ချဲလ်ဆီးက အလိုရှိနေတဲ့ ပေါင် ၅၅ သန်းကို ကန်တီအတွက် ပေးချေဖို့ အဆင်သင့်ရှိနေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးထဲမှာ ပါဝင်နေတဲ့ ကန်တီကို အသင်းရဲ့ပြောင်းလဲမယ့် ကစား ပုံကြောင့် အံဝင်မှုမရှိဘူးဆိုပြီး ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ ရောင်းချတော့မယ်လို့ သတင်းတွေ ထွက်ဖော်နေခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက ကန်တီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၅၅ သန်းလောက်အထိ အလိုရှိနေတာကြောင့် သူကိုခေါ်ယူချင် တဲ့အသင်းတွေအနေနဲ့ အခက်တွေ့နေတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာမီလန်က ကွန်တီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပေမယ့် ငွေ ကြေးအများအပြား မသုံးစွဲချင်နေတဲ့အချိန်မှာ ယူနိုက်တက်ကတော့ ကန်တီရဲ့ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းအတွက် ပေးချေဖို့ အဆင့်သင့်ရှိတယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ ကန်တီကို ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ယူနိုက်တက်ဆီ ရောင်းချမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်တဲ့ အေဘရာဗိုဗစ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော်သုံးစွဲထားပြီး ကစား သမားသစ်တွေ ခေါ်ယူထားတာကြောင့် အသင်းမှာပိုလျှံနေတဲ့ ကစားသမားတွေကို ရောင်းချဖို့အတွက် လုပ်ဆောင်နေ တယ်လို့ သိရပြီး ဒီကစားသမားတွေထဲမှာ ကွင်းလယ်လူ ကန်တီလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက မှ ချဲလ်ဆီးနဲ့ သုံးနှစ်စာချုပ်ထပ်ပြီး ချုပ်ဆိုထားတာကြောင့် ကန်တီအနေနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျော် ကျန်နေသေး တာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးနည်းပြဟောင်းဖြစ်တဲ့ ကွန်တီကတော့ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်သမားထဲက တစ်ဦး ဖြစ်တဲ့ ကန်တီနဲ့ ပြန်လည်တွဲဖက်ဖို့ အလိုရှိတယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်း ပိုပြီးတောင့်တင်းအတွက် ကန်တီကို အလိုရှိနေပြီး ပြင်သစ်အတွဲဖြစ်တဲ့ ပေါ့ဘာနဲ့ ကန်တီကို အသင်းရဲ့ ကွင်းလယ်မှာ မြင်တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးက အလိုရွိေနတဲ့ ေပါင္ ၅၅ သန္းကို ကန္တီအတြက္ ေပးေခ်ဖို႔ အဆင္သင့္ရွိေနတဲ့ ယူႏိုက္တက္
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကြင္းလယ္လူတစ္ဦးထဲမွာ ပါဝင္ေနတဲ့ ကန္တီကို အသင္းရဲ႕ေျပာင္းလဲမယ့္ ကစား ပံုေၾကာင့္ အံဝင္မႈမရွိဘူးဆိုၿပီး ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ ေရာင္းခ်ေတာ့မယ္လို႔ သတင္းေတြထြက္ေဖာ္ေနခဲ့ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးက ကန္တီရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၅၅ သန္းေလာက္အထိ အလိုရွိေနတာေၾကာင့္ သူကိုေခၚယူခ်င္ တဲ့အသင္းေတြအေနနဲ႔ အခက္ေတြ႕ေနတာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီကိုင္တြယ္ေနတဲ့ အင္တာမီလန္က ကြန္တီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနေပမယ့္ ေငြ ေၾကးအမ်ားအျပား မသံုးစြဲခ်င္ေနတဲ့အခ်ိန္မွာ ယူႏိုက္တက္ကေတာ့ ကန္တီရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၅ သန္းအတြက္ ေပးေခ်ဖို႔ အဆင့္သင့္ရွိတယ္လို႔ ေျပာခဲ့တာပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ ကန္တီကို ပရီးမီးယား လိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဘက္ျဖစ္လာႏိုင္တဲ့ ယူႏိုက္တက္ဆီ ေရာင္းခ်မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါ တယ္။
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ျဖစ္တဲ့ ေအဘရာဗိုဗစ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္သံုးစြဲထားၿပီး ကစား သမားသစ္ေတြ ေခၚယူထားတာေၾကာင့္ အသင္းမွာပိုလွ်ံေနတဲ့ ကစားသမားေတြကို ေရာင္းခ်ဖို႔အတြက္ လုပ္ေဆာင္ေန တယ္လို႔ သိရၿပီး ဒီကစားသမားေတြထဲမွာ ကြင္းလယ္လူ ကန္တီလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလက မွ ခ်ဲလ္ဆီးနဲ႔ သံုးႏွစ္စာခ်ဳပ္ထပ္ၿပီး ခ်ဳပ္ဆိုထားတာေၾကာင့္ ကန္တီအေနနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ေက်ာ္ က်န္ေနေသး တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနည္းျပေဟာင္းျဖစ္တဲ့ ကြန္တီကေတာ့ လက္ရွိေဘာလံုးေလာကရဲ႕ အေကာင္းဆံုးကြင္းလယ္သမားထဲက တစ္ဦး ျဖစ္တဲ့ ကန္တီနဲ႔ ျပန္လည္တြဲဖက္ဖို႔ အလိုရွိတယ္လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း အသင္းရဲ႕ ကြင္းလယ္ပိုင္း ပိုၿပီးေတာင့္တင္းအတြက္ ကန္တီကို အလိုရွိေနၿပီး ျပင္သစ္အတြဲျဖစ္တဲ့ ေပါ့ဘာနဲ႔ ကန္တီကို အသင္းရဲ႕ ကြင္းလယ္မွာ ျမင္ေတြ႕ခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။