အသင်းနဲ့ သုံးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့အတွက် မျှော်လင့်နေတဲ့ ဝုလ်ဗာဟမ်တန်နည်းပြ ဆန်းတို့စ်

ပရီးမီးယားလိဂ်ကလပ်ဝုလ်ဗာဟမ်တန်အသင်းကို အင်္ဂလန်ပြည်တွင်းလိဂ်မှာသာမက ဥရောပပြိုင်ပွဲတွေမှာပါရလဒ်ကောင်း ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ နူနိုဆန်းတို့စ်ဟာ အသင်းနဲ့ သုံးနှစ်စာချုပ်သက်တမ်းတိုးဖို့အတွက် မျှော်လင့်နေတယ် လို့ သိရပါတယ်။ နူနိုဆန်းတို့စ်အနေနဲ့ လက်ရှိရနေတဲ့ ပေါင် ၃သန်းထက်ပိုတဲ့ လစာရရှိဖို့ အလိုရှိနေတာဖြစ်ပြီး သူအနေနဲ့ ဝုလ်ဗာဟမ်တန်မှာ ကာလရှည်ဆက်ရှိသွားချင်တယ်လို့ သိရပါတယ်။


ပေါ်တူဂီလူမျိုးဖြစ်တဲ့ နူနိုဆန်းတို့စ်က “ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိမနေပါဘူး။ လက်ရှိ အနေအထား ကျွန်တော်အတွက် ဒါမှမဟုတ် နည်းပြတစ်ယောက်အနေနဲ့ အသင်းကို ဒီနေ့ထက်ပိုပြီး ကောင်းလာအောင် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ မီဒီယာတွေကတော့ ဆန်းတို့စ်အနေနဲ့ တစ်နှစ်လုပ်ခလစာပေါင် ၃သန်း ထက်ပိုတဲ့ လစာငွေနဲ့ သုံးနှစ်စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတယ် ဆိုပြီး ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


ဝုလ်ဗာဟမ်တန်အသင်းဟာ နည်းပြချုပ် နူနိုဆန်းတို့စ်အပြင် လက်ထောက်နည်းပြချုပ်ဖြစ်တဲ့ ရူအီဆေးလ်ဗား၊ ပထမ အသင်းနည်းပြဖြစ်တဲ့ ဂျုလီယို ဖီဂွယ်ရိုအာနဲ့ သူရဲ့လက်ထောက် ဂျာအိုလာပါ၊ ဂိုးနည်းပြ ရူအီဘာဘိုဆာနဲ့ ကြံခိုင်ရေးနည်း ပြ အန်တိုနီယိုဒိုင်စ် တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုရဖို့ ရှိနေတာဖြစ်ပါတယ်။ နည်းပြ နူနိုဆန်းတို့စ်က အသင်းအတွက် ကစားသမားတွေ လိုအပ်တယ်လို့ ပြောခဲ့တာကြောင့် ဝုလ်ဗာဟမ်တန်အသင်းတာဝန်ရှိသူတွေအနေနဲ့ ကစားသမားသစ် တွေ ခေါ်ယူပေးခဲ့တယ်လို့လည်း သိရပါတယ်။


ဝုလ်ဗာဟမ်တန်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ တိုက်စစ်မှူး ဖေဘီယိုဆေးလ်ဗား၊ နောက်ခံလူမာကယ် နဲ့ ကွင်းလယ်လူ ဗီတင်ဟာ တို့ကိုခေါ်ယူထားပေမယ့် နောက်ထပ်ကစားသမားသစ်တစ်ဦးလောက်ကို ခေါ်ယူဖို့ ရှိနေတယ် လို့လည်း သိရပါတယ်။ ဘောလုံးရာသီ ပြန်လည်စတင်ပြီ ဖြစ်ပေမယ့် အပြောင်းအရွှေ့ဈေးကွက်ကတော့ မပိတ်သေးတာ ကြောင့် ဝုလ်ဗာဟမ်တန်အနေနဲ့ ကစားသမားသစ်ခေါ်ယူမှုကို လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။

