ဒိန်းမတ်ကလပ်မှာ ကစားသမားနည်းပြ အဖြစ်တာဝန်ထမ်းဆောင်မယ့် ချဲလ်ဆီး နဲ့ ဂါနာ ဂန္တဝင်ကစားသမား အက်ဆီယန်

အက်ဆီယန်ဟာ ဒိန်းမတ်ကလပ် နော့စ်ဂျဲလ်လန်း အသင်းမှာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ကစားသမား နည်းပြ တာဝန်ကို ထမ်းဆောင်ရန် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့် (၈) နေရာမှာ ရပ်တည်ခဲ့တဲ့ ဒိန်းမတ်ကလပ်အသင်းကို ပိုကောင်းလာအောင် နည်းပြ ဖလီးမင်းပီဒါဆန်ကို ကူညီရမှာပါ။ ချဲလ်ဆီး နဲ့ ဂါနာကွင်းလယ်ကစားသမားဟောင်းဟာ နည်းပြလောက ကို ဝင်ရောက်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အက်ဆီယန်ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို ကူညီမောင်းနှင်ပြီး အကြံညဏ်ကောင်းတွေကို ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လိုင်ယွန်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ဗီဒီယို နဲ့ စီစစ်မှုလည်း လုပ်သွားပေးမှာဖြစ်ပါတယ်။ အက်ဆီယန်ဟာ ကြာသပတေးနေ့မှာ ဒီတာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ပြီး လူမှုကွန်ယက်မှာ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး ဝမ်းသာကြောင့် ပြောသွားခဲ့ပါတယ်။

“နော့စ်ဂျဲလ်လန်းအသင်းမှာ နည်းပြဝန်ထမ်းအဖြစ် ပါဝင်တာက ကျွန်တော့်ရဲ့ နည်းပြအဖြစ် ခြေလှမ်းတွေကို တိုးတက်မှု ရှိစေမှာပါ။ ကစားသမားတွေကို ကျွန်တော့်တာဝန်ကနေ ကွင်းအတွင်း ကွင်းအပြင်မှာပါ တိုးတက်အောင် ကူညီသွားမှာဖြစ်ပါတယ်” လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။

အက်စီယန်ဟာ ကစားသမားဘဝအစပိုင်းမှာ လိုင်ယွန် နဲ့ ချဲလ်ဆီးအသင်းတို့မှာ ကစားခဲ့ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ပြင်သစ်ကလပ်ကို ၂၀၀၃ ခုနှစ်က ရောက်ရှိခဲ့ပြီး လီဂူး ၁ ဖလားကို ၂၀၀၃-၂၀၀၄ နဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်တို့မှာ ဆက်တိုက် ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

အက်ဆီယန်ရဲ့ စွမ်းဆောင်ရည်တွေကြောင့်သူဟာ ၂၀၀၅ လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့် သူ့ကို ချဲလ်ဆီးအသင်းက သတိထားမိသွားပြီး အဲ့ဒီအချိန်က ချဲလ်ဆီးအသင်းအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၄.၄ သန်းနဲ့ ခေါ်ယူသွားတာဖြစ်ပါတယ်။ အက်စီယန်ဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာ (၉)နှစ်တာ ဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၄) ကြိမ် နဲ့ ၂၀၁၄ ခုနှစ်က မထွက်ခွာမီ ကာရာဘောင်ဖလား (၁) ကြိမ် ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒိန္းမတ္ကလပ္မွာ ကစားသမားနည္းျပ အျဖစ္တာ၀န္ထမ္းေဆာင္မယ့္ ခ်ဲလ္ဆီး နဲ႔ ဂါနာ ဂႏၱ၀င္ကစားသမား အက္ဆီယန္

