အသင်းအနေနဲ့ ငွေကြေးတွေကို လွှတ်ပစ်စရာမလိုဘူးဆိုပြီး ဝေဖန်နေမှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ လီဗာပူးနည်းပြ ကလော့ပ်

လာမယ့်ရာသီမှာ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ ရှိနေပေမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှု သိပ်မရှိတာကြောင့် ဝေဖန်နေမှုတွေအတွက် နည်းပြကလော့ပ်က အသင်းအနေနဲ့ ငွေကြေးတွေ ကို လွှတ်ပစ်စရာမလိုဘူး ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ လက်ရှိအချိန်ထိ နွေရာသီအပြောင်းအ ရွှေ့ဈေးကွက်မှာ အိုလံပီယာကို့စ်နောက်ခံလူ တီဆီမီကက်စ် တစ်ယောက်တည်းကို ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။


လီဗာပူးဟာ အပြောင်းအရွှေ့ဈေးကွက်စဖွင့်တဲ့အချိန်ကတည်းက ဦးစားပေးခေါ်ယူဖို့လုပ်ဆောင်နေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အဲလ်ကန်တာရာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရထားတယ်ဆိုပေမယ့် အပြီးသတ် ခေါ်ယူနိုင်ခြင်းတော့ မရှိသေးတာဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ် တာကြောင့် လာမယ့်ရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။


ကလော့ပ် က “ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တစ်ယောက်ပဲ ခေါ်ယူထားတာကြောင့် ဝေဖန်မှုတွေ ရှိနေ ပါတယ်။ လီဗာပူးအနေနဲ့ ကစားသမားသစ် မခေါ်ယူဘူးဆိုရင် ရာသီအသစ်ကို မစတင်နိုင်တော့ဘူးလို့ ထင်နေကြတာ လား မသိပါဘူး။ ရာသီသစ်အတွက် ကျွန်တော်တို့ မျှော်လင့်ထားတွေရှိပါတယ်။ ရာသီအသစ်မှာကျွန်တော်တို့ ရှုံးပွဲတွေ့ ခဲ့မယ်ဆိုရင် အပြစ်တင်တာမျိုးတွေ ကြုံရနိုင်တယ်ဆိုတာကိုလည်း သိပါတယ်” လို့ ပြောခဲ့ပါတယ်။


လီဗာပူးဟာ ကိုဗစ်အလွန်ပြန်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၉ပွဲမှာ မန်စီးတီး၊ အာဆင်နယ်တို့ကို အရေးနိမ့်ခဲ့တယ်ဆိုပေ မယ့် နှစ် ၃၀ ကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို အရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းအတွက် သင့်တော်တဲ့ကစားသမားကို ရှာဖွေသွားမှာဖြစ်ပြီး တွေ့ရင် ခေါ်ယူမှာဖြစ်သလို မတွေ့ရင်လူသစ်ခေါ်မှာ မဟုတ်တဲ့အကြောင်း ပြောသွားခဲ့ပါတယ်။

zawgyi version

အသင္းအေနနဲ႔ ေငြေၾကးေတြကို လႊတ္ပစ္စရာမလိုဘူးဆိုၿပီး ေဝဖန္ေနမႈေတြကို ျပန္လည္တံု႔ျပန္လိုက္တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
လာမယ့္ရာသီမွာ လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ရွိေနေပမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ေခၚယူမႈ သိပ္မရွိတာေၾကာင့္ ေဝဖန္ေနမႈေတြအတြက္ နည္းျပကေလာ့ပ္က အသင္းအေနနဲ႔ ေငြေၾကးေတြ ကို လႊတ္ပစ္စရာမလိုဘူး ဆိုၿပီး ျပန္လည္ တံု႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးဟာ လက္ရွိအခ်ိန္ထိ ေႏြရာသီအေျပာင္းအ ေရႊ႕ေစ်းကြက္မွာ အိုလံပီယာကို႔စ္ေနာက္ခံလူ တီဆီမီကက္စ္ တစ္ေယာက္တည္းကို ေပါင္ ၁၁.၇၅ သန္းနဲ႔ ေခၚယူထားတာ ျဖစ္ပါတယ္။
လီဗာပူးဟာ အေျပာင္းအေရႊ႕ေစ်းကြက္စဖြင့္တဲ့အခ်ိန္ကတည္းက ဦးစားေပးေခၚယူဖို႔လုပ္ေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ အဲလ္ကန္တာရာကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြရထားတယ္ဆိုေပမယ့္ အၿပီးသတ္ ေခၚယူႏိုင္ျခင္းေတာ့ မရွိေသးတာျဖစ္ပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္က အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ တာေၾကာင့္ လာမယ့္ရာသီမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ကေလာ့ပ္ က “ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္တစ္ေယာက္ပဲ ေခၚယူထားတာေၾကာင့္ ေဝဖန္မႈေတြ ရွိေန ပါတယ္။ လီဗာပူးအေနနဲ႔ ကစားသမားသစ္ မေခၚယူဘူးဆိုရင္ ရာသီအသစ္ကို မစတင္ႏိုင္ေတာ့ဘူးလို႔ ထင္ေနၾကတာ လား မသိပါဘူး။ ရာသီသစ္အတြက္ ကြ်န္ေတာ္တို႔ ေမွ်ာ္လင့္ထားေတြရွိပါတယ္။ ရာသီအသစ္မွာကြ်န္ေတာ္တို႔ ရႈံးပြဲေတြ႕ ခဲ့မယ္ဆိုရင္ အျပစ္တင္တာမ်ိဳးေတြ ၾကံဳရႏိုင္တယ္ဆိုတာကိုလည္း သိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လီဗာပူးဟာ ကိုဗစ္အလြန္ျပန္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၉ပြဲမွာ မန္စီးတီး၊ အာဆင္နယ္တို႔ကို အေရးနိမ့္ခဲ့တယ္ဆိုေပ မယ့္ ႏွစ္ ၃၀ ၾကာေဝးကြာေနခဲ့တဲ့ အမွတ္ေပးခ်န္ပီယံဆုကို အရယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္က အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းအတြက္ သင့္ေတာ္တဲ့ကစားသမားကို ရွာေဖြသြားမွာျဖစ္ၿပီး ေတြ႕ရင္ ေခၚယူမွာျဖစ္သလို မေတြ႕ရင္လူသစ္ေခၚမွာ မဟုတ္တဲ့အေၾကာင္း ေျပာသြားခဲ့ပါတယ္။