ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေသော်လည်း ချဲလ်ဆီးအသင်းမှာပဲ ဆက်နေသွားမယ်လို့ ဆိုလိုက်တဲ့ ဂျီရူး

ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူးက ပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေသော်လည်း အသင်းမှာပဲ ဆက်နေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စီးရီးအေ ချန်ပီယံအသင်းဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ရုန်းကန်နေရလို့ ဂျီရူးကို အာရုံစိုက်နေတာဖြစ်ပါတယ်။ The Athletic ကဖော်ပြချက်အရ ပြင်သစ်တိုက်စစ်မှူးဟာ စတန်းဖိုဒ့်ဘရစ်ချ်ကနေ ထွက်ခွာရန် မဆွေးနွေးထားဘူးလို့ သိရပါတယ်။

ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုဟာ ကြာသပတေးနေ့က ဟီဂူအင်ကို လက်လွှတ်ခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်အင်အားကို ပြန်လည်ဖြည့်တင်းချင်နေပြီး အဲဗာတန်အသင်းက မွိုက်ဆီကိန်းကို ပြန်ခေါ်ယူရန် စဉ်းစားနေတာဖြစ်ပါတယ်။ ဂျီရူးကိုလည်း အပြောင်းအရွှေ့အတွက် သတ်မှတ်ထားပေမယ့် အီတလီကလပ်အသင်းဘက်ကတော့ တရားဝင် ကမ်းလှမ်းတားမျိုး မရှိသေးပါဘူး။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအသင်းနဲ့ စာချုပ်တစ်နှစ်သက်တမ်းတိုးခဲ့လို့ ၂၀၂၀-၂၁ ဘောလုံးရာသီတစ်ရာသီစလုံးကိုလည်း အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအစပိုင်းမှာ လမ်းပတ်ရဲ့ လူစာရင်းကနေ ချန်လှပ်ထားခြင်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းအတွက် (၁၃) ပွဲကစားခဲ့ပြီး (၈) ဂိုးသွင်းပေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ခရိုအေးရှားအသင်းကို ပြင်သစ်အသင်းက (၄-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း လက်ရွေးစင်အသင်းအတွက် ဂိုး (၄၀) မြောက်သွင်းဂိုးကို သွင်းပေးခဲ့သူဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္အသင္းက စိတ္၀င္စားေနေသာ္လည္း ခ်ဲလ္ဆီးအသင္းမွာပဲ ဆက္ေနသြားမယ္လို႔ ဆိုလိုက္တဲ့ ဂ်ီရူး

ခ်ဲလ္ဆီးတိုက္စစ္မွဴး ဂ်ီရူးက ပီယာလိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းက စိတ္၀င္စားေနေသာ္လည္း အသင္းမွာပဲ ဆက္ေနသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ စီးရီးေအ ခ်န္ပီယံအသင္းဟာ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မွဴး ဆြာရက္ဇ္ကို ေခၚယူရန္ ရုန္းကန္ေနရလို႔ ဂ်ီရူးကို အာရံုစိုက္ေနတာျဖစ္ပါတယ္။ The Athletic ကေဖာ္ျပခ်က္အရ ျပင္သစ္တိုက္စစ္မွဴးဟာ စတန္းဖိုဒ့္ဘရစ္ခ်္ကေန ထြက္ခြာရန္ မေဆြးေႏြးထားဘူးလို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္နည္းျပသစ္ ပီယာလိုဟာ ၾကာသပေတးေန႔က ဟီဂူအင္ကို လက္လႊတ္ခဲ့ျပီးေနာက္ အသင္းရဲ႕ တိုက္စစ္အင္အားကို ျပန္လည္ျဖည့္တင္းခ်င္ေနျပီး အဲဗာတန္အသင္းက မြိဳက္ဆီကိန္းကို ျပန္ေခၚယူရန္ စဥ္းစားေနတာျဖစ္ပါတယ္။ ဂ်ီရူးကိုလည္း အေျပာင္းအေရႊ႕အတြက္ သတ္မွတ္ထားေပမယ့္ အီတလီကလပ္အသင္းဘက္ကေတာ့ တရား၀င္ ကမ္းလွမ္းတားမ်ိဳး မရွိေသးပါဘူး။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ရာသီက ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္တစ္ႏွစ္သက္တမ္းတိုးခဲ့လို႔ ၂၀၂၀-၂၁ ေဘာလံုးရာသီတစ္ရာသီစလံုးကိုလည္း အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။

တုိက္စစ္မွဴးဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီအစပိုင္းမွာ လမ္းပတ္ရဲ႕ လူစာရင္းကေန ခ်န္လွပ္ထားျခင္းခံခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ကစားခြင့္ရခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးအသင္းအတြက္ (၁၃) ပြဲကစားခဲ့ျပီး (၈) ဂိုးသြင္းေပးခဲ့ျပီး ျပီးခဲ့တဲ့အပတ္က ခရိုေအးရွားအသင္းကို ျပင္သစ္အသင္းက (၄-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း လက္ေရြးစင္အသင္းအတြက္ ဂိုး (၄၀) ေျမာက္သြင္းဂိုးကို သြင္းေပးခဲ့သူျဖစ္ပါတယ္။