အသင်းခေါင်းဆောင် အူဘာမီယန်ကို တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းခွဲနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကို ရက်ပိုင်းအ တွင်း ကြေငြာမယ်လို့ သိရ

အာဆင်နယ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်ကို တစ်ပတ်လုပ်ခ လစာပေါင် နှစ်သိန်းခွဲနဲ့ သုံးနှစ်စာချုပ်ချုပ်ဆို နိုင်ခဲ့တာကို ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာမယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အူဘာမီယန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းဟာ အူဘာမီယန်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာကို ဖူလ်ဟမ်နဲ့ကစားမယ့်ပွဲမတိုင်ခင်မှာ ကြေငြာမှာဖြစ် ပြီး တစ်ပတ်လုပ်ခလစာပေါင် နှစ်သိန်းခွဲရရှိမယ့် အူဘာမီယန်အနေနဲ့လည်း အိုဇေးလ်ပြီးနောက်မှာ အာဆင်နယ်မှာ ဒုတိယ လစာအများဆုံးရတဲ့ ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ ကွင်းလယ်ကစားသမား အိုဇေးလ်ကတစ်ပတ် လုပ်ခပေါင် သုံးသိန်းခွဲနဲ့ လစာအများဆုံးရရှိနေတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်နဲ့ ဆက်စပ်တဲ့အခြားသတင်းတစ်ပုဒ်မှာတော့ တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ သူရဲ့အနာဂတ်နဲ့ ပတ် သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ လာကာဇက်တီဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ် နေသူဖြစ်ပြီး သူကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်နဲ့ အက်သလက်တီကို တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လာကာ ဇက်တီဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးသူလည်း ဖြစ်ပါတယ်။


ဘောလုံးရာသီသစ်စတင်တော့မှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ဈေးကွက်မပိတ်သေးတာကြောင့် အာဆင်နယ်အနေနဲ့ က စားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ ရှိနေပြီး လိုင်ယွန်က အော်ယူအာ၊ အက်သလက်တီကို ပါတေးနဲ့ ပီအက်စ်ဂျီက ဒရက်စ်လာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အော်ယူအာ ၊ ပါတေးတို့ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် သက်ဆိုင် ရာအသင်းတွေရဲ့ ပယ်ချခြင်းကို ခံခဲ့ရတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

zawgyi version

အသင္းေခါင္းေဆာင္ အူဘာမီယန္ကို တစ္ပတ္လုပ္ခလစာ ေပါင္ ႏွစ္သိန္းခြဲနဲ႔ သံုးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာကို ရက္ပိုင္းအ တြင္း ေၾကျငာမယ္လို႔ သိရ
အာဆင္နယ္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကန္႔ၾကာေနခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္ကို တစ္ပတ္လုပ္ခ လစာေပါင္ ႏွစ္သိန္းခြဲနဲ႔ သံုးႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ႏိုင္ခဲ့တာကို ရက္ပိုင္းအတြင္း ထုတ္ျပန္ေၾကျငာမယ္လို႔ သိရပါတယ္။ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ အူဘာမီယန္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးခဲ့ၿပီျဖစ္ေပမယ့္ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုရေသးတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ အူဘာမီယန္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တာကို ဖူလ္ဟမ္နဲ႔ကစားမယ့္ပြဲမတိုင္ခင္မွာ ေၾကျငာမွာျဖစ္ ၿပီး တစ္ပတ္လုပ္ခလစာေပါင္ ႏွစ္သိန္းခြဲရရွိမယ့္ အူဘာမီယန္အေနနဲ႔လည္း အိုေဇးလ္ၿပီးေနာက္မွာ အာဆင္နယ္မွာ ဒုတိယ လစာအမ်ားဆံုးရတဲ့ ကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။ အာဆင္နယ္မွာ ကြင္းလယ္ကစားသမား အိုေဇးလ္ကတစ္ပတ္ လုပ္ခေပါင္ သံုးသိန္းခြဲနဲ႔ လစာအမ်ားဆံုးရရွိေနတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ဆက္စပ္တဲ့အျခားသတင္းတစ္ပုဒ္မွာေတာ့ တိုက္စစ္မွဴး လာကာဇက္တီအေနနဲ႔ သူရဲ႕အနာဂတ္နဲ႔ ပတ္ သက္ၿပီး ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ လာကာဇက္တီဟာ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚ ေနသူျဖစ္ၿပီး သူကိုေခၚယူဖို႔အတြက္ ဂ်ဴဗင္တပ္နဲ႔ အက္သလက္တီကို တို႔က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ လာကာ ဇက္တီဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္ က်န္ေနေသးသူလည္း ျဖစ္ပါတယ္။
ေဘာလံုးရာသီသစ္စတင္ေတာ့မွာ ျဖစ္ေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ေသးတာေၾကာင့္ အာဆင္နယ္အေနနဲ႔ က စားသမားေခၚယူမႈေတြျပဳလုပ္ဖို႔ ရွိေနၿပီး လိုင္ယြန္က ေအာ္ယူအာ၊ အက္သလက္တီကို ပါေတးနဲ႔ ပီအက္စ္ဂ်ီက ဒရက္စ္လာ တို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ေအာ္ယူအာ ၊ ပါေတးတို႔ကို ေခၚယူဖို႔ ဆက္သြယ္ခဲ့ေပမယ့္ သက္ဆိုင္ ရာအသင္းေတြရဲ႕ ပယ္ခ်ျခင္းကို ခံခဲ့ရတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။