ကန်တီက အသင်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ဘယ်အသင်းကိုမှ ရောင်းချမှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်လူ ကန်တီရဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပေမယ့် အသင်းရဲ့အဓိက ကျတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကန်တီကို ရောင်းချမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ကန်တီကို ခေါ်ယူဖို့အတွက် ချဲလ်ဆီး နည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာမီလန်က ဆက်သွယ်နေခဲ့တာဖြစ်ပြီး ယူနိုက်တက်ကလည်း ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော်အကုန်အကျခံပြီး ကစားသမားသစ်တွေ ခေါ်ယူထားသ လို ကွင်းလယ်အဖျက်နဲ့ နောက်ခံလူနေရာတွေမှာ ကစားနိုင်တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်နေတာကြောင့် ကန်တီရဲ့အပြောင်းအရွှေ့သတင်းတွေက ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကန်တီကို ခေါ်ယူဖို့ အတွက် အင်တာမီလန်က ပေါင်သန်း ၆၀ နဲ့ တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။


လမ်းပတ်က “ ကမ္ဘာ့အကောင်းဆုံးကလပ်အဖြစ် ရှိချင်တဲ့အသင်းတိုင်းကတော့ ကန်တီလို ကစားသမားမျိုးကို လိုချင်ကြမှာ ပါ။ သူက အံသြဖွယ်ရာ ခြေစွမ်းတွေကို ပိုင်ဆိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး သူကိုဆုံးရှုံးရမှာကို ကြောက်မိပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာကြောင့် သူအနေနဲ့ အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရတယ်ဆိုပေမယ့် သူက အသင်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်ပြီးတော့ လမ်းပတ်က “ နွေရာသီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ တိုက်စစ်အားသန်တဲ့ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာ၊ဇီယက်နဲ့ ကိုင်ဟာဗက်ဇ်တို့ကို ခေါ်ယူခဲ့ပေမယ့် ကွင်းလယ်မှာ ကန်တီလိုကစားသမားမျိုးက လိုအပ်နေပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ ပုံစံအတိုင်း အသင်းကို လုပ်ဆောင်ထားတာကြောင့် ကစားသမားသစ်တွေနဲ့ အသင်းမှာရှိတဲ့သူတွေ အကောင်းဆုံးတွဲဖက် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး Radio 5 Live ကနေတဆင့် ပြောခဲ့ပါတယ်။

zawgyi version

ကန္တီက အသင္းရဲ႕ အဓိကက်တဲ့ အစိတ္အပိုင္းျဖစ္တာေၾကာင့္ ဘယ္အသင္းကိုမွ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ေျပာလိုက္ တဲ့ လမ္းပတ္
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ကြင္းလယ္လူ ကန္တီရဲ႕အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚေနေပမယ့္ အသင္းရဲ႕အဓိက က်တဲ့ အစိတ္အပိုင္းျဖစ္တဲ့ ကန္တီကို ေရာင္းခ်မွာမဟုတ္ဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ ကန္တီကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီး နည္းျပေဟာင္း ကြန္တီကိုင္တြယ္ေနတဲ့ အင္တာမီလန္က ဆက္သြယ္ေနခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကလည္း ေခၚယူဖို႔ အတြက္ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္အကုန္အက်ခံၿပီး ကစားသမားသစ္ေတြ ေခၚယူထားသ လို ကြင္းလယ္အဖ်က္နဲ႔ ေနာက္ခံလူေနရာေတြမွာ ကစားႏိုင္တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္ကိုလည္း ေခၚယူဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ ကန္တီရဲ႕အေျပာင္းအေရႊ႕သတင္းေတြက ထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။ ကန္တီကို ေခၚယူဖို႔ အတြက္ အင္တာမီလန္က ေပါင္သန္း ၆၀ နဲ႔ တရားဝင္ကမ္းလွွမ္းခဲ့ေပမယ့္ ခ်ဲလ္ဆီးဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
လမ္းပတ္က “ ကမ႓ာ့အေကာင္းဆံုးကလပ္အျဖစ္ ရွိခ်င္တဲ့အသင္းတိုင္းကေတာ့ ကန္တီလို ကစားသမားမ်ိဳးကို လိုခ်င္ၾကမွာ ပါ။ သူက အံၾသဖြယ္ရာ ေျခစြမ္းေတြကို ပိုင္ဆိုင္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး သူကိုဆံုးရႈံးရမွာကို ေၾကာက္မိပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေၾကာင့္ သူအေနနဲ႔ အသင္းရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရတယ္ဆိုေပမယ့္ သူက အသင္းရဲ႕ အဓိကက်တဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္ၿပီးေတာ့ လမ္းပတ္က “ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းအေနနဲ႔ တိုက္စစ္အားသန္တဲ့ကစားသမားေတြျဖစ္တဲ့ တီမိုဝါနာ၊ဇီယက္နဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို ေခၚယူခဲ့ေပမယ့္ ကြင္းလယ္မွာ ကန္တီလိုကစားသမားမ်ိဳးက လိုအပ္ေနပါတယ္။ ကြ်န္ေတာ္လုပ္ခ်င္တဲ့ ပံုစံအတိုင္း အသင္းကို လုပ္ေဆာင္ထားတာေၾကာင့္ ကစားသမားသစ္ေတြနဲ႔ အသင္းမွာရွိတဲ့သူေတြ အေကာင္းဆံုးတြဲဖက္ ကစားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္” ဆိုၿပီး Radio 5 Live ကေနတဆင့္ ေျပာခဲ့ပါတယ္။