နောက်ခံလူ အဲရစ်ဂါစီယာအတွက် မန်စီးတီးအသင်းက တောင်းတဲ့ ဈေးကို မပေးချင်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းက နောက်ခံလူ အဲရစ်ဂါစီယာအတွက် သတ်မှတ်ထားတဲ့ ယူရိုသန်း ၃၀ တန်ကြေးကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေးရန် ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အဲရစ်ဂါစီယာ ဘာစီလိုနာ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပုံမှန်ကစားခွင့်ရလာပြီး ပြိုင်ပွဲစုံ ပွဲ (၂၀) အထိ ကစားထားသူဖြစ်ပါတယ်။

နောက်နှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘူးလို့ ဖွင့်ဟပြောဆိုထားလို့ ယခုအချိန် မရောင်းရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမယ်လို့ သိရပါတယ်။ မာကာ သတင်းဌာနက အဆိုအရ ဘာစီလိုနာအသင်းက စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေတဲ့ လူငယ်ကစားသမားအတွက် မန်စီးတီးအသင်းက သတ်မှတ်ထားတဲ့ ယူရိုသန်း ၃၀ ကို မပေးချင်ဘူး ဖြစ်နေပါတယ်။

ဂွါဒီယိုလာရဲ့ အသင်းကတော့ နောက်ခံလူ ဒီနွေရာသီမှာ အသင်းက မထွက်ခွာဘူးဆိုပါက စာချုပ်သက်တမ်းတိုးရန် မျှော်လင့်နေတာပါ။ ဆယ်ကျော်သက်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ် စက်တင်ဘာလ (၆) ရက်နေ့က ကစားခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ယူကရိန်းနဲ့ ပွဲမှာ ပထမဆုံး လက်ရွေးစင်ကစားသမားဘဝကို စတင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

ေနာက္ခံလူ အဲရစ္ဂါစီယာအတြက္ မန္စီးတီးအသင္းက ေတာင္းတဲ့ ေစ်းကို မေပးခ်င္တဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းက ေနာက္ခံလူ အဲရစ္ဂါစီယာအတြက္ သတ္မွတ္ထားတဲ့ ယူရိုသန္း ၃၀ တန္ေၾကးကို ဒီေႏြရာသီ အေျပာင္းအေရႊ႕မွာ ေပးရန္ ဆႏၵမရွိဘူးလို႔ သိရပါတယ္။ အဲရစ္ဂါစီယာ ဘာစီလိုနာ အကယ္ဒမီထြက္ကစားသမားျဖစ္ျပီး ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ မန္စီးတီးအသင္းအတြက္ ပံုမွန္ကစားခြင့္ရလာျပီး ျပိဳင္ပြဲစံု ပြဲ (၂၀) အထိ ကစားထားသူျဖစ္ပါတယ္။

ေနာက္ႏွစ္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးဘူးလို႔ ဖြင့္ဟေျပာဆုိထားလို႔ ယခုအခ်ိန္ မေရာင္းရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာသြားမယ္လို႔ သိရပါတယ္။ မာကာ သတင္းဌာနက အဆိုအရ ဘာစီလိုနာအသင္းက စာခ်ဳပ္သက္တမး္ ေနာက္ဆံုးႏွစ္ကို ေရာက္ေနတဲ့ လူငယ္ကစားသမားအတြက္ မန္စီးတီးအသင္းက သတ္မွတ္ထားတဲ့ ယူရိုသန္း ၃၀ ကို မေပးခ်င္ဘူး ျဖစ္ေနပါတယ္။

ဂြါဒီယိုလာရဲ႕ အသင္းကေတာ့ ေနာက္ခံလူ ဒီေႏြရာသီမွာ အသင္းက မထြက္ခြာဘူးဆိုပါက စာခ်ဳပ္သက္တမ္းတိုးရန္ ေမွ်ာ္လင့္ေနတာပါ။ ဆယ္ေက်ာ္သက္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့အပတ္ စက္တင္ဘာလ (၆) ရက္ေန႔က ကစားခဲ့တဲ့ စပိန္လက္ေရြးစင္အသင္းၾကီးအတြက္လည္း ယူကရိန္းနဲ႔ ပြဲမွာ ပထမဆံုး လက္ေရြးစင္ကစားသမားဘ၀ကို စတင္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။