ပေါင် သန်း ၆၀ ကျော် သုံးစွဲပြီး နွေရာသီမှာ ကစားသမားကောင်းတွေခေါ်ယူထားတာကြောင့် ရာသီအကုန်မှာ ဥရောပ ပြိုင်ပွဲဝင်ခွင့်ရဖို့ ရည်မှန်းနေတဲ့ အန်ဆယ်လော့တီ

အဲဗာတန်နည်းပြ အန်ဆယ်လော့တီက နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ပေါင်သန်း ၆၀ ကျော်သုံးစွဲပြီး ဂျိမ်းရိုဒ ရီဂွတ်ဇ်၊ အလန်နဲ့ ဒေါ့ကူရီတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် ရာသီအကုန်မှာ ဥရောပပြိုင်ပွဲဝင်ခွင့် နေရာကို ရယူဖို့ ရည်မှန်းထားကြောင်း ပြောခဲ့ပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့်-၁၂ နေရာမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။


အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အသင်းရဲ့အဓိကရှယ်ယာရှင်ဖြစ်တဲ့ ဖာဟတ်မိုရှီရီနဲ့ တွေ့ဆုံခဲ့ပြီး အသင်းကို ပြောင်းလဲမှုပြုလုပ်ကာ အသင်းကစားပုံကိုလည်း ပြောင်းလဲချင်တယ်လို့ ပြောခဲ့အပြီးမှာ အခုလို ကစားသမားကောင်းတွေကို ငွေကြေးအကုန်အကျခံပြီး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ အဲဗာတန်ရဲ့ လက်ရှိအနေအထားအရ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မလွယ်ပေမယ့် ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် ရည်မှန်းနေတာပဲ ဖြစ်ပါတယ်။


အန်ဆယ်လော့တီက “ ရိုးရိုးသားသားနဲ့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ အသင်းရဲ့လူစာရင်းက တောင့်တင်းမှုရှိပါ တယ်။ ဒါပေမယ့် အသင်းကြီးတွေကိုတော့ ယှဉ်နိုင်ဖို့ နည်းနည်းခက်နေပါဦးမယ်။ အသင်းတာဝန်ရှိသူတွေက ကျွန်တော် လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးခဲ့တာကြောင့် သူတို့လိုချင်တဲ့ ရည်မှန်းချက်အတိုင်း ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ အတွက်တော့ ရည်မှန်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။


အဲဗာတန်ကစားသမားသစ်ဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကလည်း သူအနေနဲ့ နည်းပြ အန်ဆယ်လော့တီရဲ့လုပ်ဆောင်မှုတွေကို အပြည့်အဝ ယုံကြည်မှုရှိတာကြောင့် အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအနေနဲ့ လာမယ့်ရာသီအကုန်မှာ ဥရောပ ပြိုင်ပွဲဝင်ခွင့်နေရာကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။ အဲဗာတန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အ ဖြစ် တနင်္ဂနွေနေ့မှာ စပါးအသင်းကို အဝေးကွင်းမှာ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ေပါင္ သန္း ၆၀ ေက်ာ္ သံုးစြဲၿပီး ေႏြရာသီမွာ ကစားသမားေကာင္းေတြေခၚယူထားတာေၾကာင့္ ရာသီအကုန္မွာ ဥေရာပ ၿပိဳင္ပြဲဝင္ခြင့္ရဖို႔ ရည္မွန္းေနတဲ့ အန္ဆယ္ေလာ့တီ
အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီက ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေပါင္သန္း ၆၀ ေက်ာ္သံုးစြဲၿပီး ဂ်ိမ္း႐ိုဒ ရီဂြတ္ဇ္၊ အလန္နဲ႔ ေဒါ့ကူရီတို႔လို ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ရာသီအကုန္မွာ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ ေနရာကို ရယူဖို႔ ရည္မွန္းထားေၾကာင္း ေျပာခဲ့ပါတယ္။ အဲဗာတန္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ရာသီအကုန္မွာ အမွတ္ေပးဇယား အဆင့္-၁၂ ေနရာမွာပဲ ရွိေနခဲ့တာျဖစ္ပါတယ္။
အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက အသင္းရဲ႕အဓိကရွယ္ယာရွင္ျဖစ္တဲ့ ဖာဟတ္မိုရွီရီနဲ႔ ေတြ႕ဆံုခဲ့ၿပီး အသင္းကို ေျပာင္းလဲမႈျပဳလုပ္ကာ အသင္းကစားပံုကိုလည္း ေျပာင္းလဲခ်င္တယ္လို႔ ေျပာခဲ့အၿပီးမွာ အခုလို ကစားသမားေကာင္းေတြကို ေငြေၾကးအကုန္အက်ခံၿပီး ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။ အဲဗာတန္ရဲ႕ လက္ရွိအေနအထားအရ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မလြယ္ေပမယ့္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔အတြက္ ရည္မွန္းေနတာပဲ ျဖစ္ပါတယ္။
အန္ဆယ္ေလာ့တီက “ ႐ိုး႐ိုးသားသားနဲ႔ အမွန္အတိုင္းဝန္ခံရမယ္ဆိုရင္ေတာ့ အသင္းရဲ႕လူစာရင္းက ေတာင့္တင္းမႈရွိပါ တယ္။ ဒါေပမယ့္ အသင္းႀကီးေတြကိုေတာ့ ယွဥ္ႏိုင္ဖို႔ နည္းနည္းခက္ေနပါဦးမယ္။ အသင္းတာဝန္ရွိသူေတြက ကြ်န္ေတာ္ လိုခ်င္တဲ့ ကစားသမားေတြကို ေခၚယူေပးခဲ့တာေၾကာင့္ သူတို႔လိုခ်င္တဲ့ ရည္မွန္းခ်က္အတိုင္း ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔ အတြက္ေတာ့ ရည္မွန္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဗာတန္ကစားသမားသစ္ျဖစ္တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကလည္း သူအေနနဲ႔ နည္းျပ အန္ဆယ္ေလာ့တီရဲ႕လုပ္ေဆာင္မႈေတြကို အျပည့္အဝ ယံုၾကည္မႈရွိတာေၾကာင့္ အသင္းကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအေနနဲ႔ လာမယ့္ရာသီအကုန္မွာ ဥေရာပ ၿပိဳင္ပြဲဝင္ခြင့္ေနရာကို ရယူႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ အဲဗာတန္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အ ျဖစ္ တနဂၤေႏြေန႔မွာ စပါးအသင္းကို အေဝးကြင္းမွာ ကစားရမွာပဲ ျဖစ္ပါတယ္။