ပြီးခဲ့တဲ့ရာသီက အမှားတွေလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ကစားသမားသစ်တွေကို ကြိုဆိုတယ်လို့ ပြောခဲ့တဲ့ ဒီဘရူနီ

ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရခဲ့သလို PFA ရဲ့ အကောင်းဆုံး ကစား သမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရတဲ့ ဒီဘရူနီက မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အမှားတွေပြုလုပ်ခဲ့ကြောင်း ပြောခဲ့ပြီး လာမယ့်ရာသီအတွက် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို ကြိုဆိုကြောင်း လည်း ပြောခဲ့ပါတယ်။


မန်စီးတီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ဗလင်စီယာက ဖာရန်တောရက်စ်နဲ့ ဘုန်းမောက်က နသန်အကီတို့ကို ခေါ်ယူ ထားပြီး ကစားသမားသစ်တွေ ထပ်ခေါ်ဖို့အတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်ခဲ့နိုင်သလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်နဲ့ ချန်ပီယံလိဂ်မှာလည်း လိုင်ယွန်ကိုရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။


မန်စီးတီးအသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေတဆင့် ဒီဘရူနီက “ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်စီးတီးအနေနဲ့ အမှား တွေလုပ်ခဲ့မိတာကြောင့် လီဗာပူးနဲ့ အမှတ်အများကြီး ကွာဟခဲ့ပါတယ်။ အမှားတွေလုပ်ခဲ့မိပြီး ဒီအမှားတွေကပဲ ချန်ပီယံဆု တွေနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ နည်းပြဂွါဒီယိုလာကလည်း အသင်းကို အကောင်းဆုံးပြန်လည် တည်ဆောက်သွားဖို့ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ နသန်အကီ၊ ဖာရန်တောရက်စ်တို့နဲ့ ပတ်သက်ပြီးတော့လည်း ဒီဘရူနီက “ နသန်အကီက ဘုန်းမောက်ရဲ့အဓိက,ကစားသမားတစ်ဦးပါ။သူနဲ့ ရင်းနှီးတဲ့ဆက်ဆံမှုရှိပြီး သူရဲ့အိမ်ကိုတောင် ကျွန်တော် ရောက်ဖူးပါတယ်။ မန်စီးတီးမှာလည်း သူအကောင်းဆုံးကစားနိုင်မှာပါ။ ဖာရန်တောရက်စ်ရဲ့ ကစားပုံကိုတော့ ရိုးရိုးသား သား ပြောရရင် တစ်ခါမှ မကြည့်ဖူးပါဘူး။ ဒါပေမယ့် သူအနေနဲ့လည်း အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

ၿပီးခဲ့တဲ့ရာသီက အမွားေတြလုပ္ခဲ့တယ္လို႔ ဝန္ခံခဲ့ၿပီး ကစားသမားသစ္ေတြကို ႀကိဳဆိုတယ္လို႔ ေျပာခဲ့တဲ့ ဒီဘ႐ူနီ
ၿပီးခဲ့တဲ့ေဘာလံုးရာသီက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရခဲ့သလို PFA ရဲ႕ အေကာင္းဆံုး ကစား သမားအျဖစ္လည္း ေရြးခ်ယ္ခံခဲ့ရတဲ့ ဒီဘ႐ူနီက မန္စီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက အမွားေတြျပဳလုပ္ခဲ့ေၾကာင္း ေျပာခဲ့ၿပီး လာမယ့္ရာသီအတြက္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ ကစားသမားသစ္ေတြကို ႀကိဳဆိုေၾကာင္း လည္း ေျပာခဲ့ပါတယ္။
မန္စီးတီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဗလင္စီယာက ဖာရန္ေတာရက္စ္နဲ႔ ဘုန္းေမာက္က နသန္အကီတို႔ကို ေခၚယူ ထားၿပီး ကစားသမားသစ္ေတြ ထပ္ေခၚဖို႔အတြက္ လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မကာကြယ္ခဲ့ႏိုင္သလို အက္ဖ္ေအဖလားမွာလည္း ဆီမီးဖိုင္နယ္နဲ႔ ခ်န္ပီယံလိဂ္မွာလည္း လိုင္ယြန္ကိုရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာ ျဖစ္ပါတယ္။
မန္စီးတီးအသင္းရဲ႕ ဝက္ဘ္ဆိုဒ္ကေနတဆင့္ ဒီဘ႐ူနီက “ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ မန္စီးတီးအေနနဲ႔ အမွား ေတြလုပ္ခဲ့မိတာေၾကာင့္ လီဗာပူးနဲ႔ အမွတ္အမ်ားႀကီး ကြာဟခဲ့ပါတယ္။ အမွားေတြလုပ္ခဲ့မိၿပီး ဒီအမွားေတြကပဲ ခ်န္ပီယံဆု ေတြနဲ႔ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ရာသီမွာေတာ့ နည္းျပဂြါဒီယိုလာကလည္း အသင္းကို အေကာင္းဆံုးျပန္လည္ တည္ေဆာက္သြားဖို႔ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ နသန္အကီ၊ ဖာရန္ေတာရက္စ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဒီဘ႐ူနီက “ နသန္အကီက ဘုန္းေမာက္ရဲ႕အဓိက,ကစားသမားတစ္ဦးပါ။သူနဲ႔ ရင္းႏွီးတဲ့ဆက္ဆံမႈရွိၿပီး သူရဲ႕အိမ္ကိုေတာင္ ကြ်န္ေတာ္ ေရာက္ဖူးပါတယ္။ မန္စီးတီးမွာလည္း သူအေကာင္းဆံုးကစားႏိုင္မွာပါ။ ဖာရန္ေတာရက္စ္ရဲ႕ ကစားပံုကိုေတာ့ ႐ိုး႐ိုးသား သား ေျပာရရင္ တစ္ခါမွ မၾကည့္ဖူးပါဘူး။ ဒါေပမယ့္ သူအေနနဲ႔လည္း အေကာင္းဆံုးေျခစြမ္းျပႏိုင္မယ္လို႔ ယံုၾကည္ပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။