ဘဏ္ဍရေးမျှခြေစည်းမျဉ်းကို လေးစားတာကြောင့် မက်ဆီကို စပါးအနေနဲ့ ဝယ်ယူမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ မော်ရင် ဟို

ဘာစီလိုနာက ထွက်ဖို့ တောင်းဆိုထားတဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းရဲ့လုပ်ဆောင်မှုကို စပါးနည်းပြ မော်ရင်ဟို က ဝေဖန်ခဲ့ပြီး ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတွေကို လေးစားတဲ့အနေနဲ့ စပါးအသင်းက မက်ဆီကို ခေါ်ယူမှာ မ ဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မန်စီးတီးဟာ မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရိုသန်း ၇၀၀ ကို ပေးချေပြီး ခေါ်ယူဖို့ အတွက် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။


မက်ဆီနဲ့ မန်စီးတီးတို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရခဲ့တယ်လို့ သတင်းတွေထွက် ပေါ်ခဲ့ပြီး မန်စီးတီးအသင်းပိုင်ရှင်တွေပါဝင်တဲ့ CFG (City Football Group) က ငွေကြေးစိုက်ထုတ်ပြီး ခေါ်ယူဖို့လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မက်ဆီဟာ ဘာစီလိုနာမှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်သွားခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းတွေက ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုဟာ မန်စီးတီးရဲ့ ဥရောပပွဲပယ် လွတ်မြောက်လာတုန်းကလည်း ဝေဖန်မှုတွေရှိခဲ့ဖူးပြီး အားကစား ဆိုင်ရာခုံရုံး (CAS) အနေနဲ့ တရားမျှတမှုမရှိဘူးလို့ ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုက မန်စီးတီးမှာ အပြစ် မရှိဘူးဆိုရင် CAS အနေနဲ့ ပေါင် ၁၀ သန်းပေးဆောင်ရမယ် ဆိုတဲ့ ပြစ်ဒဏ်မျိုး မချမှတ်သင့်ပါဘူးလို့ လူသိရှင်ကြား ပြော ဆိုခဲ့တာပဲ ဖြစ်ပါတယ်။


သတင်းဌာန တစ်ခုဖြစ်တဲ့ JOE ရဲ့မေးမြန်းမှုကိုတော့ မော်ရင်ဟိုက “ ကျွန်တော်ရဲ့ အကောင်းဆုံး ၁၁ ယောက်အသင်း အတွက်ဆိုရင်တော့ မက်ဆီကို ခေါ်ပါမယ်။ စပါးအတွက်ဆိုရင်တော့ မက်ဆီကို မခေါ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စပါးက ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို လိုက်နာတဲ့အသင်းမို့လို့ပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ စပါးဟာ နွေရာသီအပြောင်းအရွှေ့မှာ ဟော့စ်ဘတ်၊ ဂျိုးဟတ်နဲ့ ဒိုဟာတီ တို့ကို ခေါ်ယူထားတာ ဖြစ်ပါတယ်။

zawgyi version

ဘ႑ေရးမွ်ေျခစည္းမ်ဥ္းကို ေလးစားတာေၾကာင့္ မက္ဆီကို စပါးအေနနဲ႔ ဝယ္ယူမွာ မဟုတ္ဘူးလို႔ ေျပာလိုက္တဲ့ ေမာ္ရင္ ဟို
ဘာစီလိုနာက ထြက္ဖို႔ ေတာင္းဆိုထားတဲ့ မက္ဆီကို ေခၚယူဖို႔အတြက္ မန္စီးတီးအသင္းရဲ႕လုပ္ေဆာင္မႈကို စပါးနည္းျပ ေမာ္ရင္ဟို က ေဝဖန္ခဲ့ၿပီး ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းေတြကို ေလးစားတဲ့အေနနဲ႔ စပါးအသင္းက မက္ဆီကို ေခၚယူမွာ မ ဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးဟာ မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ယူ႐ိုသန္း ၇၀၀ ကို ေပးေခ်ၿပီး ေခၚယူဖို႔ အတြက္ လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။
မက္ဆီနဲ႔ မန္စီးတီးတို႔ဟာ အေျပာင္းအေရႊ႕အတြက္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ရခဲ့တယ္လို႔ သတင္းေတြထြက္ ေပၚခဲ့ၿပီး မန္စီးတီးအသင္းပိုင္ရွင္ေတြပါဝင္တဲ့ CFG (City Football Group) က ေငြေၾကးစိုက္ထုတ္ၿပီး ေခၚယူဖို႔လုပ္ေဆာင္ ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ မက္ဆီဟာ ဘာစီလိုနာမွာပဲ ဆက္ေနသြားဖို႔ ဆံုးျဖတ္သြားခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕သတင္းေတြက ၿပီးဆံုးသြားခဲ့တာ ျဖစ္ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုဟာ မန္စီးတီးရဲ႕ ဥေရာပပြဲပယ္ လြတ္ေျမာက္လာတုန္းကလည္း ေဝဖန္မႈေတြရွိခဲ့ဖူးၿပီး အားကစား ဆိုင္ရာခံုရံုး (CAS) အေနနဲ႔ တရားမွ်တမႈမရွိဘူးလို႔ ေဝဖန္ခဲ့တာလည္း ျဖစ္ပါတယ္။ ေမာ္ရင္ဟိုက မန္စီးတီးမွာ အျပစ္ မရွိဘူးဆိုရင္ CAS အေနနဲ႔ ေပါင္ ၁၀ သန္းေပးေဆာင္ရမယ္ ဆိုတဲ့ ျပစ္ဒဏ္မ်ိဳး မခ်မွတ္သင့္ပါဘူးလို႔ လူသိရွင္ၾကား ေျပာ ဆိုခဲ့တာပဲ ျဖစ္ပါတယ္။
သတင္းဌာန တစ္ခုျဖစ္တဲ့ JOE ရဲ႕ေမးျမန္းမႈကိုေတာ့ ေမာ္ရင္ဟိုက “ ကြ်န္ေတာ္ရဲ႕ အေကာင္းဆံုး ၁၁ ေယာက္အသင္း အတြက္ဆိုရင္ေတာ့ မက္ဆီကို ေခၚပါမယ္။ စပါးအတြက္ဆိုရင္ေတာ့ မက္ဆီကို မေခၚပါဘူး။ ဘာေၾကာင့္လဲဆိုရင္ စပါးက ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းကို လိုက္နာတဲ့အသင္းမို႔လို႔ပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ စပါးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဟာ့စ္ဘတ္၊ ဂ်ိဳးဟတ္နဲ႔ ဒိုဟာတီ တို႔ကို ေခၚယူထားတာ ျဖစ္ပါတယ္။