SuperComputer နဲ့ တွက်ချက်ရာမှာတော့ လာမယ့်ရာသီမှာ မန်စီးတီးအနေနဲ့ ချန်ပီယံဖြစ်မယ်လို့ ဖော်ပြခဲ့

ဒီနေ့မှာ စတင်မယ့် ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် ကြိုတင်ခန့်မှန်းမှုများအဖြစ် Supercomputer နဲ့ တွက်ချက်ခဲ့ရာမှာတော့ ရာသီအကုန်မှာ ချန်ပီယံဆုကို မန်စီးတီးက ရရှိမှာဖြစ်ပြီး လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးက ဒုတိ ယ ရရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တွေကိုတော့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကပဲ ရရှိမှာဖြစ်ပြီး ယူနိုက် တကက အဆင့်-၃ နဲ့ ချဲလ်ဆီးက အဆင့်-၄ မှာ ရပ်တည်မယ်လို့ ဖော်ပြခဲ့ပါတယ်။


Fivethirtyeight.com ကနေကောက်ယူခဲ့တဲ့ အချက်အလက်တွေကို Supercomputer နဲ့ လက်ရှိ အခြေအနေ၊ လူခေါ်ယူ မှုနဲ့ စွမ်းဆောင်ရည်တွေကို တွက်ချက်ခဲ့တာပဲ ဖြစ်ပါတယ်။ မော်ရင်ဟို ကိုင်တွယ်နေတဲ့စပါးက အဆင့်-၅ ၊ လက်စတာက အဆင့်-၆ နဲ့ အာဆင်နယ်ကတော့ အဆင့်-၇ နေရာမှာ ရှိမယ်လို့ ဖော်ပြခဲ့ပြီး ဒီရာသီမှာ တန်းတက်လာတဲ့ ဖူလ်ဟမ်၊လိဒ် နဲ့ ဝက်ဘရွန်းစ်တို့ကတော့ တန်းပြန်ဆင်းရမယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ နသန်အကီနဲ့ ဖာရန်တောရက်စ်တို့ကို ခေါ်ယူထားတဲ့ မန်စီးတီးက supercomputer နဲ့ တွက် ချက်ရာမှာတော့ ရမှတ် ၈၈ မှတ်နဲ့ ချန်ပီယံဆုကို ရရှိသွားတာဖြစ်ပြီး လီဗာပူးကတော့ မန်စီးတီးနဲ့ ၇ မှတ်အကွာနဲ့ ရမှတ် ၈၁ မှတ်ပဲ ရရှိမယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လက်ကျန်နေရာအတွက်တော့ ပြီးခဲ့တဲ့နှစ်ကလို အကြိတ် အနယ်မဖြစ်တော့ဘဲ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ရယူနိုင်မှာဖြစ်ပါတယ်။


ကစားသမားသစ်တွေခေါ်ယူထားပေမယ့် ပိုင်ရှင်အပြောင်းအလဲရှိလာနိုင်တဲ့ နယူးကာဆယ်ကတော့ တန်းမဆင်းရဖို့ အ တွက် နောက်ဆုံးအချိန်ထိ ရုန်းကန်ရနိုင်တယ်လို့ ဖော်ပြခဲ့ပြီး ခန့်မှန်းထားတဲ့အမှတ်ပေးဇယားအရဆိုရင် လာမယ့်ရာသီမှာ ချန်ပီယံဆုထက် တန်းဆင်းဇုန်တိုက်ပွဲက ပိုပြီး ပြင်းထန်လာဖို့ ရှိနေတာဖြစ်ပါတယ်။ အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းရှိတဲ့ ဝုလ်ဗာဟမ်တန်နဲ့ အဲဗာတန်တို့ကတော့ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

