အူဘာမီးယန်းကို အာဆင်နယ်အသင်း မဖြစ်မနေ စာချုပ်သစ်ချုပ်ရမယ်လို့ ပြောဆိုလိုက်တဲ့ ဂန္တဝင်ကစားသမား အီယန်ရိုက်

  အာဆင်နယ်ဂန္တဝင်ကစားသမား အီယန်ရိုက်က ဂန်းနားတို့အနေနဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းကို စာချုပ်သစ် မဖြစ်မနေချုပ်ရမယ်လို့ ပြောသွားခဲ့ပါတယ်။ အူဘာမီးယန်းရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာသော်လည်း ယခုအချိန်အထိ တရားဝင်လက်မှတ်မထိုးရသေးဘူး ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ စနေနေ့က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပထမဆုံးအဖွင့်ပွဲမှာ တစ်ဂိုး သွင်းပေးခဲ့ပြီး ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ (၃-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အီယန်ရိုက်က အူဘာမီးယန်းကို လိုအပ်ပါက သူကိုယ်တိုင်ပဲ စာချုပ်ချုပ်သွားမယ်လို့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး နောက်ပြောင်ပြောသွားခဲ့တာဖြစ်ပါတယ်။ ဘီဘီစီ အားကစားအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်ကာ က “အာဆင်နယ်အသင်းက အသင်းကို ကစားသမားအသစ်ခေါ်ယူမှုတွေ လုပ်ရပါမယ် ဒါပေမယ့် အူဘာမီးယန်းကို စာချုပ်သစ်အရင်ချုပ်တာက အကောင်းဆုံးဖြစ်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။

အီယန်ရိုက်ကလည်း အဲ့ဒါနဲ့ ပတ်သက်ပြီး “သူက အကောင်းဆုံး ခေါ်ယူမှုဖြစ်မှာပါ။ ကျွန်တော်မနက်ဖြန် အူဘာမီးယန်း နဲ့ သွားတွေ့မှာပါ။ သူတို့ သူ့ကို လက်မှတ်ထိုးမှာပါ။ ဒါက အရှင်းဆုံးပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ အလန်ရှီးယားကလည်း “သူ့ကို မင်းကိုယ်တိုင် စာချုပ်ချုပ်မှာလား”လို့ မေးမြန်းခဲ့ရာ အီယန်ရိုက်က “တစ်ကယ်လို့ လုပ်ရမယ်ဆိုရင် သူ့ကို လက်မှတ်ထိုးမှာပါ” လို့ ပြောသွားခဲ့ပါတယ်။ အဲ့ဒီနောက်ဂယ်ရီလိုင်ကာ “ဒါက ဖြစ်လာတော့မှာပါ။ စိတ်အေးအေးထားပါ” လို့ ထပ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

အူဘာမီးယန်းဟာ အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား အောင်ပွဲမှာလည်း နည်းပြအာတီတာရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ပဲ ကစားခဲ့ပြီး ဂိုးတွေသွင်းယူပေးခဲ့သူပါ။ သူဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ်က ရောက်ရှိလာပြီး အသင်းအတွက် (၁၁၁) ပွဲကစားထားကာ (၇၂) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီသစ်အတွက် ဝီလီယံ ၊ ဂါဘရီရယ်လ် တို့ကို ခေါ်ယူထားပြီး ရီးရဲလ်မက်ဒရစ်က စီဘယ်လိုစ့်ကိုလည်း အငှားနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။အာဆင်နယ်နည်းပြ အာတီတာက နောက်ထပ် ကွင်းလယ်လူတစ်ယောက်လောက် အနည်းဆုံးခေါ်ယူချင်ပေမယ့် အူဘာမီးယန်းကို စာချုပ်သစ်ချုပ်ရမှာကလည်း အရေးကြီးနေတာဖြစ်ပါတယ်။

အူဘာမီးယန္းကို အာဆင္နယ္အသင္း မျဖစ္မေန စာခ်ဳပ္သစ္ခ်ဳပ္ရမယ္လို႔ ေျပာဆိုလိုက္တဲ့ ဂႏၱ၀င္ကစားသမား အီယန္ရိုက္

