ဆွမ်ဆီးကို အငှားနဲ့ ထပ်မံ သွားရောက်ကစားရဖွယ်ရှိနေတဲ့ လီဗာပူးလ်ကြယ်ပွင့် ဘရူးစတား

လီဗာပူးလ်တိုက်စစ်ကစားသမား ဘရူးစတားဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ အငှားသွားရောက်ကစားပြီး အောင်မြင်မှု ရခဲ့တဲ့ ဆွမ်းဆီးအသင်းထံ ထပ်ပြီး သွားရောက်ကစားဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နည်းပြ စတိဗ်ကူးပါးရဲ့ အသင်းမှာ အငှားသွားရောက်ကစားပြီးနောက် အသက် ၂၀ အရွယ်ကစားသမားဟာ အင်္ဂလန်မှာ လူစိတ်ဝင်စားခံရတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။

နယူးကာဆယ်၊ အက်စတွန်ဗီလာ နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ဘရူးစတားကို ခေါ်ယူရန် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ထားပေမယ့် ကစားသမားက အလောတကြီး ဆုံးဖြတ်ချက်ချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သို့သော်လည်း ယခုအခါ နယူးကာဆယ် နဲ့ အက်စတွန်ဗီလာအသင်းတို့ (၂) သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်က တိုက်စစ်မှူး အသစ်ကိုယ်စီ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ဘုန်းမောက်အသင်းက ဝီလ်ဆင် ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူထားပြီး အက်စတွန်ဗီလာအသင်းက ဗုဒ္ဓဟူးနေ့က ဘရန့်ဖိုဒ့်အသင်းက ဝက်ကင်စ်ကို ပေါင် ၂၈ သန်းနဲ့ ခေါ်ယူထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှုအာယီကို အငှားနဲ့ ခေါ်ယူရန် သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။ The Telegraph က အဆိုအရ လီဗာပူးလ်အသင်းအကယ်ဒမီနည်းပြ ကူးပါးဟာ ဘရူးစတားနဲ့ ပြန်လည်လက်တွဲမယ်လို့ သိရပါတယ်။ ဆွမ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒုတိယရာသီဝက်မှာ (၂၂) ပွဲကစားပြီး (၁၁) ဂိုးသွင်းခဲ့တဲ့ သူ့ကို နှစ်သက်သဘောကျပြီး ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကလည်း အသက် ၂၀ အရွယ်ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် ဘရူးစတားဟာ ပွဲထွက်ကစားခွင့်ရမယ့်အသင်းကိုပဲ ရွေးချယ်သွားဖွယ်ရှိနေပါတယ်။

ဆြမ္ဆီးကို အငွားနဲ႔ ထပ္မံ သြားေရာက္ကစားရဖြယ္ရွိေနတဲ့ လီဗာပူးလ္ၾကယ္ပြင့္ ဘရူးစတား

လီဗာပူးလ္တိုက္စစ္ကစားသမား ဘရူးစတားဟာ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္မွာ အငွားသြားေရာက္ကစားျပီး ေအာင္ျမင္မႈ ရခဲ့တဲ့ ဆြမ္းဆီးအသင္းထံ ထပ္ျပီး သြားေရာက္ကစားဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ နည္းျပ စတိဗ္ကူးပါးရဲ႕ အသင္းမွာ အငွားသြားေရာက္ကစားျပီးေနာက္ အသက္ ၂၀ အရြယ္ကစားသမားဟာ အဂၤလန္မွာ လူစိတ္၀င္စားခံရတဲ့ လူငယ္ကစားသမားတစ္ေယာက္ျဖစ္လာပါတယ္။

နယူးကာဆယ္၊ အက္စတြန္ဗီလာ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔က ဘရူးစတားကို ေခၚယူရန္ တရား၀င္ ကမ္းလွမ္းမႈေတြ လုပ္ထားေပမယ့္ ကစားသမားက အေလာတၾကီး ဆံုးျဖတ္ခ်က္ခ်သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ သုိ႔ေသာ္လည္း ယခုအခါ နယူးကာဆယ္ နဲ႔ အက္စတြန္ဗီလာအသင္းတို႔ (၂) သင္းစလံုးဟာ ျပီးခဲ့တဲ့အပတ္က တိုက္စစ္မွဴး အသစ္ကိုယ္စီ ေခၚယူထားျပီး ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းဟာ ဘုန္းေမာက္အသင္းက ၀ီလ္ဆင္ ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူထားျပီး အက္စတြန္ဗီလာအသင္းက ဗုဒၶဟူးေန႔က ဘရန္႔ဖိုဒ့္အသင္းက ၀က္ကင္စ္ကို ေပါင္ ၂၈ သန္းနဲ႔ ေခၚယူထားပါတယ္။

ခရစၥတယ္ပဲေလ့စ္အသင္းကလည္း ခ်ဲလ္ဆီးတိုက္စစ္မွဴး ဘတ္ရႈအာယီကို အငွားနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရေတာ့မွာ ျဖစ္ပါတယ္။ The Telegraph က အဆုိအရ လီဗာပူးလ္အသင္းအကယ္ဒမီနည္းျပ ကူးပါးဟာ ဘရူးစတားနဲ႔ ျပန္လည္လက္တြဲမယ္လို႔ သိရပါတယ္။ ဆြမ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ရာသီက ဒုတိယရာသီ၀က္မွာ (၂၂) ပြဲကစားျပီး (၁၁) ဂိုးသြင္းခဲ့တဲ့ သူ႔ကို ႏွစ္သက္သေဘာက်ျပီး ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ ဘရိုက္တန္အသင္းကလည္း အသက္ ၂၀ အရြယ္ကစားသမားကို ေခၚယူရန္ စိတ္၀င္စားေနေပမယ့္ ဘရူးစတားဟာ ပြဲထြက္ကစားခြင့္ရမယ့္အသင္းကိုပဲ ေရြးခ်ယ္သြားဖြယ္ရွိေနပါတယ္။