zawgyi version

SuperComputer နဲ႔ တြက္ခ်က္ရာမွာေတာ့ လာမယ့္ရာသီမွာ မန္စီးတီးအေနနဲ႔ ခ်န္ပီယံျဖစ္မယ္လို႔ ေဖာ္ျပခဲ့
ဒီေန႔မွာ စတင္မယ့္ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္ေဘာလံုးရာသီအတြက္ ႀကိဳတင္ခန္႔မွန္းမႈမ်ားအျဖစ္ Supercomputer နဲ႔ တြက္ခ်က္ခဲ့ရာမွာေတာ့ ရာသီအကုန္မွာ ခ်န္ပီယံဆုကို မန္စီးတီးက ရရွိမွာျဖစ္ၿပီး လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးက ဒုတိ ယ ရရွိမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတြကိုေတာ့ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကပဲ ရရွိမွာျဖစ္ၿပီး ယူႏိုက္ တကက အဆင့္-၃ နဲ႔ ခ်ဲလ္ဆီးက အဆင့္-၄ မွာ ရပ္တည္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
Fivethirtyeight.com ကေနေကာက္ယူခဲ့တဲ့ အခ်က္အလက္ေတြကို Supercomputer နဲ႔ လက္ရွိ အေျခအေန၊ လူေခၚယူ မႈနဲ႔ စြမ္းေဆာင္ရည္ေတြကို တြက္ခ်က္ခဲ့တာပဲ ျဖစ္ပါတယ္။ ေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့စပါးက အဆင့္-၅ ၊ လက္စတာက အဆင့္-၆ နဲ႔ အာဆင္နယ္ကေတာ့ အဆင့္-၇ ေနရာမွာ ရွိမယ္လို႔ ေဖာ္ျပခဲ့ၿပီး ဒီရာသီမွာ တန္းတက္လာတဲ့ ဖူလ္ဟမ္၊လိဒ္ နဲ႔ ဝက္ဘရြန္းစ္တို႔ကေတာ့ တန္းျပန္ဆင္းရမယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ နသန္အကီနဲ႔ ဖာရန္ေတာရက္စ္တို႔ကို ေခၚယူထားတဲ့ မန္စီးတီးက supercomputer နဲ႔ တြက္ ခ်က္ရာမွာေတာ့ ရမွတ္ ၈၈ မွတ္နဲ႔ ခ်န္ပီယံဆုကို ရရွိသြားတာျဖစ္ၿပီး လီဗာပူးကေတာ့ မန္စီးတီးနဲ႔ ၇ မွတ္အကြာနဲ႔ ရမွတ္ ၈၁ မွတ္ပဲ ရရွိမယ္လို႔ ခန္႔မွန္းေဖာ္ျပခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္လက္က်န္ေနရာအတြက္ေတာ့ ၿပီးခဲ့တဲ့ႏွစ္ကလို အႀကိတ္ အနယ္မျဖစ္ေတာ့ဘဲ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔က ရယူႏိုင္မွာျဖစ္ပါတယ္။
ကစားသမားသစ္ေတြေခၚယူထားေပမယ့္ ပိုင္ရွင္အေျပာင္းအလဲရွိလာႏိုင္တဲ့ နယူးကာဆယ္ကေတာ့ တန္းမဆင္းရဖို႔ အ တြက္ ေနာက္ဆံုးအခ်ိန္ထိ ႐ုန္းကန္ရႏိုင္တယ္လို႔ ေဖာ္ျပခဲ့ၿပီး ခန္႔မွန္းထားတဲ့အမွတ္ေပးဇယားအရဆိုရင္ လာမယ့္ရာသီမွာ ခ်န္ပီယံဆုထက္ တန္းဆင္းဇုန္တိုက္ပြဲက ပိုၿပီး ျပင္းထန္လာဖို႔ ရွိေနတာျဖစ္ပါတယ္။ အလယ္အလတ္အသင္းေတြထဲမွာ ေျခစြမ္းရွိတဲ့ ဝုလ္ဗာဟမ္တန္နဲ႔ အဲဗာတန္တို႔ကေတာ့ ထိပ္ဆံုး ၁၀ သင္းစာရင္းဝင္ဖို႔ ရွိေနခဲ့တာ ျဖစ္ပါတယ္။