အာဆင္နယ္ဂႏၱ၀င္ကစားသမား အီယန္ရိုက္က ဂန္းနားတို႔အေနနဲ႔ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းကို စာခ်ဳပ္သစ္ မျဖစ္မေနခ်ဳပ္ရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ အူဘာမီးယန္းရဲ႕ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆံုးႏွစ္ထဲကို ၀င္ေရာက္ေနျပီး အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ နီးစပ္ေနျပီလို႔ သတင္းေတြ ထြက္ေပၚလာေသာ္လည္း ယခုအခ်ိန္အထိ တရား၀င္လက္မွတ္မထိုးရေသးဘူး ျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္တုိက္စစ္ကစားသမားဟာ စေနေန႔က အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ပထမဆံုးအဖြင့္ပြဲမွာ တစ္ဂိုး သြင္းေပးခဲ့ျပီး ဖူလ္ဟမ္အသင္းကို အေ၀းကြင္းမွာ (၃-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။

အီယန္ရိုက္က အူဘာမီးယန္းကို လိုအပ္ပါက သူကိုယ္တိုင္ပဲ စာခ်ဳပ္ခ်ဳပ္သြားမယ္လို႔ စာခ်ဳပ္သစ္ကိစၥနဲ႔ ပတ္သက္ျပီး ေနာက္ေျပာင္ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဘီဘီစီ အားကစားအစီအစဥ္တင္ဆက္သူ ဂယ္ရီလိုင္ကာ က “အာဆင္နယ္အသင္းက အသင္းကို ကစားသမားအသစ္ေခၚယူမႈေတြ လုပ္ရပါမယ္ ဒါေပမယ့္ အူဘာမီးယန္းကို စာခ်ဳပ္သစ္အရင္ခ်ဳပ္တာက အေကာင္းဆံုးျဖစ္မွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

အီယန္ရိုက္ကလည္း အဲ့ဒါနဲ႔ ပတ္သက္ျပီး “သူက အေကာင္းဆံုး ေခၚယူမႈျဖစ္မွာပါ။ ကၽြန္ေတာ္မနက္ျဖန္ အူဘာမီးယန္း နဲ႔ သြားေတြ႔မွာပါ။ သူတို႔ သူ႔ကို လက္မွတ္ထိုးမွာပါ။ ဒါက အရွင္းဆံုးပါ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ အလန္ရွီးယားကလည္း “သူ႔ကို မင္းကိုယ္တိုင္ စာခ်ဳပ္ခ်ဳပ္မွာလား”လို႔ ေမးျမန္းခဲ့ရာ အီယန္ရိုက္က “တစ္ကယ္လို႔ လုပ္ရမယ္ဆိုရင္ သူ႔ကို လက္မွတ္ထိုးမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။ အဲ့ဒီေနာက္ဂယ္ရီလုိင္ကာ “ဒါက ျဖစ္လာေတာ့မွာပါ။ စိတ္ေအးေအးထားပါ” လို႔ ထပ္ျပီးေျပာသြားခဲ့တာျဖစ္ပါတယ္။

အူဘာမီးယန္းဟာ အာဆင္နယ္အသင္းရဲ႕ ျပီးခဲ့တဲ့ရာသီက အက္ဖ္ေအဖလား ေအာင္ပြဲမွာလည္း နည္းျပအာတီတာရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ပဲ ကစားခဲ့ျပီး ဂိုးေတြသြင္းယူေပးခဲ့သူပါ။ သူဟာ အာဆင္နယ္အသင္းကို ၂၀၁၈ ခုႏွစ္က ေရာက္ရွိလာျပီး အသင္းအတြက္ (၁၁၁) ပြဲကစားထားကာ (၇၂) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ရာသီသစ္အတြက္ ၀ီလီယံ ၊ ဂါဘရီရယ္လ္ တို႔ကို ေခၚယူထားျပီး ရီးရဲလ္မက္ဒရစ္က စီဘယ္လုိစ့္ကိုလည္း အငွားနဲ႔ ျပန္လည္ေခၚယူခဲ့ပါတယ္။အာဆင္နယ္နည္းျပ အာတီတာက ေနာက္ထပ္ ကြင္းလယ္လူတစ္ေယာက္ေလာက္ အနည္းဆံုးေခၚယူခ်င္ေပမယ့္ အူဘာမီးယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ရမွာကလည္း အေရးၾကီးေနတာျဖစ္ပါတယ္။