ကျောနံပါတ် (၂၉) ကို ပေးတဲ့အတွက် ချဲလ်ဆီးအသင်းဖော် တိုမိုရီကို ကျေးဇူးတင်စကားပြောလိုက်တဲ့ ကိုင်ဟာဗက်ဇ်

  ချဲလ်ဆီးအသင်းက အသစ်ခေါ်ယူထားတဲ့ ကိုင်ဟာဗက်ဇ်က ကျောနံပါတ် (၂၉) ကို တိုမိုရီက လဲပေးတဲ့အတွက် ကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ ၂၀၁၆-၁၇ ခုနှစ်ကတည်းက လေဗာကူဆင်အသင်းမှာ စီနီယာကစားသမားဘ၀ စတင်ကစားခွင့်ရကတည်းက ကျောနံပါတ် (၂၉)ကို အမြဲဝတ်ဆင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးစီနီယာအသင်းမှာ ကစားခွင့်ရလာတဲ့ တိုမိုရီဟာ ကျောနံပါတ် (၂၉) ကို ဝတ်ခဲ့ပေမယ့် ကိုဟာဗက်ဇ်ကြောင့် ယခုအခါ ကျောနံပါတ် (၁၄) ကို လဲပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုင်ဟာဗက်ဇ်က ကျောနံပါတ် လဲပေးတဲ့ တိုမိုရီကို ကျေးဇူးတင်စကားပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ်ဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တိုမိုရီကို ကျောနံပါတ် (၂၉) ကိုပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုံနဲ့ တကွ တင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲကို တနလာၤနေ့ ညမှာ ဘရိုက်တန်အသင်းရဲ့ အဝေးကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲထွက်ကစားမယ်လို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။

၀တ္ေနက် ေက်ာနံပါတ္ (၂၉) ကို ေပးတဲ့အတြက္ ခ်ဲလ္ဆီးအသင္းေဖာ္ တိုမိုရီကို ေက်းဇူးတင္စကားေျပာလိုက္တဲ့ ကိုင္ဟာဗက္ဇ္

ခ်ဲလ္ဆီးအသင္းက အသစ္ေခၚယူထားတဲ့ ကိုင္ဟာဗက္ဇ္က ေက်ာနံပါတ္ (၂၉) ကို တိုမိုရီက လဲေပးတဲ့အတြက္ ေက်းဇူးတင္စကားေျပာသြားခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ ၂၀၁၆-၁၇ ခုႏွစ္ကတည္းက ေလဗာကူဆင္အသင္းမွာ စီနီယာကစားသမားဘ၀ စတင္ကစားခြင့္ရကတည္းက ေက်ာနံပါတ္ (၂၉)ကို အျမဲ၀တ္ဆင္ခဲ့သူ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးစီနီယာအသင္းမွာ ကစားခြင့္ရလာတဲ့ တိုမိုရီဟာ ေက်ာနံပါတ္ (၂၉) ကို ၀တ္ခဲ့ေပမယ့္ ကိုဟာဗက္ဇ္ေၾကာင့္ ယခုအခါ ေက်ာနံပါတ္ (၁၄) ကို လဲေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၈၉ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ကိုင္ဟာဗက္ဇ္က ေက်ာနံပါတ္ လဲေပးတဲ့ တိုမိုရီကို ေက်းဇူးတင္စကားေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ကိုင္ဟာဗက္ဇ္ဟာ သူ႔ရဲ႕  အင္စတာဂရမ္အေကာင့္မွာ တိုမိုရီကို ေက်ာနံပါတ္ (၂၉) ကိုေပးတဲ့အတါက္ ေက်းဇူးတင္တယ္လို႔ ပံုနဲ႔ တကြ တင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲကို တနလာၤေန႔ ညမွာ ဘရိုက္တန္အသင္းရဲ႕ အေ၀းကြင္းကို သြားေရာက္ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး ပြဲထြက္ကစားမယ္လို႔လည္း ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။