သန်း ၂၀၀ ကျော် ဖိအားတွေကို လမ်းပတ်အနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မီဒီယာတွေကိုဖော်ပြနေကြ

နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် လာမယ့် ရာသီမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတင်းမီဒီယာတွေကဖော်ပြနေကြပါ တယ်။ ချဲလ်ဆီးအသင်းကို ရုရှားသူဌေး အေဘရာမိုဗစ် ပိုင်ဆိုင်ပြီးနောက်မှာ မော်ရင်ဟိုနည်းပြအဖြစ် တာဝန်ပေးခဲ့ပြီး ကစားသမားကောင်းတွေ ခေါ်ယူခဲ့တာနဲ့ နှိုင်းယှဉ်ပြီး မီဒီယာတွေက ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးကို အေဘရာမိုဗစ် ဝယ်ယူပြီးနောက်မှာ မော်ရင်ဟိုကို နည်းပြအဖြစ်တာဝန်ပေးခဲ့ပြီး ဒရော့ဘာ၊ရော်ဘင်၊ ကာဗယ် ဟို၊ ပီတာချက်တို့လို ကစားသမားကောင်းတွေခေါ်ယူပြီး နှစ် ၅၀ ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်ရ အောင်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့အသင်းမှာ လက်ရှိချဲလ်ဆီးနည်းပြဖြစ်တဲ့ လမ်းပတ်က အဓိက, ကစားသမားတစ်ဦး အဖြစ် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။


၁၅ နှစ်ကြာပြီးနောက်မှာတော့ လမ်းပတ်အနေနဲ့ ချဲလ်ဆီးနည်းပြဖြစ်လာခဲ့ပြီး အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ အက်ဖ်အေဖလားဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့ပိတ်ပင်ခံထားရတာကြောင့် လူခေါ်ယူခွင့်မရတဲ့အနေအထားမှာ လမ်းပတ်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာကြောင့် မီဒီယာတွေအနေနဲ့ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ရာသီက ထိပ်သီးအသင်းတွေကြားမှာ ပေးဂိုးအများဆုံးဖြစ်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့မှာတော့ နောက်ခံလူတွေအဖြစ် သီယာဂိုဆေးလ်ဗား၊ဘင်ချီဝဲလ်နဲ့ မာလန်းဆားစ်တို့ကို ခေါ်ယူထား ပေမယ့် တိုက်စစ်အားသန်တဲ့ တီမိုဝါနာ၊ ဇီယက်စ်နဲ့ ကိုင်ဟာဗက်ဇ်တို့ကို ခေါ်ယူထားတာကြောင့် တိုက်စစ်ကိုပိုဦးစား ပေးဖို့ ရှိနေတယ်လို့ ဖော်ပြခံနေရတာ ဖြစ်ပါတယ်။

zawgyi version

သန္း ၂၀၀ ေက်ာ္ ဖိအားေတြကို လမ္းပတ္အေနနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ မီဒီယာေတြကိုေဖာ္ျပေနၾက
ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၀၀ ေက်ာ္သံုးစြဲၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ လာမယ့္ ရာသီမွာ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ ဖိအားေတြနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း သတင္းမီဒီယာေတြကေဖာ္ျပေနၾကပါ တယ္။ ခ်ဲလ္ဆီးအသင္းကို ႐ုရွားသူေဌး ေအဘရာမိုဗစ္ ပိုင္ဆိုင္ၿပီးေနာက္မွာ ေမာ္ရင္ဟိုနည္းျပအျဖစ္ တာဝန္ေပးခဲ့ၿပီး ကစားသမားေကာင္းေတြ ေခၚယူခဲ့တာနဲ႔ ႏႈိင္းယွဥ္ၿပီး မီဒီယာေတြက ေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးကို ေအဘရာမိုဗစ္ ဝယ္ယူၿပီးေနာက္မွာ ေမာ္ရင္ဟိုကို နည္းျပအျဖစ္တာဝန္ေပးခဲ့ၿပီး ဒေရာ့ဘာ၊ေရာ္ဘင္၊ ကာဗယ္ ဟို၊ ပီတာခ်က္တို႔လို ကစားသမားေကာင္းေတြေခၚယူၿပီး ႏွစ္ ၅၀ ၾကာေဝးကြာေနခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္ရ ေအာင္လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟို ကိုင္တြယ္ခဲ့တဲ့အသင္းမွာ လက္ရွိခ်ဲလ္ဆီးနည္းျပျဖစ္တဲ့ လမ္းပတ္က အဓိက, ကစားသမားတစ္ဦး အျဖစ္ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။
၁၅ ႏွစ္ၾကာၿပီးေနာက္မွာေတာ့ လမ္းပတ္အေနနဲ႔ ခ်ဲလ္ဆီးနည္းျပျဖစ္လာခဲ့ၿပီး အသင္းကို ကိုင္တြယ္ခြင့္ရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရာသီမွာ အက္ဖ္ေအဖလားဗိုလ္လုပြဲ တက္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ရႈံးထြက္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတာေၾကာင့္ လူေခၚယူခြင့္မရတဲ့အေနအထားမွာ လမ္းပတ္အေနနဲ႔ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ မီဒီယာေတြအေနနဲ႔ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ရာသီက ထိပ္သီးအသင္းေတြၾကားမွာ ေပးဂိုးအမ်ားဆံုးျဖစ္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့ ခ်ဲလ္ဆီးဟာ ေႏြရာသီ အေျပာင္းအေရႊ႕မွာေတာ့ ေနာက္ခံလူေတြအျဖစ္ သီယာဂိုေဆးလ္ဗား၊ဘင္ခ်ီဝဲလ္နဲ႔ မာလန္းဆားစ္တို႔ကို ေခၚယူထား ေပမယ့္ တိုက္စစ္အားသန္တဲ့ တီမိုဝါနာ၊ ဇီယက္စ္နဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို ေခၚယူထားတာေၾကာင့္ တိုက္စစ္ကိုပိုဦးစား ေပးဖို႔ ရွိေနတယ္လို႔ ေဖာ္ျပခံေနရတာ ျဖစ္ပါတယ္။