မက်ဂွဲရားကို ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိသွားမယ်လို့ အတည်ပြုလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက နောက်ခံလူ မက်ဂွဲရား ဂရိမှာ ပြဿနာဖြစ်ခဲ့သော်လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိသွားမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက မိုင်ကနော့စ်က ဖြစ်ရပ်ကြောင့် အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ဆိုင်းငံထောင်ဒဏ် ၂၁ လ နဲ့ ၁၀ ရက်အပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဖမ်းဆီးထိန်းသိမ်းတာကို ပြန်လည်ခုခံခြင်း နဲ့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တာတွေကြောင့် ပြစ်မှု ထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။

မက်ဂွဲရားဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နည်းပြ ဆောက်ဂိတ်ရဲ့ ဖယ်ရှားခြင်းခံခဲ့ရပေမယ့် ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကနေ ဖယ်ရှားခံရမှာ မဟုတ်ပါဘူး။ နည်းပြ ဆိုးလ်ရှားက “ဟုတ်ပါတယ် ၊ ဟယ်ရီမှာ ခက်ခဲတဲ့ နွေရာသီဖြစ်ခဲ့ပါတယ်။ သူဟာ အကြာကြီးတောင် အနားမယူခဲ့ရပါဘူး။ သူရဲ့ အားလပ်ရက်တွေက အခြားသူတွေနဲ့ မတူလို့ သူ့ကို နောက်ထပ် ရက်အနည်းငယ် ထပ်အနားပေးခဲ့ပါတယ်။

သူအခု ပြန်ရောက်နေပြီး အခြေအနေကောင်းပါတယ်။ သူ့ကို ကျွန်တော်အားပေးသွားမှာပါ။ သူက အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေဦးမှာပါ။ ကျွန်တော့်အတွက် သူဟာ အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။ ဒါ့ကြောင့် သူအကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ယူနိုက်တက် တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲတိုင်းမိနစ်တိုင်းကစားခဲ့ပြီး အခြားပြိုင်ပွဲတွေမှာလည်း ၁၇ ပွဲအထိ ကစားခဲ့ရပါတယ်။ စနေနေ့ (ဒီနေ့) စတင်ကစားမယ့် ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကစားခဲ့ရလို့ နောက်တစ်ပတ်မှာ စတင်ကစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်အပတ် စနေနေ့မှ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ကစားရမှာပါ။

မက္ဂြဲရားကို ယူႏိုက္တက္ အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ထားရွိသြားမယ္လို႔ အတည္ျပဳလုိက္တဲ့ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ေနာက္ခံလူ မက္ဂြဲရား ဂရိမွာ ျပႆနာျဖစ္ခဲ့ေသာ္လည္း အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ထားရွိသြားမယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့လက မိုင္ကေနာ့စ္က ျဖစ္ရပ္ေၾကာင့္ အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားဟာ ဆိုင္းငံေထာင္ဒဏ္ ၂၁ လ နဲ႔ ၁၀ ရက္အျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမားဟာ ဖမ္းဆီးထိန္းသိမ္းတာကို ျပန္လည္ခုခံျခင္း နဲ႔ လာဘ္ေပးလာဘ္ယူ လုပ္ခဲ့တာေတြေၾကာင့္ ျပစ္မႈ ထင္ရွားစြာ ေတြ႕ရွိခဲ့ရပါတယ္။

မက္ဂြဲရားဟာ ျပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ လူစာရင္းကေန နည္းျပ ေဆာက္ဂိတ္ရဲ႕ ဖယ္ရွားျခင္းခံခဲ့ရေပမယ့္ ယူႏိုက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္တာ၀န္ကေန ဖယ္ရွားခံရမွာ မဟုတ္ပါဘူး။ နည္းျပ ဆိုးလ္ရွားက “ဟုတ္ပါတယ္ ၊ ဟယ္ရီမွာ ခက္ခဲတဲ့ ေႏြရာသီျဖစ္ခဲ့ပါတယ္။ သူဟာ အၾကာၾကီးေတာင္ အနားမယူခဲ့ရပါဘူး။ သူရဲ႕ အားလပ္ရက္ေတြက အျခားသူေတြနဲ႔ မတူလို႔ သူ႔ကို ေနာက္ထပ္ ရက္အနည္းငယ္ ထပ္အနားေပးခဲ့ပါတယ္။

သူအခု ျပန္ေရာက္ေနျပီး အေျခအေနေကာင္းပါတယ္။ သူ႔ကို ကၽြန္ေတာ္အားေပးသြားမွာပါ။ သူက အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ရွိေနဦးမွာပါ။ ကၽြန္ေတာ့္အတြက္ သူဟာ အရမ္းေကာင္းတဲ့ လူတစ္ေယာက္ပါ။ ဒါ့ေၾကာင့္ သူအေကာင္းဆံုး စြမ္းေဆာင္ႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔ ယူႏိုက္တက္ တရား၀င္၀က္ဘ္ဆုိဒ္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူဟာ ျပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ ပြဲတိုင္းမိနစ္တိုင္းကစားခဲ့ျပီး အျခားျပိဳင္ပြဲေတြမွာလည္း ၁၇ ပြဲအထိ ကစားခဲ့ရပါတယ္။ စေနေန႔ (ဒီေန႔) စတင္ကစားမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ယူႏိုက္တက္အသင္းဟာ ျပီးခဲ့တဲ့လက ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ကစားခဲ့ရလို႔ ေနာက္တစ္ပတ္မွာ စတင္ကစားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လာမယ့္အပတ္ စေနေန႔မွ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ အိုးထရက္ဖိုဒ့္မွာ ကစားရမွာပါ။