လိုင်ယွန်က အော်ယူအာ ခေါ်ယူဖို့အတွက် ဆရာ၊တပည့် နှစ်ယောက် အပြိုင်ဖြစ်နေတဲ့ ဂွါဒီယိုလာနဲ့ အာတီတာ

ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ အော်ယူ အာကို ခေါ်ယူဖို့အတွက် အာဆင်နယ်က အစောပိုင်းကတည်းက ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် မန်စီးတီးကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ မန်စီးတီးမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဂွါဒီယိုလာနဲ့ အာတီတာတို့ ဆရာတပည့်နှစ် ယောက်အနေနဲ့ ကစားသမားတစ်ယောက်အတွက် ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့ပါတယ်။


The Mirror သတင်းစာရဲ့ဖော်ပြချက်အရ အသက် ၂၂ နှစ်သာရှိသေးတဲ့ အော်ယူအာအတွက် ဂွါဒီယိုလာရဲ့ မန်စီးတီးက လည်း စိတ်ဝင်စားမှုှရှိလာတာကြောင့် လိုင်ယွန်ဟာ အာဆင်နယ်ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းနဲ့အတူ ကွင်းလယ်လူ ဂွမ်ဒူဇီကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုပြီး ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။အော်ယူအာ ဟာ လိုင်ယွန်အကယ်ဒမီက ပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၃၇ ပွဲအထိ ကစားပေးခဲ့သူ လည်း ဖြစ်ပါတယ်။


လိုင်ယွန်အသင်းအားကစားဒါရိုက်တာ ဂျူနင်ဟိုက “ အာဆင်နယ်အသင်းဒါရိုက်တာ အီဒူးနဲ့ အော်ယူအာရဲ့ အပြောင်းအ ရွှေ့အတွက် ဖုန်းနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဂွမ်ဒူဇီကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုပြီး ကမ်း လှမ်းတာကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။ အခုချိန်မှာ ဂွါဒီယိုလာရဲ့ မန်စီးတီးကလည်း အော်ယူအာ ကိုခေါ်ယူဖို့ စိတ်ဝင် စားလာတယ်လို့ သိရပေမယ့် တရားဝင်ဆက်သွယ်လာတာတော့ မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။


မီဒီယာတွေကတော့ အော်ယူအာအနေနဲ့ အာတီတာကိုင်တွယ်နေတဲ့ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုရင်တော့ ပွဲထွက် ကစားခွင့်နေရာအတွက် သေချာသလောက်ရှိနေပြီး မန်စီးတီးကို ပြောင်းရွှေ့မယ်ဆိုရင်တော့ ဒီဘရူနီနဲ့ ဘာနာဒိုဆေးလ် ဗားတို့ ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် မသေချာဘူးလို့ ဖော်ပြခဲ့ကြပြီး မန်စီးတီးမှာ ကစားတာထက် အာဆင် နယ်မှာ ကစားတာထက် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးပိုများတယ်ဆိုပြီးလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။

zawgyi version

လိုင္ယြန္က ေအာ္ယူအာ ေခၚယူဖို႔အတြက္ ဆရာ၊တပည့္ ႏွစ္ေယာက္ အၿပိဳင္ျဖစ္ေနတဲ့ ဂြါဒီယိုလာနဲ႔ အာတီတာ
ၿပီးခဲ့တဲ့ရာသီက လိုင္ယြန္အသင္းမွာ ေျခစြမ္းျပခဲ့တာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ေအာ္ယူ အာကို ေခၚယူဖို႔အတြက္ အာဆင္နယ္က အေစာပိုင္းကတည္းက ႀကိဳးပမ္းမႈေတြရွိခဲ့ေပမယ့္ မန္စီးတီးကလည္း ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။ မန္စီးတီးမွာ အတူလက္တြဲခဲ့ဖူးတဲ့ ဂြါဒီယိုလာနဲ႔ အာတီတာတို႔ ဆရာတပည့္ႏွစ္ ေယာက္အေနနဲ႔ ကစားသမားတစ္ေယာက္အတြက္ ယွဥ္ၿပိဳင္ရဖြယ္ရွိေနတယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ေအာ္ယူအာအတြက္ ဂြါဒီယိုလာရဲ႕ မန္စီးတီးက လည္း စိတ္ဝင္စားမႈွရွိလာတာေၾကာင့္ လိုင္ယြန္ဟာ အာဆင္နယ္ရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၄ သန္းနဲ႔အတူ ကြင္းလယ္လူ ဂြမ္ဒူဇီကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး ကမ္းလွမ္းခ်က္ကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ေအာ္ယူအာ ဟာ လိုင္ယြန္အကယ္ဒမီက ေပၚထြက္လာတဲ့ကစားသမားျဖစ္ၿပီး အသင္းအတြက္ ပဲြေပါင္း ၁၃၇ ပြဲအထိ ကစားေပးခဲ့သူ လည္း ျဖစ္ပါတယ္။
လိုင္ယြန္အသင္းအားကစားဒါ႐ိုက္တာ ဂ်ဴနင္ဟိုက “ အာဆင္နယ္အသင္းဒါ႐ိုက္တာ အီဒူးနဲ႔ ေအာ္ယူအာရဲ႕ အေျပာင္းအ ေရႊ႕အတြက္ ဖုန္းနဲ႔စကားေျပာျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ ဂြမ္ဒူဇီကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး ကမ္း လွမ္းတာကိုေတာ့ လက္ခံမွာ မဟုတ္ပါဘူး။ အခုခ်ိန္မွာ ဂြါဒီယိုလာရဲ႕ မန္စီးတီးကလည္း ေအာ္ယူအာ ကိုေခၚယူဖို႔ စိတ္ဝင္ စားလာတယ္လို႔ သိရေပမယ့္ တရားဝင္ဆက္သြယ္လာတာေတာ့ မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
မီဒီယာေတြကေတာ့ ေအာ္ယူအာအေနနဲ႔ အာတီတာကိုင္တြယ္ေနတဲ့ အာဆင္နယ္ကို ေျပာင္းေရႊ႕မယ္ဆိုရင္ေတာ့ ပြဲထြက္ ကစားခြင့္ေနရာအတြက္ ေသခ်ာသေလာက္ရွိေနၿပီး မန္စီးတီးကို ေျပာင္းေရႊ႕မယ္ဆိုရင္ေတာ့ ဒီဘ႐ူနီနဲ႔ ဘာနာဒိုေဆးလ္ ဗားတို႔ ရွိေနတာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ မေသခ်ာဘူးလို႔ ေဖာ္ျပခဲ့ၾကၿပီး မန္စီးတီးမွာ ကစားတာထက္ အာဆင္ နယ္မွာ ကစားတာထက္ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးပိုမ်ားတယ္ဆိုၿပီးလည္း ေရးသားေဖာ္ျပခဲ့ၾကပါတယ္။