အိုဒွိုင်းကို အငှားချရန် စဉ်းစားနေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား အိုဒွိုင်း ကို အငှားချရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အကယ်ဒမီထွက်ကစားသမားဟာ စီနီယာအသင်းကြီးမှာ ကစားခွင့်ရလာသော်လည်း ၂၀၁၉ မှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရသူဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာကနေ သက်သာလာပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၃) ပွဲ ကစားခဲ့ရပေမယ့် ပွဲစဉ်အများစုက အရန်အဖြစ်သာ ကစားခဲ့ရတာပါ။ အသင်းကို ဇီယက် နဲ့ ကိုင်ဟာဗက်ဇ်တို့ ရောက်လာတာလည်း ဖြစ်လို့ သတင်းများအရ နည်းပြ လမ်းပတ်ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အခြားအသင်းတစ်သင်းထံ အငှားချသွားချင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၄) နှစ်ကျန်ရှိနေတဲ့ တိုက်စစ်ကစားသမားကို ရောင်းချရန် အစီအစဉ်မရှိဘူးဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်က အိုဒွိုင်းအနေနဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့်ရရန် ပူလီဆစ် တို့လို စွမ်းဆောင်ပြန်ဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ “သူ့အနေနဲ့ နေ့စဉ် လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစား ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒါ့မှ သူ့အနေနဲ့ အခွင့်အရေး ရလာရင် သက်သေပြလို့ရမှာပါ။ ပူလီဆစ် စွမ်းဆောင် ပြနေတာတွေကို ကျွန်တေ်ာတို့ မြင်နေရပါတယ်။ အိုဒွိုင်းလည်း အဲ့လိုမျိုး နည်းတူ တစ်ခုခု ပြသဖို့ လိုအပ်ပါတယ်” လို့ လမ်းပတ်က အသက် ၁၉ နှစ်အရွယ် ကစားသမား နဲ့ ပတ်သတ်ပြီး ပြောသွားခဲ့ပါတယ်။

အိုဒြိဳင္းကို အငွားခ်ရန္ စဥ္းစားေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ေတာင္ပံကစားသမား အိုဒြိဳင္း ကို အငွားခ်ရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အကယ္ဒမီထြက္ကစားသမားဟာ စီနီယာအသင္းႀကီးမွာ ကစားခြင့္ရလာေသာ္လည္း ၂၀၁၉ မွာ ဒဏ္ရာျပႆနာေတြနဲ႔ လုံးပန္းခဲ့ရသူျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားဟာ ဒဏ္ရာကေန သက္သာလာၿပီး ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ (၃၃) ပြဲ ကစားခဲ့ရေပမယ့္ ပြဲစဥ္အမ်ားစုက အရန္အျဖစ္သာ ကစားခဲ့ရတာပါ။ အသင္းကို ဇီယက္ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ ေရာက္လာတာလည္း ျဖစ္လို႔ သတင္းမ်ားအရ နည္းျပ လမ္းပတ္ဟာ အဂၤလန္လက္ေ႐ြးစင္ကစားသမားကို အျခားအသင္းတစ္သင္းထံ အငွားခ်သြားခ်င္ေနတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၄) ႏွစ္က်န္ရွိေနတဲ့ တိုက္စစ္ကစားသမားကို ေရာင္းခ်ရန္ အစီအစဥ္မရွိဘူးျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က အိုဒြိဳင္းအေနနဲ႔ ပြဲထြက္ လူစာရင္းမွာ ပါဝင္ခြင့္ရရန္ ပူလီဆစ္ တို႔လို စြမ္းေဆာင္ျပန္ဖို႔ လိုအပ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ “သူ႔အေနနဲ႔ ေန႔စဥ္ ေလ့က်င့္ေရးကြင္းမွာ ႀကိဳးႀကိဳးစားစား ျပင္းျပင္းထန္ထန္ ေလ့က်င့္ဖို႔ လိုအပ္ပါတယ္။ ဒါ့မွ သူ႔အေနနဲ႔ အခြင့္အေရး ရလာရင္ သက္ေသျပလို႔ရမွာပါ။ ပူလီဆစ္ စြမ္းေဆာင္ ျပေနတာေတြကို ကြၽန္ေတ္ာတို႔ ျမင္ေနရပါတယ္။ အိုဒြိဳင္းလည္း အဲ့လိုမ်ိဳး နည္းတူ တစ္ခုခု ျပသဖို႔ လိုအပ္ပါတယ္” လို႔ လမ္းပတ္က အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမား နဲ႔ ပတ္သတ္ၿပီး ေျပာသြားခဲ့ပါတယ္။