zawgyi version

အသင္းနဲ႔ သံုးႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုဖို႔အတြက္ ေမွ်ာ္လင့္ေနတဲ့ ဝုလ္ဗာဟမ္တန္နည္းျပ ဆန္းတို႔စ္
ပရီးမီးယားလိဂ္ကလပ္ဝုလ္ဗာဟမ္တန္အသင္းကို အဂၤလန္ျပည္တြင္းလိဂ္မွာသာမက ဥေရာပၿပိဳင္ပြဲေတြမွာပါရလဒ္ေကာင္း ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပ ႏူႏိုဆန္းတို႔စ္ဟာ အသင္းနဲ႔ သံုးႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ေမွ်ာ္လင့္ေနတယ္ လို႔ သိရပါတယ္။ ႏူႏိုဆန္းတို႔စ္အေနနဲ႔ လက္ရွိရေနတဲ့ ေပါင္ ၃သန္းထက္ပိုတဲ့ လစာရရွိဖို႔ အလိုရွိေနတာျဖစ္ၿပီး သူအေနနဲ႔ ဝုလ္ဗာဟမ္တန္မွာ ကာလရွည္ဆက္ရွိသြားခ်င္တယ္လို႔ သိရပါတယ္။
ေပၚတူဂီလူမ်ိဳးျဖစ္တဲ့ ႏူႏိုဆန္းတို႔စ္က “ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ စိုးရိမ္ရတဲ့အေျခအေနမွာရွိမေနပါဘူး။ လက္ရွိ အေနအထား ကြ်န္ေတာ္အတြက္ ဒါမွမဟုတ္ နည္းျပတစ္ေယာက္အေနနဲ႔ အသင္းကို ဒီေန႔ထက္ပိုၿပီး ေကာင္းလာေအာင္ လုပ္ေဆာင္ဖို႔ပဲ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ မီဒီယာေတြကေတာ့ ဆန္းတို႔စ္အေနနဲ႔ တစ္ႏွစ္လုပ္ခလစာေပါင္ ၃သန္း ထက္ပိုတဲ့ လစာေငြနဲ႔ သံုးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလိုရွိေနတယ္ ဆိုၿပီး ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ဝုလ္ဗာဟမ္တန္အသင္းဟာ နည္းျပခ်ဳပ္ ႏူႏိုဆန္းတို႔စ္အျပင္ လက္ေထာက္နည္းျပခ်ဳပ္ျဖစ္တဲ့ ႐ူအီေဆးလ္ဗား၊ ပထမ အသင္းနည္းျပျဖစ္တဲ့ ဂ်ဳလီယို ဖီဂြယ္႐ိုအာနဲ႔ သူရဲ႕လက္ေထာက္ ဂ်ာအိုလာပါ၊ ဂိုးနည္းျပ ႐ူအီဘာဘိုဆာနဲ႔ ၾကံခိုင္ေရးနည္း ျပ အန္တိုနီယိုဒိုင္စ္ တို႔ကိုလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုရဖို႔ ရွိေနတာျဖစ္ပါတယ္။ နည္းျပ ႏူႏိုဆန္းတို႔စ္က အသင္းအတြက္ ကစားသမားေတြ လိုအပ္တယ္လို႔ ေျပာခဲ့တာေၾကာင့္ ဝုလ္ဗာဟမ္တန္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ကစားသမားသစ္ ေတြ ေခၚယူေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ဝုလ္ဗာဟမ္တန္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ တိုက္စစ္မွဴး ေဖဘီယိုေဆးလ္ဗား၊ ေနာက္ခံလူမာကယ္ နဲ႔ ကြင္းလယ္လူ ဗီတင္ဟာ တို႔ကိုေခၚယူထားေပမယ့္ ေနာက္ထပ္ကစားသမားသစ္တစ္ဦးေလာက္ကို ေခၚယူဖို႔ ရွိေနတယ္ လို႔လည္း သိရပါတယ္။ ေဘာလံုးရာသီ ျပန္လည္စတင္ၿပီ ျဖစ္ေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္ကေတာ့ မပိတ္ေသးတာ ေၾကာင့္ ဝုလ္ဗာဟမ္တန္အေနနဲ႔ ကစားသမားသစ္ေခၚယူမႈကို လုပ္ေဆာင္ေနဦးမွာ ျဖစ္ပါတယ္။