အိုဇေးလ်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာကြောင့် ပုံမှန်နေရာရဖို့ ရှိတယ်ဆိုပြီး ပြောခဲ့တဲ့ အီဒူး

ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပွဲကစားခွင့်တွေနဲ့လွဲချော်ခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ ကွင်း လယ်လူ အိုဇေးလ်အနေနဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ သတိပေးခြင်းခံရပြီး နောက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ် တွေမှာ အကောင်းဆုံးပြန်လည် ကြိုးစားခဲ့တာကြောင့် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပြန်ရနိုင်တယ်လို့ အားကစားဒါရိုက်တာ အီဒူး က ပြောခဲ့ပါတယ်။


အာဆင်နယ်မှာ တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းခွဲအထိရနေပြီး လစာအများဆုံးရနေတဲ့ အိုဇေးလ်ဟာ ရာသီကြိုခြေစမ်း ပွဲတွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး လာမယ့်စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲအ တွက်လည်း ကြံခိုင်မှု ပြည့်ဝနေခဲ့တာကြောင့် ပွဲထွက်ကစားခွင့်ရဖို့ ရှိနေတယ်ဆိုပြီး အီဒူးက ပြောခဲ့ပါတယ်။ အိုဇေးလ်လို ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ကို ပြန်လည်ရရှိတာ အာဆင်နယ်အတွက်ကောင်းတယ်ဆိုပြီး မီဒီယာတွေက ဖော် ပြခဲ့ကြပါတယ်။


အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက “ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကစားသမားတစ်ယောက်ချင်းစီရဲ့ စွမ်း ဆောင်ရည်နဲ့ ပတ်သက်ပြီး စကားပြောဖြစ်ကြပါတယ်။ နည်းပြ အာတီတာအနေနဲ့လည်း အသင်းမှာရှိတဲ့ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည် တက်လာအောင်လုပ်ဆောင်နိုင်ပါတယ်။ အာတီတာရဲ့ လုပ်ဆောင်မှုတွေထဲမှာ အိုဇေးလ်ကို ပြန်လည် ကြိုးစားချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်နိုင်တာက အကောင်းဆုံးသက်သေပါပဲ” လို့ ပြောခဲ့ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း အူနိုင်းအမ်မရီရဲ့နေရာမှာ အစားဝင်ရောက်ကိုင်တွယ် ခဲ့ရတာကြောင့် ရာသီအကုန်မှာ အဆင့်-၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပေမယ့် အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ ဒီရာသီရဲ့ ရာသီကြိုဖလားဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို အနိုင်ရခဲ့တာ ကြောင့် အာတီတာဟာ နည်းပြကောင်းတစ်ဦးဖြစ်တယ် ဆိုပြီး အသင်းတာဝန်ရှိသူတွေက ချီးကျူးမှု ပြုလုပ်ခဲ့ကြပါတယ်။

zawgyi version

အိုေဇးလ္အေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပံုမွန္ေနရာရဖို႔ ရွိတယ္ဆိုၿပီး ေျပာခဲ့တဲ့ အီဒူး
ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ ပြဲကစားခြင့္ေတြနဲ႔လြဲေခ်ာ္ခဲ့ၿပီး အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခဲ့တဲ့ ကြင္း လယ္လူ အိုေဇးလ္အေနနဲ႔ အာဆင္နယ္နည္းျပ အာတီတာရဲ႕ သတိေပးျခင္းခံရၿပီးေနာက္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ ေတြမွာ အေကာင္းဆံုးျပန္လည္ ႀကိဳးစားခဲ့တာေၾကာင့္ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ျပန္ရႏိုင္တယ္လို႔ အားကစားဒါ႐ိုက္တာ အီဒူး က ေျပာခဲ့ပါတယ္။
အာဆင္နယ္မွာ တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းခြဲအထိရေနၿပီး လစာအမ်ားဆံုးရေနတဲ့ အိုေဇးလ္ဟာ ရာသီႀကိဳေျခစမ္း ပြဲေတြနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ၿပီး လာမယ့္စေနေန႔မွာ ကစားမယ့္ ဖူလ္ဟမ္နဲ႔ပြဲအ တြက္လည္း ၾကံခိုင္မႈ ျပည့္ဝေနခဲ့တာေၾကာင့္ ပြဲထြက္ကစားခြင့္ရဖို႔ ရွိေနတယ္ဆိုၿပီး အီဒူးက ေျပာခဲ့ပါတယ္။ အိုေဇးလ္လို ကမ႓ာ့အဆင့္ ကစားသမားတစ္ေယာက္ကို ျပန္လည္ရရွိတာ အာဆင္နယ္အတြက္ေကာင္းတယ္ဆိုၿပီး မီဒီယာေတြက ေဖာ္ ျပခဲ့ၾကပါတယ္။
အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးက “ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕ စြမ္း ေဆာင္ရည္နဲ႔ ပတ္သက္ၿပီး စကားေျပာျဖစ္ၾကပါတယ္။ နည္းျပ အာတီတာအေနနဲ႔လည္း အသင္းမွာရွိတဲ့ကစားသမားေတြ ရဲ႕ စြမ္းေဆာင္ရည္ တက္လာေအာင္လုပ္ေဆာင္ႏိုင္ပါတယ္။ အာတီတာရဲ႕ လုပ္ေဆာင္မႈေတြထဲမွာ အိုေဇးလ္ကို ျပန္လည္ ႀကိဳးစားခ်င္စိတ္ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္တာက အေကာင္းဆံုးသက္ေသပါပဲ” လို႔ ေျပာခဲ့ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပေဟာင္း အူႏိုင္းအမ္မရီရဲ႕ေနရာမွာ အစားဝင္ေရာက္ကိုင္တြယ္ ခဲ့ရတာေၾကာင့္ ရာသီအကုန္မွာ အဆင့္-၈ ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ေပမယ့္ အက္ဖ္ေအဖလားရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ ပါတယ္။ ဒီရာသီရဲ႕ ရာသီႀကိဳဖလားျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးကို အႏိုင္ရခဲ့တာ ေၾကာင့္ အာတီတာဟာ နည္းျပေကာင္းတစ္ဦးျဖစ္တယ္ ဆိုၿပီး အသင္းတာဝန္ရွိသူေတြက ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ၾကပါတယ္။