၂၂ ရက်အတွင်း ၉ ပွဲကစားရမှာ ဖြစ်တာကြောင့် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဝေဖန်လိုက်ပြန်တဲ့ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုကတော့ စပါးအနေနဲ့ ၂၂ ရက်အတွင်းမှာ ပြိုင်ပွဲစုံ ၉ ပွဲကစားရမှာဖြစ်တာကြောင့် ပွဲစဉ်ဇယားရေးဆွဲ မှုအပေါ် ဝေဖန်လိုက်ပြီး အသင်းအတွက် ရာသီအစပွဲစဉ်တွေဟာ အလွန်ဗျာများစေတယ်လို့ ပြောခဲ့ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အဲဗာတန်ကို အိမ်ကွင်းမှာလက်ခံကစားရမှာပဲ ဖြစ်ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုက “ ကျွန်တော်အနေနဲ့ အများကြီးစဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖိအားတွေပဲ အများကြီးရခဲ့ပါတယ်။ ကျွန်တော်က ပွဲတိုင်းကို ပြုံးပြုံးလေးနဲ့ သွားလို့ ရပေမယ့် ကျွန်တော်ကစားသမားတွေကတော့ မရနိုင်ပါဘူး။ မိနစ် ၉၀ ကစားရမယ့်ပွဲတွေကို ၂၂ ရက်အတွင်းမှာ ၉ ပွဲကစားရမယ်ဆိုတာ သူတို့တွေက လူသားတွေဆိုရင်တော့ ဘယ်လိုမှမဖြစ် နိုင်ပါဘူး” ဆိုပြီး ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး မော်ရင်ဟိုက “ ကျွန်တော်အနေနဲ့ ပွဲစဉ်ဇယားရေးဆွဲသူတွေကို မေးချင်တာက အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂ နွေ၊နောက်ထပ်အင်္ဂါ၊ နောက်ထပ်ကြာသပတေးနဲ့ နောက်ထပ်တနင်္ဂနွေ နေ့တွေမှာ ဘယ်ဘောလုံးအသင်းက ပွဲတွေဆက် တိုက်ကစားနိုင်မှာလဲ။ ဒါပေမယ့် သူတို့တွေက ကျွန်တော်တို့ကို ကစားစေချင်တာ ထင်ပါတယ်။ ပြိုင်ပွဲတိုင်းမှာတော့ အနိုင် ရအောင် အသင်းအနေနဲ့ ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုက အသင်းရဲ့တိုက်စစ်အတွက် ကစားသမားသစ်ခေါ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ် စရာမရှိကြောင်း ပြောခဲ့ပါတယ်။ မော်ရင်ဟိုက အသင်းရဲ့တိုက်စစ်မှာ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့လို ကစားသမား တွေ ရှိတာကြောင့် တိုက်စစ်ကို စိတ်ပူစရာမလိုကြောင်းပြောခဲ့ပြီး လစ်ပ်ဇစ်တိုက်စစ်မှူး ဒါကာကို ခေါ်ယူမယ်ဆိုတဲ့သတင်း တွေကို ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

zawgyi version

၂၂ ရက္အတြင္း ၉ ပြဲကစားရမွာ ျဖစ္တာေၾကာင့္ ပြဲစဥ္ဇယားေရးဆြဲမႈအေပၚ ေဝဖန္လိုက္ျပန္တဲ့ ေမာ္ရင္ဟို
စပါးနည္းျပ ေမာ္ရင္ဟိုကေတာ့ စပါးအေနနဲ႔ ၂၂ ရက္အတြင္းမွာ ၿပိဳင္ပြဲစံု ၉ ပြဲကစားရမွာျဖစ္တာေၾကာင့္ ပြဲစဥ္ဇယားေရးဆြဲ မႈအေပၚ ေဝဖန္လိုက္ၿပီး အသင္းအတြက္ ရာသီအစပြဲစဥ္ေတြဟာ အလြန္ဗ်ာမ်ားေစတယ္လို႔ ေျပာခဲ့ပါတယ္။ စပါးဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔မွာ အဲဗာတန္ကို အိမ္ကြင္းမွာလက္ခံကစားရမွာပဲ ျဖစ္ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုက “ ကြ်န္ေတာ္အေနနဲ႔ အမ်ားႀကီးစဥ္းစားခဲ့ပါတယ္။ ဒါေပမယ့္ ဖိအားေတြပဲ အမ်ားႀကီးရခဲ့ပါတယ္။ ကြ်န္ေတာ္က ပြဲတိုင္းကို ျပံဳးျပံဳးေလးနဲ႔ သြားလို႔ ရေပမယ့္ ကြ်န္ေတာ္ကစားသမားေတြကေတာ့ မရႏိုင္ပါဘူး။ မိနစ္ ၉၀ ကစားရမယ့္ပြဲေတြကို ၂၂ ရက္အတြင္းမွာ ၉ ပြဲကစားရမယ္ဆိုတာ သူတို႔ေတြက လူသားေတြဆိုရင္ေတာ့ ဘယ္လိုမွမျဖစ္ ႏိုင္ပါဘူး” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ေမာ္ရင္ဟိုက “ ကြ်န္ေတာ္အေနနဲ႔ ပြဲစဥ္ဇယားေရးဆြဲသူေတြကို ေမးခ်င္တာက အဂၤါ၊ ၾကာသပေတး၊ တနဂၤ ေႏြ၊ေနာက္ထပ္အဂၤါ၊ ေနာက္ထပ္ၾကာသပေတးနဲ႔ ေနာက္ထပ္တနဂၤေႏြ ေန႔ေတြမွာ ဘယ္ေဘာလံုးအသင္းက ပြဲေတြဆက္ တိုက္ကစားႏိုင္မွာလဲ။ ဒါေပမယ့္ သူတို႔ေတြက ကြ်န္ေတာ္တို႔ကို ကစားေစခ်င္တာ ထင္ပါတယ္။ ၿပိဳင္ပြဲတိုင္းမွာေတာ့ အႏိုင္ ရေအာင္ အသင္းအေနနဲ႔ ႀကိဳးစားသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုက အသင္းရဲ႕တိုက္စစ္အတြက္ ကစားသမားသစ္ေခၚယူမယ့္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း စိုးရိမ္ စရာမရွိေၾကာင္း ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုက အသင္းရဲ႕တိုက္စစ္မွာ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔လို ကစားသမား ေတြ ရွိတာေၾကာင့္ တိုက္စစ္ကို စိတ္ပူစရာမလိုေၾကာင္းေျပာခဲ့ၿပီး လစ္ပ္ဇစ္တိုက္စစ္မွဴး ဒါကာကို ေခၚယူမယ္ဆိုတဲ့သတင္း ေတြကို ပယ္ခ်သြားခဲ့တာ ျဖစ္ပါတယ္။