ဖူလ်ဟမ်နဲ့ ကစားမယ့် ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းနေစဉ် စီဘယ်လိုစ့် နဲ့ အန်ကီတီယာ တို့ ခိုက်ရန်ဖြစ်ပွား

အာဆင်နယ်ကစားသမား (၂) ယောက်ဖြစ်တဲ့ စီဘယ်လိုစ့် နဲ့ အန်ကီတီယာ တို့ ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ မကစားခင် သွေးပူလေ့ကျင့်ခန်းဆင်းနေစဉ် ခိုက်ရန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဘောလုံးကို ခွေးရူးလုပ်တန်းလုပ်နေစဉ်မှာ စီဘယ်လိုစ့်က စိတ်ရှုပ်ဟန်ဖြစ်ပေါ်လာပြီး လူငယ်တိုက်စစ်ကစားသမားဆီကို ပြင်းပြင်းထန်ထန် ဘောလုံးကို ဝင်လုခဲ့တာဖြစ်ပါတယ်။ သူတို့ (၂) ယောက်ဟာ ပြင်းထန်တဲ့ စကားလုံးတွေ သုံးခဲ့ပြီးနောက် ဖြစ်လုနီးပါး ဖြစ်ခဲ့ပြီး အသင်းဖော်တွေက ဝင်ရောက်ဖြေရှင်းခဲ့ရပါတယ်။

BT Sport အားကစားပညာရှင် ဖာဒီနန်ကတော့ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီဖြစ်ရပ်အပေါ် အရမ်းစိတ်ပျက်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ “ဒါမျိုးဖြစ်ရပ်က တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ဒါမျိုးကို လေ့ကျင့်ရေးကွင်းမှာ တစ်ပတ် တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်ဖြစ်တာကို မြင်ရနိုင်ပါတယ်။ အဲ့ဒါကြောင့် အာတီတာလည်း မြင်နေကြဖြစ်လို့ အရမ်း စိတ်ပျက်နေမှာ မဟုတ်ပါဘူး” လို့ ဖာဒီနန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ပရီးမီးယားလိဂ် ရာသီမစတင်ခင်ကတည်းက ဒီဖြစ်ရပ်ကို မြင်ရလိုက်တဲ့အခါမှာ “စီဘယ်လိုစ့် နဲ့ အန်ကီတီယာ တို့က မကန်ခင်ကတည်းက ရန်ဖြစ်နေကြပြီ။ အာဆင်နယ်အသင်းအတွက်တော့ ရှည်လျားတဲ့ ရာသီတစ်ခုဖြစ်မှာပါ” လို့ တွစ်တာမှာ ရေးသားသွားခဲ့တာဖြစ်ပါတယ်။

ဖူလ္ဟမ္နဲ႔ ကစားမယ့္ ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းဆင္းေနစဥ္ စီဘယ္လိုစ့္ နဲ႔ အန္ကီတီယာ တို႔ ခိုက္ရန္ျဖစ္ပြား

အာဆင္နယ္ကစားသမား (၂) ေယာက္ျဖစ္တဲ့ စီဘယ္လိုစ့္ နဲ႔ အန္ကီတီယာ တို႔ ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲျဖစ္တဲ့ ဖူလ္ဟမ္အသင္းနဲ႔ မကစားခင္ ေသြးပူေလ့က်င့္ခန္းဆင္းေနစဥ္ ခိုက္ရန္ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ေဘာလံုးကို ေခြးရူးလုပ္တန္းလုပ္ေနစဥ္မွာ စီဘယ္လိုစ့္က စိတ္ရႈပ္ဟန္ျဖစ္ေပၚလာျပီး လူငယ္တိုက္စစ္ကစားသမားဆီကို ျပင္းျပင္းထန္ထန္ ေဘာလံုးကို ၀င္လုခဲ့တာျဖစ္ပါတယ္။ သူတို႔ (၂) ေယာက္ဟာ ျပင္းထန္တဲ့ စကားလံုးေတြ သံုးခဲ့ျပီးေနာက္ ျဖစ္လုနီးပါး ျဖစ္ခဲ့ျပီး အသင္းေဖာ္ေတြက ၀င္ေရာက္ေျဖရွင္းခဲ့ရပါတယ္။

BT Sport အားကစားပညာရွင္ ဖာဒီနန္ကေတာ့ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ဒီျဖစ္ရပ္အေပၚ အရမ္းစိတ္ပ်က္မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ “ဒါမ်ိဳးျဖစ္ရပ္က တစ္ခါတစ္ေလ ျဖစ္တတ္ပါတယ္။ ဒါမ်ိဳးကို ေလ့က်င့္ေရးကြင္းမွာ တစ္ပတ္ တစ္ၾကိမ္ ကေန ႏွစ္ၾကိမ္ေလာက္ျဖစ္တာကို ျမင္ရႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ အာတီတာလည္း ျမင္ေနၾကျဖစ္လို႔ အရမ္း စိတ္ပ်က္ေနမွာ မဟုတ္ပါဘူး” လို႔ ဖာဒီနန္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့ ပရီးမီးယားလိဂ္ ရာသီမစတင္ခင္ကတည္းက ဒီျဖစ္ရပ္ကို ျမင္ရလိုက္တဲ့အခါမွာ “စီဘယ္လိုစ့္ နဲ႔ အန္ကီတီယာ တို႔က မကန္ခင္ကတည္းက ရန္ျဖစ္ေနၾကျပီ။ အာဆင္နယ္အသင္းအတြက္ေတာ့ ရွည္လ်ားတဲ့ ရာသီတစ္ခုျဖစ္မွာပါ” လို႔ တြစ္တာမွာ ေရးသားသြားခဲ့တာျဖစ္ပါတယ္။