နာမည်ကျော်ကစားသမားတွေကို နွေရာသီဈေးကွက်အတွင်းမှာ ပေါင်သန်း ၈၀၀ ကျော်သုံးပြီး ခေါ်ယူထားတဲ့ ပရီးမီးယား လိဂ် ပြန်စပြီ

တီမိုဝါနာ၊ ဂျိမ်းရိုဒရီဂွတ်ဇ် တို့လိုနာမည်ကျော်ကစားသမားတွေကို နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၈၀၀ ကျော် သုံးစွဲထားပြီး ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ဒီနေ့(စက်တင်ဘာလ ၁၂ ရက်)မှာ ပြန်လည်စတင်မှာပဲ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဘောလုံးရာသီကို ၃ လကျော်ရပ်နားထားခဲ့ရလို့ ၂၀၂၀-၂၁ ဘောလုံး ရာသီကိုတော့ ပုံမှန်ကျင်းပနေကြအချိန်တိုင်း မကျင်းပနိုင်ခဲ့ဘဲ နောက်ကျပြီးမှ စတင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ပရိသတ်တွေမပါဘဲ ဘောလုံးပွဲတွေကို ပြန်ကစားခဲ့တာဖြစ်ပြီး ဒီရာသီပွဲစဉ်တွေမှာလည်း စက် တင်ဘာလအတွင်းမှာ ကစားမယ့်ပွဲစဉ်တွေကိုတော့ ပရိသတ်တွေအနေနဲ့ ကွင်းထဲသွားရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ဘဲ ရုပ်သံကနေပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ အပြီး ၄၉ ရက်အကြာမှာ ဘောလုံးရာသီသစ်ကို ပြန်လည်စတင်ကျင်း ပခဲ့တာပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့တာက မန်စီးတီးအသင်းရဲ့မက်ဆီကို ခေါ်ယူဖို့ သတင်းပဲဖြစ်ပါတယ်။ မက်ဆီရဲ့ စာချုပ်ပါလျော်ကြေး ပေါင်သန်း ၆၃၀ ကို မန်စီးတီးက ပေးချေဖို့ ရှိပေမယ့် ဘာစီလိုနာတာဝန်ရှိသူတွေနဲ့ မက်ဆီရဲ့ဖခင်တို့ ဆွေးနွေးအပြီးမှာတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံး ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ်အလှုပ်ခတ်ဆုံးသတင်းကတော့ ချဲလ်ဆီးအသင်းရဲ့ကစားသမားခေါ်ယူမှုတွေပဲ ဖြစ်ပါတယ်။ အခြားအသင်းတွေ ထက် ငွေကြေးများစွာသုံးစွဲပြီး ပေါင်သန်း ၂၃၀ ကျော်သုံးစွဲကာ ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ယူနိုက် တက်ကတော့ နွေရာသီအပြောင်းအရွှေ့မှာ အဓိကပစ်မှတ်ထားခဲ့တဲ့ ဆန်ချိုကိုတော့ အခုချိန်ထိ မခေါ်ယူနိုင်သေးတာဖြစ် ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးက ချန်ပီယံရှစ်က ချန်ပီယံအဖြစ်တန်းတက် လာတဲ့ လိဒ်အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

နာမည္ေက်ာ္ကစားသမားေတြကို ေႏြရာသီေစ်းကြက္အတြင္းမွာ ေပါင္သန္း ၈၀၀ ေက်ာ္သံုးၿပီး ေခၚယူထားတဲ့ ပရီးမီးယား လိဂ္ ျပန္စၿပီ
တီမိုဝါနာ၊ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ တို႔လိုနာမည္ေက်ာ္ကစားသမားေတြကို ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၈၀၀ ေက်ာ္ သံုးစြဲထားၿပီး ေခၚယူထားတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ ဒီေန႔(စက္တင္ဘာလ ၁၂ ရက္)မွာ ျပန္လည္စတင္မွာပဲ ျဖစ္ ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ေဘာလံုးရာသီကို ၃ လေက်ာ္ရပ္နားထားခဲ့ရလို႔ ၂၀၂၀-၂၁ ေဘာလံုး ရာသီကိုေတာ့ ပံုမွန္က်င္းပေနၾကအခ်ိန္တိုင္း မက်င္းပႏိုင္ခဲ့ဘဲ ေနာက္က်ၿပီးမွ စတင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ပရိသတ္ေတြမပါဘဲ ေဘာလံုးပြဲေတြကို ျပန္ကစားခဲ့တာျဖစ္ၿပီး ဒီရာသီပြဲစဥ္ေတြမွာလည္း စက္ တင္ဘာလအတြင္းမွာ ကစားမယ့္ပြဲစဥ္ေတြကိုေတာ့ ပရိသတ္ေတြအေနနဲ႔ ကြင္းထဲသြားေရာက္ၾကည့္ရႈခြင့္ရမွာ မဟုတ္ဘဲ ႐ုပ္သံကေနပဲ ၾကည့္ရႈရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ အၿပီး ၄၉ ရက္အၾကာမွာ ေဘာလံုးရာသီသစ္ကို ျပန္လည္စတင္က်င္း ပခဲ့တာပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ အလႈပ္ခတ္ဆံုးျဖစ္ခဲ့တာက မန္စီးတီးအသင္းရဲ႕မက္ဆီကို ေခၚယူဖို႔ သတင္းပဲျဖစ္ပါတယ္။ မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္သန္း ၆၃၀ ကို မန္စီးတီးက ေပးေခ်ဖို႔ ရွိေပမယ့္ ဘာစီလိုနာတာဝန္ရွိသူေတြနဲ႔ မက္ဆီရဲ႕ဖခင္တို႔ ေဆြးေႏြးအၿပီးမွာေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာပဲ ဆက္ေနဖို႔ ဆံုး ျဖတ္ခဲ့တယ္လို႔ သိရပါတယ္။
ေနာက္ထပ္အလႈပ္ခတ္ဆံုးသတင္းကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ကစားသမားေခၚယူမႈေတြပဲ ျဖစ္ပါတယ္။ အျခားအသင္းေတြ ထက္ ေငြေၾကးမ်ားစြာသံုးစြဲၿပီး ေပါင္သန္း ၂၃၀ ေက်ာ္သံုးစြဲကာ ကစားသမားသစ္ေတြကို ေခၚယူခဲ့တာပဲျဖစ္ပါတယ္။ယူႏိုက္ တက္ကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕မွာ အဓိကပစ္မွတ္ထားခဲ့တဲ့ ဆန္ခ်ိဳကိုေတာ့ အခုခ်ိန္ထိ မေခၚယူႏိုင္ေသးတာျဖစ္ ပါတယ္။ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာေတာ့ လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးက ခ်န္ပီယံရွစ္က ခ်န္ပီယံအျဖစ္တန္းတက္ လာတဲ့ လိဒ္အသင္းနဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။