အက္ဆီယန္ဟာ ဒိန္းမတ္ကလပ္ ေနာ့စ္ဂ်ဲလ္လန္း အသင္းမွာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ကစားသမား နည္းျပ တာ၀န္ကို ထမ္းေဆာင္ရန္ ေျပာင္းေရႊ႕သြားျပီ ျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယား အဆင့္ (၈) ေနရာမွာ ရပ္တည္ခဲ့တဲ့ ဒိန္းမတ္ကလပ္အသင္းကို ပိုေကာင္းလာေအာင္ နည္းျပ ဖလီးမင္းပီဒါဆန္ကို ကူညီရမွာပါ။ ခ်ဲလ္ဆီး နဲ႔ ဂါနာကြင္းလယ္ကစားသမားေဟာင္းဟာ နည္းျပေလာက ကို ၀င္ေရာက္ရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

အက္ဆီယန္ဟာ အသင္းရဲ႕ ေလ့က်င့္ေရးကြငး္မွာ ကစားသမားေတြကို ကူညီေမာင္းႏွင္ျပီး အၾကံညဏ္ေကာင္းေတြကို ေပးသြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ လိုင္ယြန္နဲ႔ ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္းဟာ ေလ့က်င့္ေရးအစီအစဥ္တိုင္းမွာ ဗီဒီယို နဲ႔ စီစစ္မႈလည္း လုပ္သြားေပးမွာျဖစ္ပါတယ္။ အက္ဆီယန္ဟာ ၾကာသပေတးေန႔မွာ ဒီတာ၀န္ကို စတင္ထမ္းေဆာင္မွာျဖစ္ျပီး လူမႈကြန္ယက္မွာ ဒီအခြင့္အေရးနဲ႔ ပတ္သက္ျပီး ၀မ္းသာေၾကာင့္ ေျပာသြားခဲ့ပါတယ္။

“ေနာ့စ္ဂ်ဲလ္လန္းအသင္းမွာ နည္းျပ၀န္ထမ္းအျဖစ္ ပါ၀င္တာက ကၽြန္ေတာ့္ရဲ႕ နည္းျပအျဖစ္ ေျခလွမ္းေတြကို တိုးတက္မႈ ရွိေစမွာပါ။ ကစားသမားေတြကို ကၽြန္ေတာ့္တာ၀န္ကေန ကြင္းအတြင္း ကြင္းအျပင္မွာပါ တိုးတက္ေအာင္ ကူညီသြားမွာျဖစ္ပါတယ္” လို႔ သူက ေျပာသြားတာ ျဖစ္ပါတယ္။

အက္စီယန္ဟာ ကစားသမားဘ၀အစပိုင္းမွာ လိုင္ယြန္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔မွာ ကစားခဲ့ျပီး ဆုဖလားေတြ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာ ျပင္သစ္ကလပ္ကို ၂၀၀၃ ခုႏွစ္က ေရာက္ရွိခဲ့ျပီး လီဂူး ၁ ဖလားကို ၂၀၀၃-၂၀၀၄ နဲ႔ ၂၀၀၄-၂၀၀၅ ခုႏွစ္တုိ႔မွာ ဆက္တိုက္ ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

အက္ဆီယန္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္သူဟာ ၂၀၀၅ လီဂူး ၁ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဒီစြမ္းေဆာင္ရည္ေတြေၾကာင့္ သူ႔ကို ခ်ဲလ္ဆီးအသင္းက သတိထားမိသြားျပီး အဲ့ဒီအခ်ိန္က ခ်ဲလ္ဆီးအသင္းအတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၄.၄ သန္းနဲ႔ ေခၚယူသြားတာျဖစ္ပါတယ္။ အက္စီယန္ဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာ (၉)ႏွစ္တာ ျဖတ္သန္းခဲ့ျပီး ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလား (၂) ၾကိမ္၊ အက္ဖ္ေအဖလား (၄) ၾကိမ္ နဲ႔ ၂၀၁၄ ခုႏွစ္က မထြက္ခြာမီ ကာရာေဘာင္ဖလား (၁) ၾကိမ္ ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။