ကိုယ်ပိုင်အမည်အမှတ်တံဆိပ်နဲ့ အရေအတွက်ကန့်သတ်ပြီး ဘီယာထုတ်လိုက်တဲ့ မက်ဆီ

နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အပြောင်းအရွှေ့အလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက စပိန်မြေမှာ ဆက်နေဖို့ ဆုံးဖြတ်ပြီးချိန်မှာတော့ ကိုယ်ပိုင်အမည်အမှတ်တံဆိပ်နဲ့ အရေအတွက်ကန့်သတ်ပြီး ဘီယာကို ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီကို အသင်းမှာဆက်ရှိဖို့အတွက် ပရိသတ်တွေအပြင် နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ အသင်းဖော်တွေကပါ အလိုရှိခဲ့ကြတာဖြစ်ပါတယ်။


မက်ဆီအနေနဲ့ Followers ၁၆၇ သန်းရှိတဲ့ သူရဲ့အင်စတာဂရမ်အကောင့်မှာ မက်ဆီနာမည်အမှတ်တံဆိပ်ကြော်ငြာကို တင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာခွင့်တောင်းခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတဲ့ မက်ဆီဟာ သူဘီယာရဲ့ ကြော်ငြာအဆုံးမှာတော့ နာမည်ဂုဏ်သတင်းကြီးဖို့အတွက် ဘယ်တော့မှအရှုံးမပေးဘူးဆိုပြီး ထည့်သွင်းကြော်ငြာခဲ့တယ် လို့ သိရပါတယ်။


မက်ဆီဟာ သူရဲ့မိတ်ဖက်စီးပွားရေး ပါတနာဖြစ်တဲ့ ဂျာမန်ဘီယာကုမ္ပဏီထက် တစ်ရက်စောပြီး ကြော်ငြာခဲ့တာပဲ ဖြစ်ပါ တယ်။ Business Insider ကနေတဆင့် မက်ဆီက “ ဘောလုံးသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ သလို ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်လုပ်တဲ့အချိန်မှာလည်း အောင်မြင်မှုရဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒီအမှတ်တံဆိပ်အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ” လို့ပြောခဲ့ပါတယ်။


ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းကတော့ မက်ဆီအနေနဲ့ အသင်းအတွက် အကောင်းဆုံးပြန်လည်ခြေစွမ်းပြနိုင်မယ် လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအနေနဲ့ အောင်မြင်မှုမရခဲ့ဘူးဆိုပေမယ့် မက်ဆီကတော့ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၃၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၆ ကြိမ် အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်တဲ့ ရီဗယ်ဒိုကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

ကိုယ္ပိုင္အမည္အမွတ္တံဆိပ္နဲ႔ အေရအတြက္ကန္႔သတ္ၿပီး ဘီယာထုတ္လိုက္တဲ့ မက္ဆီ
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အေျပာင္းအေရႊ႕အလႈပ္ခတ္ဆံုးျဖစ္ခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီက စပိန္ေျမမွာ ဆက္ေနဖို႔ ဆံုးျဖတ္ၿပီးခ်ိန္မွာေတာ့ ကိုယ္ပိုင္အမည္အမွတ္တံဆိပ္နဲ႔ အေရအတြက္ကန္႔သတ္ၿပီး ဘီယာကို ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီကို အသင္းမွာဆက္ရွိဖို႔အတြက္ ပရိသတ္ေတြအျပင္ နည္းျပသစ္ေရာ္နယ္ကိုးမန္းနဲ႔ အသင္းေဖာ္ေတြကပါ အလိုရွိခဲ့ၾကတာျဖစ္ပါတယ္။
မက္ဆီအေနနဲ႔ Followers ၁၆၇ သန္းရွိတဲ့ သူရဲ႕အင္စတာဂရမ္အေကာင့္မွာ မက္ဆီနာမည္အမွတ္တံဆိပ္ေၾကာ္ျငာကို တင္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာကေန ထြက္ခြာခြင့္ေတာင္းခဲ့တာေၾကာင့္ ေဝဖန္မႈေတြခံခဲ့ရတဲ့ မက္ဆီဟာ သူဘီယာရဲ႕ ေၾကာ္ျငာအဆံုးမွာေတာ့ နာမည္ဂုဏ္သတင္းႀကီးဖို႔အတြက္ ဘယ္ေတာ့မွအရႈံးမေပးဘူးဆိုၿပီး ထည့္သြင္းေၾကာ္ျငာခဲ့တယ္ လို႔ သိရပါတယ္။
မက္ဆီဟာ သူရဲ႕မိတ္ဖက္စီးပြားေရး ပါတနာျဖစ္တဲ့ ဂ်ာမန္ဘီယာကုမၸဏီထက္ တစ္ရက္ေစာၿပီး ေၾကာ္ျငာခဲ့တာပဲ ျဖစ္ပါ တယ္။ Business Insider ကေနတဆင့္ မက္ဆီက “ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ သလို ကိုယ္ပိုင္အမွတ္တံဆိပ္ ထုတ္လုပ္တဲ့အခ်ိန္မွာလည္း ေအာင္ျမင္မႈရဖို႔အတြက္ အရမ္းကို စိတ္လႈပ္ရွားေနခဲ့ပါတယ္။ ဒီအမွတ္တံဆိပ္အတြက္ ခက္ခက္ခဲခဲႀကိဳးစားခဲ့ရၿပီး အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာပါ” လို႔ေျပာခဲ့ပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းကေတာ့ မက္ဆီအေနနဲ႔ အသင္းအတြက္ အေကာင္းဆံုးျပန္လည္ေျခစြမ္းျပႏိုင္မယ္ လို႔ ယံုၾကည္ေၾကာင္းေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာအေနနဲ႔ ေအာင္ျမင္မႈမရခဲ့ဘူးဆိုေပမယ့္ မက္ဆီကေတာ့ ၿပိဳင္ပြဲစံု ၄၄ ပြဲမွာ ၃၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၂၆ ႀကိမ္ အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာတိုက္စစ္မွဴးေဟာင္းတစ္ဦး ျဖစ္တဲ့ ရီဗယ္ဒိုကေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာခဲ့ပါတယ္။