အသက်အရွယ်နဲ့ လစာအရ ဘေးလ်အတွက် အသင့်တော်ဆုံးက ယူနိုက်တက်ပဲရှိတယ်လို့ လီဗာပူးကစားသမားဟောင်း ဂျွန်ဘားနက် ပြောဆို

ရီးရဲလ်အသင်းကနေ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဂါရတ်ဘေးရဲ့ အသက်အရွယ်နဲ့ လစာငွေအရ ပြောင်းရွှေ့ ဖို့ အသင့်တော်ဆုံး အသင်းက ယူနိုက်တက်ပဲ ရှိတယ်လို့ လီဗာပူးကစားသမားဟောင်း ဂျွန်ဘားနက်က ပြောခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်နည်းပြ ဇီဒန်းနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တာကြောင့် အသင်းရဲ့ နောက်ဆုံး ပွဲစဉ် ၇ ပွဲကို လွဲချော်ခဲ့ရသူလည်း ဖြစ်ပါတယ်။


ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးတယ် ဆိုပေမယ့် ဂါရတ်ဘေးလ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတာဖြစ်ပြီး စပါးနည်းပြ မော်ရင်ဟိုကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ဂါရတ် ဘေးလ်ကို ယူနိုက်တက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး စပါးနည်းပြဖြစ်လာချိန်မှာ လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။


လီဗာပူးနဲ့ အင်္ဂလန်အသင်းကစားသမားဟောင်းဖြစ်တဲ့ ဂျွန်ဘားနက်က “ဂါရတ်ဘေးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာ မယ်ဆိုရင် လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူမယ်လို့ စိတ်ကူးယဉ်လို့ မရပါဘူး။ သူကို တကယ်လိုချင်နေတဲ့အသင်း ဆီကိုပဲ ပြောင်းရွှေ့သင့်ပါတယ်။ သူရဲ့ အသင်းဟောင်း စပါးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်ဆိုပေမယ့် သူရဲ့လ စာငွေကိုတော့ ယူနိုက်တက်တစ်သင်းတည်းကပဲ ပေးချေနိုင်ဖို့များနေပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဂျွန်ဘားနက်က ယူနိုက်တက်အသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်နဲ့ ပတ်သက်ပြီးတော့လည်း သူက တကယ်ကို အလုပ်ကိုကောင်းကောင်းလုပ်နိုင်တဲ့ ကစား သမားတစ်ယောက်ပါ။ ကွင်းလယ်ကစားသမားနေရာအတွက် ယူနိုက်တက်မှာ မလိုအပ်ဘူးဆိုပေမယ့် သူကို ဘာကြောင့် ခေါ်ယူခဲ့ရလဲ ဆိုတာကို သူအနေနဲ့ အကောင်းဆုံးသက်သေပြသွားပါမယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

အသက္အရြယ္နဲ႔ လစာအရ ေဘးလ္အတြက္ အသင့္ေတာ္ဆံုးက ယူႏိုက္တက္ပဲရွိတယ္လို႔ လီဗာပူးကစားသမားေဟာင္း ဂြ်န္ဘားနက္ ေျပာဆို
ရီးရဲလ္အသင္းကေန ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ဂါရတ္ေဘးရဲ႕ အသက္အရြယ္နဲ႔ လစာေငြအရ ေျပာင္းေရႊ႕ ဖို႔ အသင့္ေတာ္ဆံုး အသင္းက ယူႏိုက္တက္ပဲ ရွိတယ္လို႔ လီဗာပူးကစားသမားေဟာင္း ဂြ်န္ဘားနက္က ေျပာခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္နည္းျပ ဇီဒန္းနဲ႔ အဆင္မေျပမႈေတြ ျဖစ္ခဲ့တာေၾကာင့္ အသင္းရဲ႕ ေနာက္ဆံုး ပြဲစဥ္ ၇ ပြဲကို လြဲေခ်ာ္ခဲ့ရသူလည္း ျဖစ္ပါတယ္။
ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္က်န္ေနေသးတယ္ ဆိုေပမယ့္ ဂါရတ္ေဘးလ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေနတာျဖစ္ၿပီး စပါးနည္းျပ ေမာ္ရင္ဟိုကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုဟာ ဂါရတ္ ေဘးလ္ကို ယူႏိုက္တက္နည္းျပအျဖစ္ လုပ္ကိုင္ခဲ့ကတည္းက ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ၿပီး စပါးနည္းျပျဖစ္လာခ်ိန္မွာ လည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
လီဗာပူးနဲ႔ အဂၤလန္အသင္းကစားသမားေဟာင္းျဖစ္တဲ့ ဂြ်န္ဘားနက္က “ဂါရတ္ေဘးလ္အေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လာ မယ္ဆိုရင္ လီဗာပူးနဲ႔ ခ်ဲလ္ဆီးအသင္းေတြက ေခၚယူမယ္လို႔ စိတ္ကူးယဥ္လို႔ မရပါဘူး။ သူကို တကယ္လိုခ်င္ေနတဲ့အသင္း ဆီကိုပဲ ေျပာင္းေရႊ႕သင့္ပါတယ္။ သူရဲ႕ အသင္းေဟာင္း စပါးနဲ႔ ယူႏိုက္တက္တို႔က စိတ္ဝင္စားေနတယ္ဆိုေပမယ့္ သူရဲ႕လ စာေငြကိုေတာ့ ယူႏိုက္တက္တစ္သင္းတည္းကပဲ ေပးေခ်ႏိုင္ဖို႔မ်ားေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂြ်န္ဘားနက္က ယူႏိုက္တက္အသင္းက ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ေခၚယူထားတဲ့ ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း သူက တကယ္ကို အလုပ္ကိုေကာင္းေကာင္းလုပ္ႏိုင္တဲ့ ကစား သမားတစ္ေယာက္ပါ။ ကြင္းလယ္ကစားသမားေနရာအတြက္ ယူႏိုက္တက္မွာ မလိုအပ္ဘူးဆိုေပမယ့္ သူကို ဘာေၾကာင့္ ေခၚယူခဲ့ရလဲ ဆိုတာကို သူအေနနဲ႔ အေကာင္းဆံုးသက္ေသျပသြားပါမယ္လို႔ ေျပာခဲ့ပါတယ္။