ကိုဗစ်-၁၉ ရောဂါပိုးသက်သာပျောက်ကင်းလာပြီးနောက် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်လာပြီဖြစ်တဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကနေ သက်သာပျောက်ကင်းသွားပြီးနောက် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်လာပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပေမယ့် စနေနေ့ အက်စတွန်ဗီလာအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်မီ ကာရင်တန်လေ့ကျင့်ရေးကို ပြန်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ပေါ့ဘာနဲ့ သူ့ဇနီးဖြစ်သူ တို့ (၂) ယောက်စလုံးဟာ ပိုပြီးနေလို့ထိုင်လို့ကောင်းလာပြီဖြစ်တယ်လို့ အင်စတာဂရမ်အကောင့်မှာ ပြီးခဲ့တဲ့အပတ်က ရေးသားတင်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နေရှင်းလိဂ်နိုင်ပွဲတွေဖြစ်တဲ့ ဆွီဒင် နဲ့ ခရိုအေးရှားအသင်းတို့ ပွဲများကို လွဲချော်ခဲ့ရပါတယ်။ ပေါ့ဘာအနေနဲ့ ဒီပိတ်ရက်မှာ ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ပွဲကို သွားကစားမလားဆိုတာ မသိသေးပေမယ့် သူဟာ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်လာပြီဖြစ်ပါတယ်။

စာချုပ်သက်တမ်းမတိုးရသေးတဲ့ ပေါ့ဘာရဲ့ လက်ရှိစာချုပ်သက်တမ်းကလည်း နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းက တစ်နှစ်ထပ်မံစာချုပ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။ သတင်းများအရ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ပြန်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိနည်းပြ ပီယာလိုဟာ အသင်းမှာ အတူတူ (၃) နှစ်တွဲကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်းကို အသင်းကို ပြန်လည်ခေါ်ယူရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ကိုဗစ္-၁၉ ေရာဂါပိုးသက္သာေပ်ာက္ကင္းလာျပီးေနာက္ ယူႏိုက္တက္ရဲ႕ ေလ့က်င့္ေရးကို ျပန္ေရာက္လာျပီျဖစ္တဲ့ ေပါ့ဘာ

ေပါ့ဘာဟာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးကေန သက္သာေပ်ာက္ကင္းသြားျပီးေနာက္ ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္ေရာက္လာျပီျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့လက ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ေပမယ့္ စေနေန႔ အက္စတြန္ဗီလာအသင္းနဲ႔ ကစားမယ့္ ေျခစမ္းပြဲမတိုင္မီ ကာရင္တန္ေလ့က်င့္ေရးကို ျပန္ေရာက္လာျပီျဖစ္တယ္လို႔ သိရပါတယ္။

ေပါ့ဘာနဲ႔ သူ႔ဇနီးျဖစ္သူ တို႔ (၂) ေယာက္စလံုးဟာ ပိုျပီးေနလို႔ထိုင္လို႔ေကာင္းလာျပီျဖစ္တယ္လို႔ အင္စတာဂရမ္အေကာင့္မွာ ျပီးခဲ့တဲ့အပတ္က ေရးသားတင္ခဲ့တာျဖစ္ပါတယ္။ ေပါ့ဘာဟာ ကိုဗစ္-၁၉ ေရာဂါပိုးေၾကာင့္ ျပင္သစ္လက္ေရြးစင္အသင္းရဲ႕ ေနရွင္းလိဂ္ႏိုင္ပြဲေတြျဖစ္တဲ့ ဆြီဒင္ နဲ႔ ခရိုေအးရွားအသင္းတို႔ ပြဲမ်ားကို လြဲေခ်ာ္ခဲ့ရပါတယ္။ ေပါ့ဘာအေနနဲ႔ ဒီပိတ္ရက္မွာ ကစားမယ့္ အက္စတြန္ဗီလာအသင္းနဲ႔ပြဲကို သြားကစားမလားဆိုတာ မသိေသးေပမယ့္ သူဟာ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္ေရာက္လာျပီျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္းမတိုးရေသးတဲ့ ေပါ့ဘာရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းကလည္း ေနာက္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ျပီး အသင္းက တစ္ႏွစ္ထပ္မံစာခ်ဳပ္သက္တမ္းတိုးခြင့္ရွိေနပါတယ္။ သတင္းမ်ားအရ ေပါ့ဘာဟာ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္သြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လက္ရွိနည္းျပ ပီယာလိုဟာ အသင္းမွာ အတူတူ (၃) ႏွစ္တြဲကစားခဲ့ဖူးတဲ့ ကြင္းလယ္ကစားသမားေဟာင္းကို အသင္းကို ျပန္လည္ေခၚယူရန္ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။