အင်္ဂလန်အသင်းနဲ့ ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ယူနိုက်တက်အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ပေမယ့် တစ်ယောက်တည်း လေ့ကျင့်ချင်တယ်လို့ ပြောခဲ့တဲ့ ဂရင်းဝုဒ်

ယူနိုက်တက်အသင်းလူငယ်ကစားသမား ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးရွေးချယ်ခံခဲ့ ရပေမယ့် အသင်းဖော်ဖိုဒန်နဲ့ ပေါင်းပြီး အိုက်စလန်နိုင်ငံက တားမြစ်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဟိုတယ် အတွင်းကို မိန်းကလေးနှစ်ဦး ဖိတ်ကြားခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ အင်္ဂလန်ကို ပြန်ဖို့ခံခဲ့ရပြီး ဒိန်းမတ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်လေ့ကျင့်ရေး ကွင်းကို ရောက်လာခဲ့ပြီး နည်းပြဆိုးလ်ရှားနဲ့ တွေ့ဆုံကာ အသင်းရဲ့ကစားသမားတွေလေ့ကျင့်မှုပြုလုပ်ပြီးမှ သူအနေနဲ့ တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ချင်ကြောင်းကို ပြောခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ယူနိုက်တက် ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို မကစားရသေးပေမယ့် ဒီတစ်ပတ်မှာ အက်စ်တွန်ဗီလာနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး ဒီပွဲမှာ ဂရင်းဝုဒ်အနေနဲ့ ပါဝင်ကစားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စတင်ကစားမှာဖြစ်ပေ မယ့် ဗြိတိန်နိုင်ငံကို ပြန်ရောက်လာသူတွေကို အစိုးရက ၁၄ ရက် သီးခြားနေထိုင်ဖို့ ပြောဆိုထားတာကြောင့် ဂရင်းဝုဒ်အ နေနဲ့လည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အင်္ဂလန်အသင်းကနေ အရေးယူခံ ရဖွယ်ရှိနေတဲ့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်တာဝန်ရှိသူတွေကတော့ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိခဲ့တာတွေ့ရ ပါတယ်။


အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ အင်္ဂလန်ကစားသမား ဂရင်းဝုဒ်ဟာ အိုက်စလန်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီးတောင်း ပန်မှုပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ဂရင်းဝုဒ် က “ ကျွန်တော်မိသားစု၊ ယူနိုက်တက်နဲ့ အင်္ဂလန်ပရိသတ်တွေကို ကတိပေးပါတယ်။ ဒါဟာ ကျွန်တော်ဘဝအတွက် သင်ခန်းစာတစ်ခုပါ။ ဒီဖြစ်ရပ်ကနေ သင်ယူသွားမှာပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

zawgyi version

အဂၤလန္အသင္းနဲ႔ ျပႆနာ ျဖစ္ပြားခဲ့ၿပီးေနာက္ ယူႏိုက္တက္အသင္းေလ့က်င့္ေရးကြင္းကို လာေရာက္ခဲ့ေပမယ့္ တစ္ေယာက္တည္း ေလ့က်င့္ခ်င္တယ္လို႔ ေျပာခဲ့တဲ့ ဂရင္းဝုဒ္
ယူႏိုက္တက္အသင္းလူငယ္ကစားသမား ဂရင္းဝုဒ္ဟာ အဂၤလန္လက္ေရြးစင္အသင္းႀကီးအတြက္ ပထမဆံုးေရြးခ်ယ္ခံခဲ့ ရေပမယ့္ အသင္းေဖာ္ဖိုဒန္နဲ႔ ေပါင္းၿပီး အိုက္စလန္ႏိုင္ငံက တားျမစ္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ၿပီး ဟိုတယ္ အတြင္းကို မိန္းကေလးႏွစ္ဦး ဖိတ္ၾကားခဲ့တာေၾကာင့္ လက္ေရြးစင္အသင္းကေန အဂၤလန္ကို ျပန္ဖို႔ခံခဲ့ရၿပီး ဒိန္းမတ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပါဝင္ခြင့္မရခဲ့တာလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကေတာ့ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အသင္းရဲ႕ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ကာရင္တန္ေလ့က်င့္ေရး ကြင္းကို ေရာက္လာခဲ့ၿပီး နည္းျပဆိုးလ္ရွားနဲ႔ ေတြ႕ဆံုကာ အသင္းရဲ႕ကစားသမားေတြေလ့က်င့္မႈျပဳလုပ္ၿပီးမွ သူအေနနဲ႔ တစ္ဦးတည္း ေလ့က်င့္မႈျပဳလုပ္ခ်င္ေၾကာင္းကို ေျပာခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ယူႏိုက္တက္ ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ကို မကစားရေသးေပမယ့္ ဒီတစ္ပတ္မွာ အက္စ္တြန္ဗီလာနဲ႔ ေျခစမ္းပြဲကစားဖို႔ရွိေနၿပီး ဒီပြဲမွာ ဂရင္းဝုဒ္အေနနဲ႔ ပါဝင္ကစားမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။
ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ကို စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ စတင္ကစားမွာျဖစ္ေပ မယ့္ ၿဗိတိန္ႏိုင္ငံကို ျပန္ေရာက္လာသူေတြကို အစိုးရက ၁၄ ရက္ သီးျခားေနထိုင္ဖို႔ ေျပာဆိုထားတာေၾကာင့္ ဂရင္းဝုဒ္အ ေနနဲ႔လည္း ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာပါဝင္ကစားႏိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အဂၤလန္အသင္းကေန အေရးယူခံ ရဖြယ္ရွိေနတဲ့ ဂရင္းဝုဒ္နဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္တာဝန္ရွိသူေတြကေတာ့ တစ္စံုတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိခဲ့တာေတြ႕ရ ပါတယ္။
အသက္ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ အဂၤလန္ကစားသမား ဂရင္းဝုဒ္ဟာ အိုက္စလန္မွာ ျဖစ္ပြားခဲ့တဲ့ကိစၥရပ္နဲ႔ ပတ္သက္ၿပီးေတာင္း ပန္မႈျပဳလုပ္သြားခဲ့တယ္လို႔ သိရပါတယ္။ ဂရင္းဝုဒ္ က “ ကြ်န္ေတာ္မိသားစု၊ ယူႏိုက္တက္နဲ႔ အဂၤလန္ပရိသတ္ေတြကို ကတိေပးပါတယ္။ ဒါဟာ ကြ်န္ေတာ္ဘဝအတြက္ သင္ခန္းစာတစ္ခုပါ။ ဒီျဖစ္ရပ္ကေန သင္ယူသြားမွာပါ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။