အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီ ကို မခေါ်ဘူးလို့ ဆိုလိုက်တဲ့ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်

ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီ ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဒီနွေရာသီမှာ သောမတ်စ်ပါတေး နဲ့ ဟောက်ဆန်အဝါးတို့ကို ခေါ်ယူရန် အသုံးစရိတ်လိုနေတဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီအတွက် ပီအက်စ်ဂျီအသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လု့ိ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ကြာသပတေးနေ့ညက လန်းစ် အသင်းကို (၁-ဝ) နဲ့ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂွမ်ဒူဇီအကြောင်းမေးမြန်းခဲ့ရာ ပီအက်စ်ဂျီနည်းပြက “မခေါ်ပါဘူး။ ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။ ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဖက်တိုက်စစ်ကစားသမား မြူပေးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ပွဲအပြီးကတည်းက အာဆင်နယ်နည်းပြ အာတီတာရဲ့ မျက်နှာသာပေးခြင်းမခံရတော့သူ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ လစာကိစ္စ နဲ့ ပတ်သက်ပြီး လှောင်ပြောင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ကို အက်ဖ်အေက အရေးမယူခဲ့သော်လည်း သူဟာ အာဆင်နယ်အသင်းရဲ့ လက်ကျန်ရာသီ ပွဲများကို ထပ်မကစားရတော့ပါဘူး။ သူဟာ အာဆင်နယ်အသင်း ဝင်ဘလေကွင်းမှာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲကနေလည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းက အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ပါတေး နဲ့ လိုင်ယွန်ကစားသမား ဟောက်ဆန်အဝါးတို့ကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး လိုအပ်နေတာဖြစ်ပါတယ်။

အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒူဇီ ကို မေခၚဘူးလို႔ ဆိုလိုက္တဲ့ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္

ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္က အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒူဇီ ကို ေခၚယူမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ ဒီေႏြရာသီမွာ ေသာမတ္စ္ပါေတး နဲ႔ ေဟာက္ဆန္အ၀ါးတို႔ကို ေခၚယူရန္ အသံုးစရိတ္လိုေနတဲ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဂြမ္ဒူဇီအတြက္ ပီအက္စ္ဂ်ီအသင္းက ေပါင္သန္း ၃၀ နဲ႔ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လု႔ိ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညက လန္းစ္ အသင္းကို (၁-၀) နဲ႔ ပီအက္စ္ဂ်ီအသင္း ရႈံးနိမ့္ခဲ့တဲ့ပြဲအျပီးမွာ ဂြမ္ဒူဇီအေၾကာင္းေမးျမန္းခဲ့ရာ ပီအက္စ္ဂ်ီနည္းျပက “မေခၚပါဘူး။ ဒါက ျဖစ္လာမွာ မဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။ ဂြမ္ဒူဇီဟာ အာဆင္နယ္အသင္း ျပီးခဲ့တဲ့ရာသီက ဘရိုက္တန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ တစ္ဖက္တုိက္စစ္ကစားသမား ျမဴေပးနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တဲ့ပြဲအျပီးကတည္းက အာဆင္နယ္နည္းျပ အာတီတာရဲ႕ မ်က္ႏွာသာေပးျခင္းမခံရေတာ့သူ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္ကစားသမားဟာ ျပိဳင္ဘက္ကစားသမားေတြရဲ႕ လစာကိစၥ နဲ႔ ပတ္သက္ျပီး ေလွာင္ေျပာင္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ျဖစ္ရပ္ကို အက္ဖ္ေအက အေရးမယူခဲ့ေသာ္လည္း သူဟာ အာဆင္နယ္အသင္းရဲ႕ လက္က်န္ရာသီ ပြဲမ်ားကို ထပ္မကစားရေတာ့ပါဘူး။

သူဟာ အာဆင္နယ္အသင္း ၀င္ဘေလကြင္းမွာ လီဗာပူးလ္ကုိ အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲကေနလည္း ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။ အာဆင္နယ္အသင္းက အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ပါေတး နဲ႔ လိုင္ယြန္ကစားသမား ေဟာက္ဆန္အ၀ါးတို႔ကို ေခၚယူရန္ ေျပာင္းေရႊ႕ေၾကး လိုအပ္ေနတာျဖစ္ပါတယ္။