ရှုံးပွဲအတွက် တစ်ယောက်တည်းကိုပဲ အပြစ်တင်လို့ မရဘူးလို့ လီဗာပူးလ်နဲ့ ပွဲမှာ နောက်ကျ ပင်နယ်တီ ပေးခံလိုက်ရတာနဲ့ ပတ်သက်ပြီး တိုက်စစ်မှူး ရိုဒရီဂိုကို ကာကွယ်ပြောဆိုလိုက်တဲ့ လိဒ်ယူနိုက်တက်နည်းပြ

ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ စနေနေ့က လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ အဝေးကွင်းကို သွားရောက်ရင်ဆိုင်ကစားရမှာ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး နောက်ကျ ပင်နယ်တီဂိုးကြောင့်သာ ရှုံးခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြ ဘီယယ်ဆာက အသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ရိုဒရီဂိုက ပင်နယ်တီ ဧရိယာအတွင်းမှာ ပြစ်ဒဏ်ဘောကျူးလွန်လိုက်တာနဲ့ ပတ်သက်ပြီး အပြစ်တင်ရန် ငြင်းဆန်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး (၃) ကြိမ်တိုင် ရယူနိုင်ခဲ့ပေမယ့် လိဒ်ယူနိုက်တက်အသင်းက ပြန်လည်ချေပဂိုးတွေ သွင်းယူပေးခဲ့ပြီး (၁) ရေ တစ်မှတ်နဲ့ ထိုက်တန်ခဲ့ပေမယ့် ပွဲပြီးခါနီး (၂) မိနစ်အလိုမှာ လူစားဝင်ရောက်လာတဲ့ တိုက်စစ်မှူး ရိုဒရီဂိုက လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ဟိုကို ပင်နယ်တီဧရိယာအတွင်းမှာ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဆာလာက အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ကန်သွင်းယူခဲ့ပြီး ဟက်ထရစ်မြောက်သွင်းဂိုးကို သွင်းပေးခဲ့ပါတယ်။

“သူကိုယ်တိုင်က အမှားလုပ်ခဲ့ရင်တောင် ရှုံးပွဲအတွက် တစ်ယောက်တည်းကို အပြစ်တင်လို့ မရနိုင်ပါဘူး။ ရိုဒရီဂို လုပ်ခဲ့တဲ့ ပြစ်ဒဏ်ဘောနဲ့ ရလဒ်က ဘာမှ မပတ်သက်ပါဘူး။ လီဗာပူးလ်အသင်းကို ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်လိုက်တာကလည်း အခွင့်အရေး ရလိုက်တာနဲ့ ပဲ တူတာပါ။ လီဗာပူးလ်တစ်သင်းလုံးကလည်း အရမ်းကို ကောင်းတာပါ” လို့ လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာက ပြောသွားခဲ့တာဖြစ်ပါတယ်။

ရႈံးပြဲအတြက္ တစ္ေယာက္တည္းကိုပဲ အျပစ္တင္လုိ႔ မရဘူးလို႔ လီဗာပူးလ္နဲ႔ ပြဲမွာ ေနာက္က် ပင္နယ္တီ ေပးခံလိုက္ရတာနဲ႔ ပတ္သက္ျပီး တုိက္စစ္မွဴး ရိုဒရီဂိုကို ကာကြယ္ေျပာဆိုလိုက္တဲ့ လိဒ္ယူႏိုက္တက္နည္းျပ

ပရီးမီးယားလိဂ္ကို ျပန္လည္တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္အသင္းဟာ စေနေန႔က လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးလ္အသင္းနဲ႔ အေ၀းကြင္းကို သြားေရာက္ရင္ဆိုင္ကစားရမွာ အေကာင္းဆံုး တံု႔ျပန္ကစားႏိုင္ခဲ့ျပီး ေနာက္က် ပင္နယ္တီဂိုးေၾကာင့္သာ ရႈံးခဲ့ရတာျဖစ္ပါတယ္။ သို႔ေသာ္လည္း နည္းျပ ဘီယယ္ဆာက အသင္းကေန စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ရိုဒရီဂိုက ပင္နယ္တီ ဧရိယာအတြင္းမွာ ျပစ္ဒဏ္ေဘာက်ဴးလြန္လိုက္တာနဲ႔ ပတ္သက္ျပီး အျပစ္တင္ရန္ ျငင္းဆန္သြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းက ဦးေဆာင္ဂိုး (၃) ၾကိမ္တိုင္ ရယူႏိုင္ခဲ့ေပမယ့္ လိဒ္ယူႏိုက္တက္အသင္းက ျပန္လည္ေခ်ပဂိုးေတြ သြင္းယူေပးခဲ့ျပီး (၁) ေရ တစ္မွတ္နဲ႔ ထိုက္တန္ခဲ့ေပမယ့္ ပြဲျပီးခါနီး (၂) မိနစ္အလိုမွာ လူစား၀င္ေရာက္လာတဲ့ တိုက္စစ္မွဴး ရိုဒရီဂိုက လီဗာပူးလ္ကြင္းလယ္လူ ဖာဘင္ဟိုကို ပင္နယ္တီဧရိယာအတြင္းမွာ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့တာျဖစ္ပါတယ္။ ဆာလာက အဆိုပါ ပင္နယ္တီ ျပစ္ဒဏ္ေဘာကို ကန္သြင္းယူခဲ့ျပီး ဟက္ထရစ္ေျမာက္သြင္းဂိုးကို သြင္းေပးခဲ့ပါတယ္။

“သူကိုယ္တိုင္က အမွားလုပ္ခဲ့ရင္ေတာင္ ရႈံးပြဲအတြက္ တစ္ေယာက္တည္းကို အျပစ္တင္လို႔ မရႏိုင္ပါဘူး။ ရိုဒရီဂို လုပ္ခဲ့တဲ့ ျပစ္ဒဏ္ေဘာနဲ႔ ရလဒ္က ဘာမွ မပတ္သက္ပါဘူး။ လီဗာပူးလ္အသင္းကို ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္လိုက္တာကလည္း အခြင့္အေရး ရလိုက္တာနဲ႔ ပဲ တူတာပါ။ လီဗာပူးလ္တစ္သင္းလံုးကလည္း အရမ္းကို ေကာင္းတာပါ” လို႔ လိဒ္ယူႏိုက္တက္နည္းျပ ဘီယယ္ဆာက ေျပာသြားခဲ့တာျဖစ္ပါတယ္။