လီဗာပူးလ် ကိုပြောင်းရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ပြီး ယခုလက်ရှိ ဘာစီလိုနာမှာ မိသားစု နဲ့ အတူ အားလပ်ရက်ကို ဖြတ်သန်းနေတယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်ကစားသမားရဲ့ ဇနီးဖြစ်သူက သီယာဂို နဲ့ သူတို့ရဲ့ ကလေး (၂) ယောက်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ရဲ့ အသင်းဆီကို ပြောင်းရွှေ့ရန် နီးစပ်နေပြီး နှစ်ဖက်သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။


သို့သော်လည်း လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန် ကျန်နေသေးတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ သီယာဂိုကို ပေါင် ၂၉ သန်း သတ်မှတ်ထားပါတယ်။ဂျာမန်သတင်းစာ များက ဖော်ပြချက်အရ သီယာဂိုဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို နောက်တစ်ပတ်လေ့ကျင့်ရေးကွင်းမှာ သွားရောက်မှာ မဟုတ်ပဲ အနာဂတ်နဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန်ဖြေရှင်းသွားချင်နေတာဖြစ်ပါတယ်။


သီယာဂိုရဲ့ ဘိုင်ယန်မြူးနစ်အသင်းဖော်တွေကတော့ အင်္ဂါနေ့ကတည်းက လေ့ကျင့်ရေးကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဂျာမန်လက်ရွေးစင်အသင်းမှာ ကစားခဲ့ကြတဲ့ ဆူလီ နဲ့ ဆာနေးတို့လည်း လေ့ကျင့်နေပြီလို့ သိရပါတယ်။
သို့သော်လည်း ဘာစီလိုနာကမ်းခြေမှာ အတူ အနားယူနေတဲ့ သီယာဂိုကတော့ ဒီတစ်ပတ်မှာလည်း ရောက်မှာ မဟုတ်ဘူးဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ ဖလစ်ကတော့ ဘာစီလိုနာ ကစားသမားဟောင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်ရှိနေသမျှ ရှိသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

လီဗာပူးလ္ ကိုေျပာင္းရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရသြားၿပီျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို

ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုဟာ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိသြားခဲ့ၿပီး ယခုလက္ရွိ ဘာစီလိုနာမွာ မိသားစု နဲ႔ အတူ အားလပ္ရက္ကို ျဖတ္သန္းေနတယ္လို႔ သိရပါတယ္။ စပိန္လက္ေ႐ြးစင္ကစားသမားရဲ႕ ဇနီးျဖစ္သူက သီယာဂို နဲ႔ သူတို႔ရဲ႕ ကေလး (၂) ေယာက္ပုံကို အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ပါတယ္။
စပိန္လက္ေ႐ြးစင္ကစားသမားဟာ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဆီကို ေျပာင္းေ႐ႊ႕ရန္ နီးစပ္ေနၿပီး ႏွစ္ဖက္သေဘာတူညီမႈ ရသြားၿပီလို႔ သိရပါတယ္။

သို႔ေသာ္လည္း လီဗာပူးလ္ နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းၾကား ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရရန္ က်န္ေနေသးတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ သီယာဂိုကို ေပါင္ ၂၉ သန္း သတ္မွတ္ထားပါတယ္။ဂ်ာမန္သတင္းစာ မ်ားက ေဖာ္ျပခ်က္အရ သီယာဂိုဟာ ဘိုင္ယန္ျမဴးနစ္အသင္းဆီကို ေနာက္တစ္ပတ္ေလ့က်င့္ေရးကြင္းမွာ သြားေရာက္မွာ မဟုတ္ပဲ အနာဂတ္နဲ႔ ပတ္သက္ၿပီး ျမန္ျမန္ဆန္ဆန္ေျဖရွင္းသြားခ်င္ေနတာျဖစ္ပါတယ္။

သီယာဂိုရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းေဖာ္ေတြကေတာ့ အဂၤါေန႔ကတည္းက ေလ့က်င့္ေရးကို ျပန္လည္ေရာက္ရွိေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ဂ်ာမန္လက္ေ႐ြးစင္အသင္းမွာ ကစားခဲ့ၾကတဲ့ ဆူလီ နဲ႔ ဆာေနးတို႔လည္း ေလ့က်င့္ေနၿပီလို႔ သိရပါတယ္။
သို႔ေသာ္လည္း ဘာစီလိုနာကမ္းေျခမွာ အတူ အနားယူေနတဲ့ သီယာဂိုကေတာ့ ဒီတစ္ပတ္မွာလည္း ေရာက္မွာ မဟုတ္ဘူးျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္နည္းျပ ဖလစ္ကေတာ့ ဘာစီလိုနာ ကစားသမားေဟာင္းရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အသင္းမွာ ဆက္ရွိေနသမွ် ရွိေသးတယ္လို႔ ေျပာသြားခဲ့ပါတယ္။