပင်နယ်တီ (၂) ဂိုးအပါအ၀င် ဟက်ထရစ်သွင်းပြီး ဗန်ဒိုက်ခ်ျက တစ်ဂိုး ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းအတွက် ဟာရစ်ဆန်၊ ဘမ်းဖိုဒ့် နဲ့ ကလစ်ခ်ျ တို့က ချေပဂိုးတွေကို အသီးသီးသွင်းယူပေးသွားခဲ့ပါတယ်။